-->
×

Warning

JUser: :_load: Unable to load user with ID: 29


လူတွေ ငွေသုံးချင်လာအောင် လှုံ့ဆော်ပေးနိုင်တဲ့ ကြော်ငြာ

လူတွေ ငွေသုံးချင်လာအောင် လှုံ့ဆော်ပေးနိုင်တဲ့ ကြော်ငြာ Google

မိမိတို့ရဲ့ပတ်ဝန်းကျင်မှာ ကြော်ငြာနဲ့ လွတ်ကင်းသည့်နေရာဆိုတာ မရှိပါဘူး။ ပုံသဏ္ဍန်အမျိုးမျိုး အသွင်သဏ္ဍန်အမျိုးမျိုးနဲ့ မိမိတို့ စိတ်အာရုံကို ဖမ်းစားထားနိုင်ပါတယ်။

ဒီလို ဖမ်းစားနိုင်တာဟာ ကုန်ပစ္စည်းများ ရွေးချယ်ဝယ်တဲ့နေရာမှာ အနည်းနဲ့အများ သြဇာသက်ရောက်မှုရှိစေပါတယ်။ ဒါဟာ ကြော်ငြာခြင်းရဲ့အကျိုး ဖြစ်ထွန်းမှုလို့လဲပြောလို့ရပါတယ်။

ဒါပေမယ့် တစ်ချို့ကုမ္ပဏီတွေက ကြော်ငြာစရိတ် ချွေတာခြင်းဖြင့် ကုန်ပစ္စည်းဖြစ်စေ၊ ၀န်ဆောင်မှုဖြစ်စေ ဈေးလျှော့ပေး နိုင်မယ်လို့ထင်တက်ကြပါတယ်။ လက်တွေ့မှာတော့ ချွေတာမှုများလေလေ လုပ်ကိုင်ရတဲ့ နယ်ပယ် ကျဉ်းလာလေ ဖြစ်တာကြောင့် ရောင်းအားတွေကိုလည်း ကျဆင်းစေနိုင်ပါတယ်။

ကြော်ငြာဟာ လူတွေငွေသုံးချင်အောင် လှုံ့ဆော်ပေးနေတာဖြစ်လို့ ဈေးကွက်စီးပွားရေးစနစ်မှာ အရေးပါတဲ့လိုအပ်ချက်ဖြစ်ပါတယ်။ ကြော်ငြာစရိတ်ကို ဘက်ဂျက်မှာ ထည့်ဆွဲထားဖို့ကလဲ လိုအပ်တဲ့အရာတစ်ခုဖြစ်ပါတယ်။ ကုန် ကြမ်းစရိတ်၊ ဖြန့်ချိစရိတ် စတဲ့ကုန်ကျစရိတ်ပေါင်း များစွာရှိတဲ့ထဲမှာ ကြော်ငြာစရိတ်ဟာလည်း စရိတ်တစ်ခုဖြစ်ပါတယ်။

ကြော်ငြာအတွက် အသုံးပြုသော ကုန်ကျစရိတ်မှာ လုပ်ငန်းရှင်တွေအတွက် လုပ်ငန်းချဲ့ထွင်နိုင်ရန်လိုအပ်သော ရင်းနှီးမြုပ်နှံမှုကို ပြုခြင်းဖြစ်ပါတယ်။ အပြိုင်အဆိုင်များလာသော ၂၁ ရာစုခေတ်မှာ သင့်ကုန်ပစ္စည်းအတွက် ကြော်ငြာ အားမလိုက်နိုင်ဘူးဆိုရင်တော့ သင့်ကုန်ပစ္စည်းတွေကို ဂိုဒေါင်မှာ အပြီးသတ်သိမ်းဆည်းထားရမယ့် အခြေအနေကိုရောက်နေပါပြီ။

မြန်မာနိုင်ငံက အချမ်းသာဆုံး ပုဂ္ဂိုလ် ၁၀ ဦး

ကြော်ငြာခြင်းရဲ့ ရည်ရွယ်ချက်မှာ ကုန်ပစ္စည်းဖြစ်စေ၊ ၀န်ဆောင်မှုဖြစ်စေ ကိုယ့်ရောင်းအားမြှင့်တင်ဖို့အတွက်ပဲဖြစ်ပါတယ်။ ဒါပေမယ့် မူရင်းရည်ရွယ်ချက်ကို မပျောက်ပျက် စေနိုင်တဲ့အပြင် လူထုကောင်းကျိုးများလည်း ရှိလာနိုင်ပါတယ်။

ဥပမာ-သွားတိုက်ဆေး ကြော်ငြာတာဟာ ခံတွင်းသန့်ရှင်းမှုနဲ့ သွားကျန်းမာရေးကို အမြဲသတိပြုမူစေပါတယ်။ ခြင်ဆေးခွေ ကြော်ငြာတာဟာ ခြင်ဆေးခွေ ၀ယ်ခိုင်းတဲ့အပြင် ခြင်အန္တရာယ်ကိုပါ တစ်ခါတည်း သတိပေးကြပါတယ်။ ခြင် ဆေးခွေ ထွန်းခြင်းကြောင့် ခြင်မှတစ်ဆင့် ရောဂါကူးစက်မှုကို လျော့ပါးစေသည်။

ဆေးစိမ်ခြင်ထောင် ကြော်ငြာကို ကြည့်မိတဲ့ လူတိုင်းအတွက် ငှက်ဖျားဟာ ခြင်ကိုက်ရာမှ ကူးစက်ဖြစ်ပွားကြောင်း သိရှိစေနိုင်ပါတယ်။ ဒါကြောင့်ကြော်ငြာဟာ လူထုကြားကို မိမိတို့ ကုန်ပစ္စည်းအကြောင်း သိရှိသွားစေနိုင်တဲ့အပြင် အသိပညာပေးရာလဲရောက်ပါတယ်။

ဒါကြောင့် ပရိတ်သတ်အများစုက ဖျော်ဖြေရေးကိုသာ စိတ်ပါဝင်စားမှုရှိပါတယ်။ ခြင်နှင့် ငှက်ဖျားအကြောင်းကို ပညာပေး အစီအစဉ်အနေနဲ့ တင်ဆက်မယ်ဆိုရင် ဖျော်ဖြေရေးပုံစံနဲ့ တင်ဆက်တဲ့ ကြော်ငြာလောက်ပျံ့နှံ့ထိရောက်မှု ရှိနိုင်မှာ မဟုတ်ပါဘူး။

ကြော်ငြာတာဟာ လူထုကိုမိမိပစ္စည်းနဲ့ဖြစ်စေ၊ မိမိဝန်ဆောင်မှုနဲ့ ဖြစ်စေ၊ ရင်းနှီအောင်ပြုလုပ်ပေးပြီး ပခုံးပုတ်နိုင်အောင် ကြိုးစားပေးနိုင်ပါတယ်။ ဒါ့အပြင် ကြော်ငြာတွေဟာ ၀ယ်သူတွေထံမှ ပိုက်ဆံတွေကို သင့်ထံရောက်ရှိ စေလာနိုင်မယ့် ပေါင်းကူးတံတား တစ်စင်းလို့လဲပြောလို့ရပါတယ်။

Myanmar Advertising Directory

 

Read times
Rate this item
(1 Vote)