-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဂိုထောင်ငယ်လေးတွေမှာဖြစ်သလိုစတင်ခဲ့ပေမယ့် လျှမ်းလျှမ်းတောက်ကျော်ကြားနေတဲ့ကုမ္မဏီများ

ဂိုထောင်ငယ်လေးတွေမှာဖြစ်သလိုစတင်ခဲ့ပေမယ့် လျှမ်းလျှမ်းတောက်ကျော်ကြားနေတဲ့ကုမ္မဏီများ Google

တစ်ကမ္ဘာ့စီပွားရေးနယ်ပယ်မှာ ထိပ်သီးကနေပြေးနေတဲ့ စီးပွားရေးလုပ်ငန်းတစ်ချို့ဟာ စတင်ချိန်က စာရိတ်စကအများကြီးမတတ်နိုင်လို့ ချို့ချို့တဲ့တဲ့နဲ့စတင်ခဲ့ရတဲ့ လုပ်ငန်းတွေအများကြီးရှိပါတယ်။

လုပ်ငန်းအတွက် နေရာကောင်းလည်းမတတ်နိုင်တဲ့အတွက် ဂိုထောင်ငယ်လေးတွေ၊ အိမ်ငယ်လေးတွေမှာ ဖြစ်သလိုစတင်ခဲ့ရပါတယ်။ ဒီလိုကုမ္မဏီတွေထဲမှာ ကမ္ဘာကျော်ထုတ်ကုန်ကြီး Apple တို့၊ နည်းပညာကုမ္မဏီကြီး Google တို့၊ ရုပ်ရှင်ကုမ္မဏီကြီး Walt Disney တို့လည်း ပါဝင်ခဲ့ပါတယ်။ အခု ဂိုထောင်ငယ်လေးတွေမှာ စတင်ခဲ့ပြီး ကမ္ဘာမှာလျှမ်းလျှမ်းတောက်ကျော်ကြားနေတဲ့ကုမ္မဏီတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Amazon

Amazon အွန်လိုင်းအရောင်းအဝယ်လုပ်ငန်းကို ၁၉၉၄ ခုနှစ်မှာ ပိုင်ရှင် Jeff Bezos က အွန်လိုင်းစာအုပ်စတိုးအသွင်နဲ့ စတင်ခဲ့တာဖြစ်ပါတယ်။ အချိန်တုန်းက သူရဲ့ရုံးချုပ်ဟာ အိမ်ကဂိုထောင်ဖြစ်ပါတယ်။ တံခါးရွက်ပျက်နေတဲ့ စားပွဲအဟောင်းလေးနဲ့ စတင်ခဲ့ရတဲ့လုပ်ငန်းပါ။ ဒီနေ့ Amazon ကတော့ ကမ္ဘာအကြီးဆုံးအွန်လိုင်းလက်လက်ဖြန့်ချီသူ ဖြစ်နေပါပြီ။ Jeff ဟာ အာကာသခရီးသည် ပို့ဆောင်ရေးအတွက်လည်း စီမံကိန်းတွေစတင်နေပြီဖြစ်ပြီး လုပ်ငန်းအမည်ကတော့ Blue Origin ဖြစ်ပြီး တက္ကဆက်မှာ တည်ရှိပါတယ်။


(၂) Apple

ကမ္ဘာကျော် နည်းပညာကုမ္မဏီကြီး Apple ကို စတင်ခဲ့တဲ့ Steve Jobs နဲ့ Steve Wozniak တို့ နှစ်ဦးဟာ သူတို့လုပ်ငန်းတွေကို Jobs မိသားစုပိုင်ဂိုထောင်လေးထဲမှာ စတင်ခဲ့တာဖြစ်ပါတယ်။ တကယ့်ကို ရှေးကျတဲ့ ကွန်ပျူတာနဲ့စတင်ခဲ့ရတဲ့ ဒီလုပ်ငန်းဟာ အလုပ်သမား (၁၅၀၀၀)ကျော်နဲ့ လည်ပတ်နေရတဲ့ လုပ်ငန်းကြီးဖြစ်နေပါပြီ။


(၃) Walt Disney

Walt Disney ရုပ်ရှင်လုပ်ငန်းကို စတင်ခဲ့သူတွေကတော့ Roy Oliver Disney နဲ့ Walt Disney တို့ ညီအစ်ကိုနှစ်ယောက်ဖြစ်ပါတယ်။ Roy ဟာ အမေရိကန်စီးပွားရေးနယ်ပယ်မှာ ဝင်ဆန့်သူတစ်ဦးဖြစ်ပြီး ညီဖြစ်သူ Walt နဲ့ ရုပ်ရှင်လုပ်ငန်း စတင်ဖို့ တိုင်ပင်ခဲ့ကြပါတယ်။ ကားဂိုထောင်မှာပဲ ဒီလုပ်ငန်းကိုစတင်ခဲ့ပြီး၊ ပထမဆုံး Animation ဇာတ်ကားကို ကမ္ဘာကိုဖြန့်ချိနိုင်ခဲ့ပါတယ်။ အခုဆိုရင်တော့ Walt Disney ရုပ်ရှင်ထုတ်လုပ်ရေးဟာ ကမ္ဘာ့ဝင်ငွေအများဆုံးရုပ်ရှင်ကုမ္မဏီအဖြစ် ရပ်တည်နေတဲ့လုပ်ငန်းကြီး ဖြစ်ပါတယ်။

