-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်လုပ်ငန်းတွေအတွက် Viral Marketing လုပ်ဆောင်ချင်တဲ့အခါ

Social Media ကို အသုံးပြုမှု ကြာမြင့်လာတဲ့အခါ ရိုးဟောင်းသွားခြင်းမရှိအောင် နောက်ကွယ်ကနေ ဆန်းသစ်စေတဲ့နည်းလမ်းတွေ ပေါ်ပေါက်လာပါတယ်။ ၎င်းနည်းလမ်းတွေထဲက လူအများစိတ်ဝင်စားတာကတော့ “Viral Marketing” ဖြစ်ပါတယ်။

 

Application တစ်ခုဖြစ်တဲ့ HQ Trivia က သူ့ apps မှာ မေးခွန်း (၁၂)ခု မှန်ကန်စွာ ဖြေခိုင်းပါတယ်။ အဖြေမှန်ကန်သူ ပြိုင်ပွဲဝင်တွေကို ငွေသားဆုပေးတဲ့ အစီအစဉ်လေးလုပ်ခဲ့တယ်။ လပေါင်းများစွာ ကြာလာတဲ့အခါ တနေ့မှာ ထောင်ပေါင်းများစွာသော quiz game ကစားသူတွေကို ဆွဲဆောင်နိုင်ခဲ့တယ်။

 

ဒါက traditional social media marketing က ခွဲထွက်ပြီးတော့ brand ရဲ့ ရပ်တည်မှုကို viral နဲ့ boost လုပ်ပေးရတာပါ။ Creaze Digital Marketing firm ရဲ့ CEO ကို Forbes Magazine က Viral Marketing နဲ့ ပတ်သက်တာကို အင်တာဗျူးလုပ်တဲ့အခါ အချက် (၃)ချက်ကို ပြောဆိုခဲ့ပါတယ်။


၁။ ကြော်ငြာကို မမြှပ်နှံခင် High Quality Content ကို စဉ်းစားပါ

လူစိတ်ဝင်စားခံရတဲ့ ကြော်ငြာတစ်ခုဖြစ်ဖို့ ရင်းနှီးမြှပ်နှံမှု ကြီးပါတယ်။ Customer တွေအပေါ် value ပေးတဲ့ Content တွေဖန်တီးခြင်းက Viral Marketing ကို ပိုဖြစ်စေနိုင်ပါတယ်။

Amazon ရဲ့ CEO Jeff က ဘာလို့ သူများထက် ပိုအောင်မြင်နေတာလဲ...?


၂။ ပရိသတ်ကို သိခြင်း

Viral သွားဖို့ တစ်ခုသိရမှာက ပရိသတ်ရဲ့ သဘောသဘာဝကို နားလည်ထားဖို့ပါပဲ။ ကိုယ်က content တစ်ပုဒ်ဖန်တီးလိုက်တဲ့အခါ ဘယ်သူက ကိုယ့်content ကို စိတ်ဝင်စားနိုင်မလဲဆိုတာ သိရှိထားဖို့ပဲ ဖြစ်ပါတယ်။

 


၃။ Content နဲ့ လိုက်ဖက်တဲ့ Story ရှိနေပါစေ

Story Telling က viral ဖြစ်စေတဲ့ အချက်တစ်ချက်ပါ။ လက်တွေ့ဖြစ်နေတဲ့ story တွေ၊ ပရိသတ်ရဲ့ personality နဲ့ ကိုက်ညီတဲ့ Story တွေက Viral ကို ဖြစ်စေနိုင်ပါတယ်။ content ကို အသုံးချပြီး သင့်ထုတ်ကုန်၊ ဝန်ဆောင်မှုအကြောင်းကို Customer တွေအကြား သတင်းမွှေးစေပါတယ်။

 

Source; Efectivee
Myanmar Advertising Directory

Read times
Rate this item
(1 Vote)