-->
×

Warning

JUser: :_load: Unable to load user with ID: 29


လူေျပာမ်ားလာတဲ့ Blue Ocean Strategy ဆိုတာဘာလဲ?

လူေျပာမ်ားလာတဲ့ Blue Ocean Strategy ဆိုတာဘာလဲ? google.com

Blue Ocean Strategy ကို ပင္လယ္ျပာဗ်ဴဟာလုိ႔ ျမန္မာမႈျပဳႏုိင္ပါတယ္။ ေစ်းကြက္မွာ အခ်င္းခ်င္းယွဥ္ျပိဳင္မႈ သိပ္မ်ားျပီး တုိက္ခုိက္ေနမယ့္အစား ေအးေအးေဆးေဆး ယွဥ္ျပိဳင္တဲ့ပံုစံလုိ႔ ဆိုလုိတာျဖစ္ပါတယ္။

လူတိုင္းကေတာ့ စီးပြားေရးလုပ္ကိုင္ရာမွာ ဘယ္သူမွမထုတ္ဖူးတဲ့၊ ဘယ္သူမွမလုပ္ဖူးတဲ့ ထုတ္ကုန္မ်ိဳး လုပ္ငန္းမ်ိဳးကိုလုပ္ျပီး သူမ်ားထက္အရင္ဦးခ်င္တယ္။  ေအာင္ျမင္ခ်င္ၾကတယ္။  ဒါေပမယ့္ ဒီလုိျဖစ္ဖို႔ ေျပာသေလာက္မလြယ္ပါဘူး။ အေျဖတစ္ခုအေနနဲ႔မဟုတ္ပဲ ပိုေကာင္းတဲ့နည္းလမ္းတစ္ခုအျဖစ္ W. Chan Kim နဲ႔ Renee Manuborgne တို႔က Idea တစ္ခုကို ေဖာ္ထုတ္ခဲ့ၾကပါတယ္။

အဲ့ဒါကေတာ့ ကုမၸဏီေတြအေနနဲ႔ ပင္လယ္ျပင္ထဲမွာ ေသြးသံရဲရဲ (Red Ocean) အျပိဳင္အဆိုင္လုပ္ေနၾကသလုိ ရုန္းကန္လႈပ္ရွား ေနဖုိ႔ မလုိပဲ ေအးျငိမ္းသာယာတဲ့ ပင္လယ္ျပာ (Blue Ocean) ထဲမွာ ရပ္တည္လႈပ္ရွားႏုိင္ဖုိ႔ သူတို႔ကအဆိုျပဳပါတယ္။

သူမ်ားကို ျပိဳင္ဖုိ႔မလုိ

ကုမၸဏီတစ္ခုရဲ႕ စီးပြားေရးမဟာဗ်ဴဟာက အျခားလုပ္ငန္းရဲ႕ စံကိုမီဖို႔ ၾကိဳးစားအမီလုိက္ေနရတာဆိုရင္ မိမိကိုယ္တုိင္ ဆံုးရွံဳးေနတာပဲလုိ႔ စဥ္းစားႏုိင္ပါတယ္။ သူမ်ားထက္သာေအာင္လုပ္ေနတယ္၊ သူမ်ားကို  ျပိဳင္ေနတယ္ဆိုတာ ကိုယ့္မွာ သူမ်ားထက္ထူးဆန္းတာ ဘာမွမရွိဘူးဆိုတာကို ျပတာပဲလုိ႔ ဒီ Idea က ဆိုထားပါတယ္။

ဒီ Strategy မွာ သူမ်ားနဲ႔မတူတဲ့ ထုတ္ကုန္ကို ထုတ္လုပ္ဖို႔၊ ဒါမွမဟုတ္ ကုန္ထုတ္လုပ္တဲ့ စရိတ္ကို ေလွ်ာ့ခ်ဖုိ႔ ေရြးခ်ယ္တာမ်ိဳးသာမဟုတ္ပဲ ဒီႏွစ္ခ်က္လံုးကို ျပိဳင္တူလုပ္ေဆာင္တာျဖစ္ပါတယ္။