Read More>>>ကမ္ဘာပေါ်မှာ အမှတ်မိလွယ်ဆုံးစီးပွားရေးအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ KFC တည်ထောင်သူ
(၄) Hewlett-Packard

ကွန်ပျူတာအပိုပစ္စည်းတွေ ထုတ်လုပ်ဖြန့်ချိနေတဲ့ Hewlett-Packard ကုမ္မဏီကတော့ ထူးခြားပါတယ်။ အကြောင်းကတော့ ဒီလုပ်ငန်းကိုတည်ထောင်ခဲ့တဲ့ David Packard နဲ့ William Redington Hewlett တို့ဟာ သူတို့လုပ်ငန်းကို ဒေါ်လာ (၅၃၈)ဒေါ်လာနဲ့ စတင်ခဲ့တာဖြစ်ပါတယ်။ ပြီးတော့ သူတို့လုပ်ငန်းစတဲ့နေရာက Walt Disney ရုပ်ရှင်ထုပ်လုပ်ရေး စတင်အခြေချခဲ့တဲ့ ဂိုထောင်အဟောင်းလေးဖြစ်နေလို့ပါ။ အခုဆိုရင် နည်းပညာကုမ္မဏီအဖြစ်ပါ ပူးတွဲရပ်တည်နေတဲ့ Hewlett-Packard ကုမ္မဏီဟာ ကွန်ပျူနဲ့ဆက်စပ်အပိုပစ္စည်းတွေ ကမ္ဘာကိုအများဆုံးဖြန့်ချိရောင်းချခွင့် ဈေးကွက်အများဆုံးရထားတဲ့ ကုမ္မဏီဖြစ်နေပါပြီ။


(၅) Google

လက်ရှိ လူတွေအများဆုံးအသုံးပြုနေတဲ့ အင်တာနက် Search Engine ကတော့ Google ဖြစ်ပါတယ်။ ဒီလုပ်ငန်းစုကြီးကို စတင်တည်ထောင်ခဲ့သူကတော့ စတန်းဖို့ဒ်တက္ကသိုလ်မှ ဘွဲ့ရသူငယ်ချင်းနှစ်ဦးဖြစ်ပြီး ကနဦးတုန်းကတော့ သုတေသနပြုလုပ်ငန်းစုတစ်ခုအဖြစ်သာ ရပ်တည်ခဲ့ပါတယ်။ အခုဆိုရင်တော့ နည်းပညာနယ်ပယ်မှာ Google ကို ကျော်နိုင်သူမရှိသေးပါဘူး။ လုပ်ငန်းခွဲပေါင်းရာချီကိုလည်း ရင်းနီးမြှုပ်နှံထားတဲ့ ကုမ္မဏီကြီးပါ။


(၆) The Beatles

The Beatles ဆိုတဲ့ ကမ္ဘာကျော် Rock ဂီတအဖွဲ့ကြီးကတော့ မြေ၀ိုင်းဖျော်ဖြေရေးကနေ စတင်ခဲ့ရတဲ့အဖွဲ့ပါ။ အဖွဲ့ ကနဦးနာမည်ကတော့ The Quarrymen ဖြစ်ပြီး၊ John Lennon က သူရဲ့ အပေါင်းအပါတွေနဲ့ နေ့စဉ်နီးပါး Live ဖျော်ဖြေပွဲငယ်လေးတွ ပြုလုပ်ခဲ့ရပါတယ်။ ၁၉၆၀ ခုနှစ်မှာ ဒိတ်ဒိတ်ကျဲအနုပညာရှင် Paul McCartney ဟာ The Quarrymen အဖွဲ့သား ဖြစ်လာခဲ့ပြီး၊ အဖွဲ့အမည်ကိုလည်း The Beatles အဖြစ် ပြောင်းလဲခဲ့ကြပါတယ်။ ယင်းနောက် သူတို့ရဲ့ Rock ဂီတဟာ ကမ္ဘာတစ်ခုလုံးကို ကိုင်လှုပ်နိုင်ခဲ့ပါတယ်။


(၇) Microsoft

ကွန်ပျူတာနည်းပညာကုမ္မဏီကြီး Microsoft ကို ကွန်ပျူတာသမားတိုင်းကင်းတဲ့သူ မရှိပါဘူး။ ဒီလုပ်ငန်းစတင်တုန်းက Bill Gates နဲ့ Paul Allen တို့မှာ ကွန်ပျူတာတစ်လုံးကို တစ်ယောက်တစ်လှည့်ဆီ မျှကိုင်ခဲ့ရပါတယ်။ ယင်းနောက် သူတို့ရဲ့ဆော့ဖ်ဝဲကို တစ်ကမ္ဘာလုံးကကွန်ပျူတာတွေထဲမှာ အောင်မြင်စွာထည့်သွင်းနိုင်ခဲ့ပါတယ်။ လုပ်ငန်းကြီးကလည်း အရှိန်အဟုန်နဲ့ ကြီးထွားလာခဲ့ပါတယ်။ အခုဆိုရင် ဝန်ထမ်းပေါင်း (၁၅၀၀၀၀)ကျော်နဲ့ လည်ပတ်နေရတဲ့လုပ်ငန်းကြီးဖြစ်နေပြီး Bill Gates ကတော့ ကမ္ဘာအချမ်းသားဆုံးပုဂ္ဂိုလ်ထဲမှာ တစ်ဦးအပါအဝင် ဖြစ်နေပါပြီ။

Credit; Shwemom

 

Read times
Rate this item
(1 Vote)