-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဒီလိုလုပ်ရပ်တွေကြောင့် လုပ်ငန်းခွင်မှာ သင့်ပုံရိပ်ကို ထိခိုက်စေနိုင်တာပါ

ဒီလိုလုပ်ရပ်တွေကြောင့် လုပ်ငန်းခွင်မှာ သင့်ပုံရိပ်ကို ထိခိုက်စေနိုင်တာပါ google.com

တခါတလေမှာ လူတစ်ယောက်ရဲ့အပြုအမူအပြောအဆိုပေါ်မှာမူတည်ပြီး အခွင့်အလမ်းတွေကို လက်လွှတ် လိုက်ရတာမျိုးရှိပါတယ်။ ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် အထင်အမြင်မှားခံရတာမျိုး၊ ကိုယ့်အပေါ်မှာ ယုံကြည်မှု ယုတ်လျော့သွားတာမျိုးကြောင့် ကိုယ်ရသင့်တဲ့အခွင့်အရေးကို လက်လွှတ်လိုက်ရတာ မျိုးဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်မှာ ဘယ်လိုအပြုအမူတွေက ကိုယ့်ရဲ့အလုပ်ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တယ်၊ ကိုယ့်ကိုအထင်မြင် သေးသွားစေနိုင်တယ်ဆိုတာ သတိပြုဆင်ခြင်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

(၁)အတင်းအဖျင်းပြောခြင်း
လုပ်ငန်းခွင်မှာ တစ်ယောက်နဲ့တစ်ယောက် ကြည့်မရလို့ပဲဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက်တွေကြားမှာ အတင်းအဖျင်းပြောတာ၊ အတွင်းကျတဲ့ ကိုယ်ရေးကိုယ်တာတွေအထိပြောတာမျိုးကို ရှောင်သင့်ပါတယ်။ အဆင်ပြေနေတုန်းမှာ ဘာမှပြဿနာမရှိပေမယ့် စိတ်အခန့်မသင့်လို့မပြေလည်တော့ဘူးဆိုရင် တစ်ယောက်နဲ့တစ်ယောက်ထောက်ပြစရာ အားနည်းချက်တွေဖြစ်လာပြီး သင့်ရဲ့ပေါင်းသင်းဆက်ဆံရေးကိုပါထိခိုက်စေနိုင်ပါတယ်။

(၂)စိတ်ခံစားမှုများခြင်း
တချို့ကျတော့လည်း လုပ်ငန်းခွင်မှာ တစ်ယောက်နဲ့တစ်ယောက် ကိုယ်ချင်းစာမှု၊ ကူညီဖေးမမှုစတဲ့ မိသားစုဝင် စိတ်အပြည့်နဲ့ လုပ်လေ့ရှိပါတယ်။ အဲ့ဒီအချက်က ကောင်းမွန်တဲ့အလေ့အထပါ။ ဒါပေမယ့် လူ့စိတ်ဆိုတာ အမြဲတမ်း ကောင်းနေတဲ့အရာမဟုတ်ပါဘူး။ စိတ်ခံစားမှုဘက် အလေးပေးမိတဲ့အခါ တရားမမျှတမှုတွေ ဘက်လိုက် မှုတွေအပြင် စေတနာအလွဲသုံးစားခံရတာ၊ ယုံကြည်မှုဖျက်ဆီးခံရတာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်
အတတ်နိုင် ဆုံး စိတ်ခံစားမှုကို ဦးစားမပေးဘဲ ကိုယ်ယူထားတဲ့တာဝန်ကို အကောင်းဆုံးကျေပွန်အောင် လုပ်ဖို့ပဲလိုပါတယ်။


(၃)ပရောက်ဖက်ရှင်နယ်မဆန်ခြင်း
လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့ပုံရိပ်အမြဲတမ်းကောင်းနေဖို့ဆိုရင် အလုပ်ကိုပရော်ဖက်ရှင်နယ်(ပညာရှင်ဆန်ဆန်)လုပ် ဖို့လိုပါတယ်။ ရာထူးကြီးတဲ့သူကလည်းရာထူးကြီးတဲ့အလျောက်၊ ရာထူးငယ်တဲ့သူကလည်း ငယ်တဲ့ အလျောက် တာဝန်ယူမှု၊ တာဝန်ခံမှုမှာ ဆုံးဖြတ်ချက်ခိုင်မာဖို့နဲ့ စိတ်ထားဖြောင့်မတ်မှန်ကန်ဖို့လိုပါတယ်။ ဥပမာ ပုဂ္ဂိုလ်ရေးအရ အဆင်မပြေတာနဲ့ပဲ လုပ်ငန်းခွင်မှာထိခိုက်နစ်နာအောင် ပြောဆိုတာ၊ ဖိနှိပ်တာ၊ခြောက်တွန်းတာတွေက
ပညာရှင် မဆန်တဲ့အပြုအမူတွေဖြစ်ပါတယ်။

(၄)ပျင်းရိခြင်း၊ အချိန်ဆွဲခြင်း
ဘ၀မှာ အောင်မြင်ကျော်ကြားနေသူတွေက အမြဲတမ်းလက်ဦးမှုရအောင် ယူလေ့ရှိပါတယ်။ အောင်မြင်မယ်၊ ဖြစ်မြောက်မယ်လို့ယုံကြည်ရင် ယုံကြည်တဲ့အတိုင်း ချက်ချင်းလုပ်လိုက်ပါတယ်။ ဒီနေ့လုပ်မယ်၊ နောက်နေ့မှ လုပ်မယ်ဆိုပြီး အချိန်ဆွဲမနေပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ အောင်မြင်မယ့်လမ်းစကို အမြဲတမ်းရှာဖွေနေ တာကြောင့် ပျင်းရိမနေဘဲ အမြဲတမ်းတက်ကြွနေသူတွေဖြစ်ပါတယ်။ ပျင်းရိခြင်းနဲ့ အချိန်ဆွဲခြင်းက သင့်ရဲ့အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးသွားရနိုင်ပါတယ်။

Read-ဆင်းရဲခြင်းလေးမျိုး


Source; myanmaplatform

Read times
Rate this item
(1 Vote)