ပင္လယ္နီနဲ႔ ပင္လယ္ျပာ

ပင္လယ္နီထဲမွာ ကူးခတ္ေနတာဆိုရင္ အျခားသူတစ္ဦး၊ ျပိဳင္ဘက္တစ္ဦးကို အႏုိင္ရေအာင္လုပ္ေနတဲ့၊ အႏုိင္ရခ်င္တဲ့ကန္႔သတ္မႈနဲ႔ပဲ က်ဥ္းေျမာင္းတဲ့နယ္ပယ္ထဲမွာပဲ တိုက္ခုိက္ေနတာျဖစ္လိမ့္မယ္။

ပင္လယ္ျပာဆိုတာကေတာ့ တစ္ျခားသူေတြလည္းမသိေသးတဲ့ နယ္ေျမသစ္မွာ လႈပ္ရွားရမွာပါ။

ဆန္းသစ္တဲ့ဗ်ဴဟာနဲ႔ တန္ဖိုးကိုတိုးတက္ေစျခင္း

အထက္မွာ ေဖာ္ျပခဲ့တဲ့ ပညာရွင္ႏွစ္ေယာက္ဟာ Blue Ocean Strategy ဆိုတဲ့စာအုပ္ကို 2004 ခုႏွစ္မွာ ထုတ္ေဝခဲ့ပါတယ္။ Blue Ocean Strategy ကို Value Innovation လုိ႔လည္း ညႊန္းဆုိသံုးစြဲပါတယ္။ ဝယ္သူအတြက္ေရာ၊ ကုမၸဏီအတြက္ပါ ဆန္းသစ္တဲ့ဗ်ဴဟာနဲ႔ တန္ဖိုးကို အဆတိုးေစတာျဖစ္ပါတယ္။ တုဖက္ျပိဳင္ဆိုင္လုပ္ေနတာမဟုတ္ပဲ ဆန္းသစ္တီထြင္ျပီး လုပ္တာကို ဆိုလုိပါတယ္။

အဓိကလုပ္ရမယ့္ လုပ္ငန္းေတြ

Blue Ocean Strategy ကိုအသံုးျပဳမယ္ဆုိရင္ အဓိကလုပ္ေဆာင္ရမယ့္ လုပ္ငန္းေတြကေတာ့ –

1.ေစ်းကြက္ကန္႔သတ္ထားတဲ့ေဘာင္ေတြကို အသစ္ျပန္သတ္မွတ္ပါ။ (ဥပမာ – လူငယ္ေတြအတြက္ ထုတ္လုပ္ေနတဲ့ပစၥည္းကို လူၾကီးေတြအတြက္ထုတ္ရင္ ဘယ္လုိျဖစ္ႏုိင္မလဲဆိုတဲ့ ေဘာင္အျပင္က စဥ္းစားတာမ်ိဳး၊ ျမိဳ႕ေနလူထုသံုးေနတဲ့ပစၥည္းေတြကို ေက်းလက္ကလူေတြ သံုးႏုိင္ေအာင္ ေကာ္ဖီမစ္၊ Shampoo အထုပ္ေသးေလးေတြ ထုတ္တာမ်ိဳးေတြက Innovative ျဖစ္ျပီး ေစ်းကြက္ကို ပိုမို က်ယ္ျပန္႔ လာေစပါတယ္။)

2.ျမင္ကြင္းက်ယ္ဖို႔ကို အာရံုထားပါ။ (တစ္မ်ိဳးတည္းကို အာရံုစိုက္တာမ်ိဳး မဟုတ္တာကိုေျပာတာပါ။ ဥပမာ – Snack ေတြထုတ္တဲ့အခါ ကေလးေရာလူၾကီးပါ စားလုိ႔ရတဲ့မုန္႔မ်ိဳး ထုတ္တာျဖစ္ပါတယ္။)

