-->
×

Warning

JUser: :_load: Unable to load user with ID: 29


Messenger သုံးပြီး သင့် Brand ကို လူတွေသိအောင်ကြော်ငြာချင်ပါသလား

Messenger သုံးပြီး သင့် Brand ကို လူတွေသိအောင်ကြော်ငြာချင်ပါသလား Google

ရောင်းသူနဲ့ ဝယ်သူကြားမှာ Messenger ကတဆင့် ဆက်သွယ်မှုလိုအပ်ပါတယ်။

အချို့ Brand တွေက Page ရဲ့ Message Inbox ကို သိပ်မစစ်ကြပါဘူး။ တကယ်တော့ Message Inbox ဆိုတာ ရတနာသိုက်ကြီးပါ။ Messenger Marketing ကနေတဆင့် Lead Sales တွေ၊ Words Of Mouth တွေ၊ Customer Royalty တွေနဲ့ Invisible Marketing ရှူထောင့်အရ အခြားအကျိုးတွေအများကြီးကို ရရှိမှာဖြစ်ပါတယ်။ လူတိုင်းက သင့်ဆီကို ဖုန်းခေါ်ချင်မှာ မဟုတ်ပါဘူး။ ဖုန်းခေါ်မယ့်အစား စာပို့တာက သူတို့အတွက်ပိုပြီး သက်သောင့်သက်သာရှိပြီး မြန်ဆန်တယ်လို့ ခံစားရပါသတဲ့။ ဝယ်ယူသူတွေက Messenger ကို သုံးပြီး Brand တွေနဲ့ ဘယ်လိုဆက်သွယ်ကြလဲဆိုတာကို Facebook IQ ရဲ့ Report တစ်ခုမှာ အခုလိုဖော်ပြထားပါတယ်။

(၈၄)ရာခိုင်နှုန်းသော လူအများစုက Messenger ကိုသုံးပြီး General Inquiry တွေ လုပ်ကြပါတယ်။
(၈၁)ရာခိုင်နှုန်းသော လူတွေကတော့ ရောင်းတဲ့ပစ္စည်းနဲ့ ပတ်သက်တာတွေမေးကြပါတယ်။
(၇၄)ရာခိုင်နှုန်းကတော့ Messenger ကတစ်ဆင့် ဝယ်ယူမှုတွေလုပ်ကြပါတယ်။
(၇၁)ရာခိုင်နှုန်းကတော့ Appointment တောင်းကြပါတယ်။
(၇၆)ရာခိုင်နှုန်းကတော့ Customer Service Support အကြောင်းမေးကြပါတယ်။
(၇၉)ရာခိုင်နှုန်း ကတော့ Feedback ပြန်ပေးကြပါတယ်။
ဒီကိန်းဂဏာန်းတွေကို ကြည့်မယ်ဆို Messaging ကလည်း သင့် Brand အတွက် အရေးကြီးတယ်ဆိုတာ သိလောက်ပါပြီ။

Recording Studios (အသံဖမ်းစတူဒီယိုများ(၅၈)ခုကိုရှာဖွေရန်နှိပ်ပါ။)

ဒါဆို သင့်ရဲ့ Brand အနေနဲ့ လုပ်ထားသင့်တာက ရှင်းလင်းတိကျတဲ့ Goal တစ်ခု အရင်ထားပါ။ ကိုယ့်ရဲ့ Brand က Messenger ကနေ Service တွေ၊ Product တွေရောင်းမှာလား၊ Customer Support သပ်သပ်လား၊ Website Traffic လိုချင်တာလား၊ Appointment ( or ) Booking လိုချင်တာလားစတဲ့ Goal တစ်ခုအရင်ရွေးပါ။

လူသုံးမှာလား? ChatBot? နောက်တစ်ခုကတော့ Customer Service သမားနဲ့ Reply ပြန်မှာလား။ Customer Service ထားမယ်ဆိုရင်တော့ အချိန်ပြည့် Reply ပြန်နိုင်မှာ မဟုတ်ပါဘူး။ အဲ့တစ်ချက်ကို ထည့်စဉ်းစားရပါမယ်။ ChatBot သုံးတဲ့အခါမှာဆိုရင်လည်း ဝယ်သူဘက်က Bot အသုံးပြုမှုကို နားလည်အောင် အရင်ဆုံး Education Post လေးတင်သင့်ပါတယ်။ မဟုတ်ရင် Brand အပေါ်မှာ နားလည်မှုလွဲသွားနိုင်ပါတယ်။ ChatBot မထားနိုင်သေးရင်တောင် Response Assistant တွေဖွင့်ထားပေးပါ။ Response Assistant ဘယ်လိုဖွင့်မလဲ။

Measure ပြန်လုပ်ပါ။ ဒီတစ်ပတ်အတွင်း လူဘယ်နှစ်ယောက်စကားလာပြောလဲ။ ပြောတဲ့အထဲက Male, Female ခွဲတာမျိုး၊ အမေးများတဲ့ Product တွေ၊ အဝယ်များတဲ့ ပစ္စည်းတွေကို List ပြန်လုပ်ပြီး အသုံးချမယ်ဆို ထိရောက်မှုရှိမှာ ကျိန်းသေပါတယ်။ Customer Analysis လုပ်တဲ့ သဘောမျိုးပါ။ ကဲအခုလောက်ဆို သင့်ရဲ့ ဝယ်ယူသူတွေက သင်နဲ့ ဆက်သွယ်ဖို့ Search Box မှာ ရိုက်ရှာနေလောက်ပါပြီ။ သင်ကကော ကောင်းမွန်တဲ့ Messenger Chatting လေးတစ်ခုဖြစ်ဖို့ ဘာတွေပြင်ဆင်ထားပြီးပြီလဲ?

Read More>>>ယုံကြည်စိတ်ချလို့ရတယ်ဆိုတဲ့ စိတ်ခံစားမှုမျိုးပေးနိုင်တဲ့ Logo

Credit; Digital Dots

 

Read times
Rate this item
(1 Vote)