ကိုယ့်ရဲ့မှတ်နိုင်စွမ်းအားလျော့ကျခြင်းကြောင့် လုပ်ငန်းခွင်ထဲတွင် ထိခိုက်မှုများရှိလာလျှင်
မှတ်ဥာဏ်စွမ်းအားများ တိုးတက်လာစေရန် ကုသမှုများပြုလုပ်သင့်ပါသလား။
တစ်ခါတစ်ရံ လူအချို့သည် မိမိတိုအသုံးအဆာင်ပစ္စည်းများ ဘယ်နေရာတွင်ထားမိသည်ကိုပါ ပြန်လည်စဉ်းစား
မရသည့်အချိန်များလည်းရှိခဲ့ဖူးကြမည်။
ထို့ပြင်မိမိပြောဆိုလိုက်သော အကြောင်းအရာများကိုပါ တစ်ခဏတာ မေ့လျော့သည့်များရှိကြသည်။
ထိုသို့ဖြစ်ပျက်မှုများသည် နေ့စဉ်လူနေမှုဘ၀ ကိုများစွာ စိတ်အနှောက်အယှက်ပေးနိုင်သည်။
အလားတူပင် မိမိတို့၏ အရေးကြီးသော အလုပ်ကိစ္စများ တွင်လည်းဆုံးရှုံးနစ်နာမှုများ လည်းရှိလာနိုင်ပေလိမ့်မည်။
အောက်ပါအချက်အလက်များကို ဆက်လက်ဖတ်ရူ့ကြည့်ပါ။
1.မှတ်ဥာဏ်စွမ်းအားလျော့ကျလာခြင်းသည် ကျန်းမာရေးပြဿနာများနှင့်လည်းများစွာဆက်စက်မှုရှိသည်။
ဥပမာ-အိပ်ပျော်စဉ်အသက်ရှုကျပ်ခြင်း၊ဟောက်ခြင်းနှင့် အခြားသော ရောဂါများကြောင့်လည်းဖြစ်နိုင်သည်။
ထို့ကြောင့်ကျန်းမာရေးကောင်းမွန်အောင် ပြုမူနေထိုင်ရန်အလွန် အရေးကြီးသည်။
2.မိမိမှတ်သားသည့်နည်းစနစ်များကိုပြောင်းလဲပြုပြင်ပါ။
မိမိမှတ်သားထားသည့်လမ်းများ၊လူများကိုကိုယ်ရဲ့ဘေးပတ်ဝန်းကျင်တွင်ရှိသောအရာများနှင့်ပူးတွဲ မှတ်သား
ကြည့်ပါ။
3.ထို့ပြင် လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်းဖြင့် မှတ်ဥာဏ်စွမ်းအားများ တိုးတက်လာနိုင်စေသည့်အပြင် ထိုးထွင်းသိမြင် နိုင်စွမ်းများလည်း တိုးတက်လာပေလိမ့်မည်။
အေရိုးဗစ်လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင်ဦးနှောက်အတွက်အထောက်အကူ ပြုနိုင်သည့်အပြင် သွေးလည်ပတ်မှုလည်းကောင်းမွန်လာစေပါသည်။
4.ယနေ့ခေတ်တွင်လူအားလုံးသည် တစ်နေ့တာလုံး ရုန်းကန်လှုပ်ရှား နေရသည့်အတွက် စိတ်ဖိဆီးမှု အနည်းနဲ့အများ ရှိကြလိမ့်မည်။
သို့သော်ထို စိတ်ဖိဆီးမှုများသည် ဦးနှောက်ဆဲလ်များကို ပျက်စီးနိုင်ပြီး မှတ်ဥာဏ်ကိုများစွာထိခိုင်စေသည်။ထို့ကြောင့် အရေးမပါသည့်အရာများအတွက် စိတ်ဖိဆီးမှုများ မရှိအောင်ပြုမူနေထိုင်သင့်သည်။
5.လူတစ်ဦးနှင်တစ်ဦးမှတ်ဥာဏ်ကောင်းပုံချင်းတူညီမှုမရှိနိုင်ပါ။သို့သော်အသက်အရွယ်ကြီးရင့်သော်လည်းမှတ်ဥာဏ်ကောင်းသူများလည်းရှိပါသည်။
ယခုအချိန်ဟာ သင်ရဲ့မှတ်ဥာဏ်ကို ဦးစားပေးစတင်ချိန် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ထို့ကြောင့်မှတ်ဥာဏ်စွမ်းအားကောင်းမွန်ခြင်းသည် မိမိကိုယ်ကိုယုံကြည်မှု ရှိစေသည့်အပြင် လုပ်ငန်းခွင်အတွင်း အကောင်းမြင်စိတ်များပိုမိုထား ရှိနိုင်မည်ဖြစ်သည်။
Inc.Southeast Asia