-->
×

Warning

JUser: :_load: Unable to load user with ID: 29


စျေးကွက် မြှင့်တင်ရေးနဲ့ ပီ လေးလုံး

စျေးကွက် မြှင့်တင်ရေး ရဲ့ 4 p ဆိုတာ Product ( ပစ္စည်း ) , Price ( နှုန်းထား ), Place ( နေရာ )နှင့် Promotion ( အရောင်းမြှင့်တင်ရေး ) ကိုဆိုလိုခြင်းဖြစ်ပါတယ်။Product ( ပစ္စည်း ) မှာ Brand ( ကုန်အမှတ်တံဆိပ် ) , Service ( ဝန်ဆောင်မူ့ )နဲ့ Packaging ( ထုတ်ပိုးမှု့ပုံစံ )စတာတွေပါဝင်ပါတယ်။

 

Price ( နှုန်းထား )မှာ Discount ( လျော့စျေး ), Offer Price ( ခေါ်စျေး ) နဲ့ Credit Policy ( အကြွေးနည်းလမ်း ) စတာတို့ပါဝင်ပါတယ်။Place ( နေရာ ) မှာ Market ( စျေးကွက် ) , Channel ( လမ်းကြောင်း )နဲ့ Distribution ( ဖြန့်ချီခြင်း )တို့ပါဝင်ပါတယ်။Promotion ( အရောင်းမြှင့်တင်ခြင်း ) မှာ Advertising (ကြော်ငြာ ) နဲ့ Sales promotion (ထက်လောင်း အရောင်းမြှင့်တင်ရေး ) စတာတွေပါဝင်ပါတယ်။

 

Product ဆိုတာ ဥပမာ ပြောရရင် သင့် ပစ္စည်း ပဲထားပါတော့ (သင့်ထုတ်ကုန်ပေါ့ )သင်က ကာလအတန်ကြာစျေးကွက် ရှိနေမယ် စားသုံးသူတွေရဲ့ ယုံကြည်မှု ရရှိပြီးသားဖြစ်မယ်ဆို ဒါက Brand တစ်ခု တည်ထောင်နိုင်ခြင်းပဲ ထိုသို့ Brand Building အပိုင်းလာပြီဆို သင့်အနေနဲ့ ဝန်ဆောင်မှုကလည်း ကောင်းရမယ် ပြီးတော့ ထုတ်ပိုးမှုပုံစံကလည်း ဆွဲဆောင်မှု့ရှိနေရမယ် ဆိုပါတော့။

 

Price မှာကျ သင်က ဘယ်လောက်စျေးလျော့ထားလဲ လူတွေက အင်မတန်မှ စိတ်ဝင်စားတာ ဥပမာ ၂၅ ကျပ်တန် ပစ္စည်း တစ်ခု ၂၇ ကျပ်နဲ့ ရောင်းမယ် စျေးတန်တန်လေးနဲ့ ပေါ့ သေချာတယ် ဘယ်သူမှ မဝယ်ဘူး တကယ်ပြောတာ မယုံ ထို ပစ္စည်း ဒေါ်လာ ၁၀၀ ကို ၂၇ ကျပ်လျော့ပေးပါတယ်ပြောရောင်းလူတွေကြိမ်းသေပေါက်လာဝယ်ကြလိမ့်မယ် ဒါအရောင်းနဲ့ ပတ်သက် လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကိစ္စ တစ်ရပ်ပဲ။သည့်အပြင် အကြွေးဖြင့် ရဦး နောက်မှ ပေးရမှာ ဖြစ်လည်းပဲ အလုအယက်လာဝယ်ကြပါလိမ့်မယ်။

 

Place မှာ ကျ သင်က ဘယ်ရောင်းမှာလဲ စျေးကွက်ကို ဘယ်လိုထိန်းချုပ်မလဲက ပါလာပြီ သင်က Savile Row လို အလယ်အလတ် တန်းစား Brand ကို သာမန်အောက်ခြေလူတန်းစား / လူငယ်တွေအဝတ်အစား ဝယ်တဲ့ နေရာမှာဖြန့်ရင် သင်ရောင်းကောင်းနိုင်ပါ့မလား တကယ်တော့ မရောင်းကောင်းနိုင်ပါဘူး သင်နဲ့ nature မတူတဲ့ ခပ်ပေါပေါ Competitor တွေ အဝတ်တစ်ထည်ကို သင်က ၆ သောင်းရောင်းရင်သူက ၆ ထောင်ရောင်းမယ် အဲ့နေရာကို ၆ ထောင်တက်နိုင်တဲ့ လူတန်းစားပဲလာမယ် သင်ဘာတတ်နိုင်မလဲ ဒီတော့ နေရာ , လမ်းကြောင်း ဖြန့်ချိတဲ့နေရာကလည်း အရေးပါပြန်ရော။

 

Promotion မှာကျ စားသုံးသူတွေရဲ့စိတ်က ဆန်းကျယ်တယ်သူများက ကောင်းတယ် ၊ တန်တယ်ဆို သူတို့ သဘောကျ တယ် ဘာလို့ဆို ထို ပစ္စည်း ရဲ့ Brand ကို သူတို့ အနေနဲ့ စိတ်ထဲက ရိပ်မိနေယုံနဲ့တင် Purchase လုပ်တဲ့သူတောင်ရှိတယ် ဒါက Brand လွမ်းမိုးမှုပေါ့ ဒီတော့ကား သင်က Brand လွမ်းမိုးနေဖို့ လူတွေ စိတ်ထဲမှာ ရှိဖို့ သင်ကြော်ငြာမယ် နည်းလမ်းမျိုးစုံနဲ့ပေါ့ တကယ်တန်းမှာ မားကတ်တင်းရဲ့ 4 p က လုံးဝရိုးရှင်းပါတယ် သိထားသလောက်လေးပြန်လည်မျှဝေခြင်းပါ။

 

 

Ref : Purely Branded

 

ShinMin 

Read times
Rate this item
(0 votes)