3.အေသးစိတ္ကိန္းဂဏန္းေတြကို အေလးထားမေနပါနဲ႔။

4.မိမိပစၥည္းကို သံုးစြဲေနသူေတြကိုသာ အာရံုစိုက္မေနပဲ မသံုးစြဲေသးတဲ့သူေတြကိုလည္း အာရံုျပဳပါ။

5.ဗ်ဴဟာအဆင့္ဆင့္ကို မွန္ေအာင္လုပ္ဖို႔လုိပါေသးတယ္။ ဝယ္သူအတြက္ အသံုးက်ဖို႔ကေတာ့ ပထမအေလးထားရမယ့္အခ်က္ျဖစ္ျပီး ဝယ္သူအမ်ား ေပးႏုိင္မယ့္ေစ်းျဖစ္ဖုိ႔ကလည္း ဒုတိယအေရးၾကီးပါတယ္။

ထုတ္လုပ္မႈစရိတ္က ေရာင္းေစ်းထက္ နည္းေအာင္ထုတ္လုပ္ျပီး ကိုယ့္အတြက္ တြက္ေျခကိုက္ဖုိ႔လည္း အေရးၾကီးေသးတယ္။ ေနာက္ဆံုးအေနနဲ႔ျဖတ္ေက်ာ္ရမယ့္ အခက္အခဲ၊ အေျပာင္းအလဲ ေတြကို ျဖတ္ေက်ာ္ျပီး ေအာင္ေအာင္ျမင္ျမင္နဲ႔ ထြက္ေပၚလာႏုိင္ဖုိ႔ပါပဲ။

ဒီအဆင့္ေတြအတိုင္းျဖစ္မယ္ဆိုရင္ေတာ့ တစ္ဦးနဲ႔တစ္ဦးယွဥ္ျပိဳင္မႈဆိုတာ အဓိပၸာယ္မရွိေတာ့ပါဘူး။ အဓိကက ကိုယ့္ဟာကိုယ္ ၾကိဳးစားေနဖုိ႔ပဲလုိတာပါ။

အခုေဖာ္ျပေပးခဲ့တဲ့ အေၾကာင္းအရာေလးက မိတ္ေဆြတို႔အတြက္ အက်ိဳးေက်းဇူးရွိေစမယ္လုိ႔ ေမွ်ာ္လင့္ပါတယ္ခင္ဗ်ာ။

Credit; Myanmar Online Entrepreneur

(Unicode Version)

