-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်ဘဝကို ဘယ်လိုအချက်တွေက ရှင်သန်စေသလဲ???

သင့်ဘဝကို ဘယ်လိုအချက်တွေက ရှင်သန်စေသလဲ??? google.com

ဘော်ဘော်တို့ရေ...၊၊

လောကမှာ သူတို့ဘ၀ကို သူတို့မုန်းတယ်ဆိုတဲ့လူတွေ ရှိပါတယ်။ သူတို့ဟာ သူတို့မှာရှိနေတဲ့ အရာတွေနဲ့ မပျော်ရွှင်နိုင်ကြပါဘူး။

ဒီအချက်လေးတွေကို တချက်လောက် ဝင်ဖတ်ကြည့်လိုက်ပါ ဘေဘီ ။ ဘော်ဒါတို့ရဲ့ ဘဝခံယူချက်လေးတွေ ပြောင်းလဲသွားမယ်ထင်ပါတယ်နော်...၊၊

 

 

၁။ ဘ၀ရဲ့ကောင်းတဲ့ အရာတွေအပေါ်မှာ အာရုံစိုက်ပါ

ဘ၀နဲ့ပတ်သက်လို့ ကောင်းတဲ့အရာတွေကို တစ်ခုမှ မစဉ်းစားနိုင်ဘူးဆိုရင်တော့ သင့်မှာ အဆိုးမြင်အတွေးတွေ ရှိနေဆဲပါပဲ။

အဲဒီအတွေးတွေကို ထွက်သွားခွင့်ပေးလိုက်ပါ။ သင့်ဘ၀ရဲ့ ဘယ်အရာတွေကို သင်တကယ်မြတ်နိုးသလဲ။

 

၂။ မကျေမနပ်မဖြစ်ပါနဲ

ဘ၀ကို သင်မချစ်ဘူးဆိုရင်တောင်မှ အဲဒါကို တစ်ချိန်လုံး ပြောနေဖို့ မလိုပါဘူး ။

သင့်ဘ၀ကို သင်မချစ်ဘူးလို့ပြောလေလေ အဲဒီအနှုတ်လက္ခဏာ အတွေးတွေက ပိုအားကောင်းလေလေပါပဲ။

 

၃။ သင့်ရဲ့ဘ၀ကို အခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့

သင့်ရဲ့ဘ၀ဟာ တခြားတစ်ယောက်ယောက်ရဲ့ ဘ၀နဲ့ တစ်သမတ်တည်း မတူနိုင်ပါဘူး။

ကိုယ်မ၀တ်နိုင်တဲ့ အ၀တ်အစား ၀တ်တဲ့သူတွေ၊ ကိုယ်မစီးနိုင်တဲ့ ကားစီးတဲ့သူတွေ၊ ကိုယ်မနေနိုင်တဲ့ အိမ်မျိုးမှာ နေသူတွေကတော့ ကိုယ်ံအနားမှာ အမြဲတမ်းရှိနေမှာပါ။

ဒါကို ကျင့်သားရအောင်လုပ်ပါ။

နေသားကျသွားပြီဆိုရင်တော့ ဘာမှပြဿနာမရှိတော့ပါဘူး။

တခြားတစ်ယောက်ယောက်ရဲ့ အောင်မြင်မှုကို သင့်ကိုယ်ပိုင်အောင်မြင်မှု ရရှိဖို့အတွက် တွန်းအားတစ်ခုအဖြစ် အသုံးချနိုင်ပါတယ်။

ဒါပေမဲ့ သင့်မှာ မရှိတဲ့အရာတွေအတွက်တော့ ဘယ်တော့မှ စိတ်မကောင်းမဖြစ်ပါနဲ့။

 

၎။သင်တကယ် ချစ်မြတ်နိုးတဲ့ အရာတွေကို ပိုလုပ်ပါ

သင့်ကို ပျော်ရွှင်စေမယ့် အလုပ်တစ်ခုခုကို အနည်းဆုံး တစ်ခုလောက်ဖြစ်ဖြစ် နေ့တိုင်းလုပ်ပါ။

 

၅။ ဘ၀မှာအမြဲပြောင်းလဲနေတယ်ဆိုတာ အသိအမှတ်ပြုပါ

သင့်မှာ အလုပ်ကောင်းကောင်း မရလို့၊ ဒါမှမဟုတ် သင်မျှော်မှန်းထားသလောက် အဆင်မပြေလို့ စိတ်ဓါတ်ကျနေတယ်ဆိုရင် သင့်ရဲ့လက်ရှိအခြေအနေဟာ အခြေအနေတစ်ခုမျှသာ ဖြစ်တယ်လို့ လက်ခံပါ။

အရာအားလုံးဟာ ပြောင်းလဲကြပါတယ်။

 

၆။အကောင်းမြင်တတ်သူတွေနဲ့ ပေါင်းသင်းပါ

သင်အမြဲတမ်းပေါင်းသင်းနေတဲ့ သူတွေနဲ့ ပတ်သက်လို့ ဂရုစိုက်ပါ။

 ပျော်ရွှင်တဲ့သူတွေ၊ အကောင်းမြင်တတ်သူတွေနဲ့ ပေါင်းသင်းမယ်ဆိုရင် သင်လည်းပိုပြီးပျော်ရွှင်လာပါလိမ့်မယ်။

အကယ်၍ သင့်အပေါင်းအသင်းတွေက အဆိုးမြင်တတ်သူတွေဖြစ်နေမယ်ဆိုရင် အဲဒီအတွေးတွေ ဟာ သင့်ကိုလည်း လွှမ်းမိုးလာနိုင်တယ်ဆိုတာ ဂရုပြုပါ။

Recommended for you-လူတွေ ဘယ်အချိန်မှာ ရှုံးနိမ့်သလဲ????

၇။ အခြားသူတွေကို ကူညီပါ

အခြားသူတွေကို များများကူညီလေ၊ သင်ရဲ့ဘ၀နဲ့ ပတ်သက်လို့ ညည်းတွားနေဖို့ အချိန်မရလေပါပဲ။

ဒါတင်မကပါဘူး၊ လူတွေကို ကူညီခြင်းက သင့်ကို တကယ်ပဲ ပျော်ရွှင်စေနိုင်ပါတယ်။

ဒီအချက်လေးတွေကို လက်တွေ့ ကျင့်သုံးပြီး သူငယ်ချင်းတို့ အားလုံးပျော်ရွှင်ကြပါစေနော်...၊၊

(Myanmar Advertising Directory)

ကျွန်တော်တို့ MMRD မှ Myanmar Advertising Directory စာအုပ်များအပြင် အခြားသောစာအုပ်များလည်း ထွက်ရှိလာပါပြီနော်...၊၊

Directory Book 1

Read times
Rate this item
(1 Vote)