Blue Ocean Strategy ကို ပင်လယ်ပြာဗျူဟာလို့ မြန်မာမှုပြုနိုင်ပါတယ်။ စျေးကွက်မှာ အချင်းချင်းယှဉ်ပြိုင်မှု သိပ်များပြီး တိုက်ခိုက်နေမယ့်အစား အေးအေးဆေးဆေး ယှဉ်ပြိုင်တဲ့ပုံစံလို့ ဆိုလိုတာဖြစ်ပါတယ်။
လူတိုင်းကတော့ စီးပွားရေးလုပ်ကိုင်ရာမှာ ဘယ်သူမှမထုတ်ဖူးတဲ့၊ ဘယ်သူမှမလုပ်ဖူးတဲ့ ထုတ်ကုန်မျိုး လုပ်ငန်းမျိုးကိုလုပ်ပြီး သူများထက်အရင်ဦးချင်တယ်။ အောင်မြင်ချင်ကြတယ်။ ဒါပေမယ့် ဒီလိုဖြစ်ဖို့ ပြောသလောက်မလွယ်ပါဘူး။ အဖြေတစ်ခုအနေနဲ့မဟုတ်ပဲ ပိုကောင်းတဲ့နည်းလမ်းတစ်ခုအဖြစ် W. Chan Kim နဲ့ Renee Manuborgne တို့က Idea တစ်ခုကို ဖော်ထုတ်ခဲ့ကြပါတယ်။
အဲ့ဒါကတော့ ကုမ္ပဏီတွေအနေနဲ့ ပင်လယ်ပြင်ထဲမှာ သွေးသံရဲရဲ (Red Ocean) အပြိုင်အဆိုင်လုပ်နေကြသလို ရုန်းကန်လှုပ်ရှား နေဖို့ မလိုပဲ အေးငြိမ်းသာယာတဲ့ ပင်လယ်ပြာ (Blue Ocean) ထဲမှာ ရပ်တည်လှုပ်ရှားနိုင်ဖို့ သူတို့ကအဆိုပြုပါတယ်။
သူများကို ပြိုင်ဖို့မလို
ကုမ္ပဏီတစ်ခုရဲ့ စီးပွားရေးမဟာဗျူဟာက အခြားလုပ်ငန်းရဲ့ စံကိုမီဖို့ ကြိုးစားအမီလိုက်နေရတာဆိုရင် မိမိကိုယ်တိုင် ဆုံးရှုံးနေတာပဲလို့ စဉ်းစားနိုင်ပါတယ်။ သူများထက်သာအောင်လုပ်နေတယ်၊ သူများကို ပြိုင်နေတယ်ဆိုတာ ကိုယ့်မှာ သူများထက်ထူးဆန်းတာ ဘာမှမရှိဘူးဆိုတာကို ပြတာပဲလို့ ဒီ Idea က ဆိုထားပါတယ်။
ဒီ Strategy မှာ သူများနဲ့မတူတဲ့ ထုတ်ကုန်ကို ထုတ်လုပ်ဖို့၊ ဒါမှမဟုတ် ကုန်ထုတ်လုပ်တဲ့ စရိတ်ကို လျှော့ချဖို့ ရွေးချယ်တာမျိုးသာမဟုတ်ပဲ ဒီနှစ်ချက်လုံးကို ပြိုင်တူလုပ်ဆောင်တာဖြစ်ပါတယ်။
ပင်လယ်နီနဲ့ ပင်လယ်ပြာ
ပင်လယ်နီထဲမှာ ကူးခတ်နေတာဆိုရင် အခြားသူတစ်ဦး၊ ပြိုင်ဘက်တစ်ဦးကို အနိုင်ရအောင်လုပ်နေတဲ့၊ အနိုင်ရချင်တဲ့ကန့်သတ်မှုနဲ့ပဲ ကျဉ်းမြောင်းတဲ့နယ်ပယ်ထဲမှာပဲ တိုက်ခိုက်နေတာဖြစ်လိမ့်မယ်။
ပင်လယ်ပြာဆိုတာကတော့ တစ်ခြားသူတွေလည်းမသိသေးတဲ့ နယ်မြေသစ်မှာ လှုပ်ရှားရမှာပါ။
ဆန်းသစ်တဲ့ဗျူဟာနဲ့ တန်ဖိုးကိုတိုးတက်စေခြင်း
အထက်မှာ ဖော်ပြခဲ့တဲ့ ပညာရှင်နှစ်ယောက်ဟာ Blue Ocean Strategy ဆိုတဲ့စာအုပ်ကို 2004 ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။ Blue Ocean Strategy ကို Value Innovation လို့လည်း ညွှန်းဆိုသုံးစွဲပါတယ်။ ဝယ်သူအတွက်ရော၊ ကုမ္ပဏီအတွက်ပါ ဆန်းသစ်တဲ့ဗျူဟာနဲ့ တန်ဖိုးကို အဆတိုးစေတာဖြစ်ပါတယ်။ တုဖက်ပြိုင်ဆိုင်လုပ်နေတာမဟုတ်ပဲ ဆန်းသစ်တီထွင်ပြီး လုပ်တာကို ဆိုလိုပါတယ်။
အဓိကလုပ်ရမယ့် လုပ်ငန်းတွေ
Blue Ocean Strategy ကိုအသုံးပြုမယ်ဆိုရင် အဓိကလုပ်ဆောင်ရမယ့် လုပ်ငန်းတွေကတော့ –
1.စျေးကွက်ကန့်သတ်ထားတဲ့ဘောင်တွေကို အသစ်ပြန်သတ်မှတ်ပါ။ (ဥပမာ – လူငယ်တွေအတွက် ထုတ်လုပ်နေတဲ့ပစ္စည်းကို လူကြီးတွေအတွက်ထုတ်ရင် ဘယ်လိုဖြစ်နိုင်မလဲဆိုတဲ့ ဘောင်အပြင်က စဉ်းစားတာမျိုး၊ မြို့နေလူထုသုံးနေတဲ့ပစ္စည်းတွေကို ကျေးလက်ကလူတွေ သုံးနိုင်အောင် ကော်ဖီမစ်၊ Shampoo အထုပ်သေးလေးတွေ ထုတ်တာမျိုးတွေက Innovative ဖြစ်ပြီး စျေးကွက်ကို ပိုမို ကျယ်ပြန့် လာစေပါတယ်။)
2.မြင်ကွင်းကျယ်ဖို့ကို အာရုံထားပါ။ (တစ်မျိုးတည်းကို အာရုံစိုက်တာမျိုး မဟုတ်တာကိုပြောတာပါ။ ဥပမာ – Snack တွေထုတ်တဲ့အခါ ကလေးရောလူကြီးပါ စားလို့ရတဲ့မုန့်မျိုး ထုတ်တာဖြစ်ပါတယ်။)
3.အသေးစိတ်ကိန်းဂဏန်းတွေကို အလေးထားမနေပါနဲ့။
4.မိမိပစ္စည်းကို သုံးစွဲနေသူတွေကိုသာ အာရုံစိုက်မနေပဲ မသုံးစွဲသေးတဲ့သူတွေကိုလည်း အာရုံပြုပါ။
5.ဗျူဟာအဆင့်ဆင့်ကို မှန်အောင်လုပ်ဖို့လိုပါသေးတယ်။ ဝယ်သူအတွက် အသုံးကျဖို့ကတော့ ပထမအလေးထားရမယ့်အချက်ဖြစ်ပြီး ဝယ်သူအများ ပေးနိုင်မယ့်စျေးဖြစ်ဖို့ကလည်း ဒုတိယအရေးကြီးပါတယ်။
ထုတ်လုပ်မှုစရိတ်က ရောင်းစျေးထက် နည်းအောင်ထုတ်လုပ်ပြီး ကိုယ့်အတွက် တွက်ခြေကိုက်ဖို့လည်း အရေးကြီးသေးတယ်။ နောက်ဆုံးအနေနဲ့ဖြတ်ကျော်ရမယ့် အခက်အခဲ၊ အပြောင်းအလဲ တွေကို ဖြတ်ကျော်ပြီး အောင်အောင်မြင်မြင်နဲ့ ထွက်ပေါ်လာနိုင်ဖို့ပါပဲ။
ဒီအဆင့်တွေအတိုင်းဖြစ်မယ်ဆိုရင်တော့ တစ်ဦးနဲ့တစ်ဦးယှဉ်ပြိုင်မှုဆိုတာ အဓိပ္ပာယ်မရှိတော့ပါဘူး။ အဓိကက ကိုယ့်ဟာကိုယ် ကြိုးစားနေဖို့ပဲလိုတာပါ။
အခုဖော်ပြပေးခဲ့တဲ့ အကြောင်းအရာလေးက မိတ်ဆွေတို့အတွက် အကျိုးကျေးဇူးရှိစေမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။
Credit; Myanmar Online Entrepreneur

Read times
Rate this item
(2 votes)