-->
×

Warning

JUser: :_load: Unable to load user with ID: 29


ေနာက္က်ၿပီလို႔ သင့္ကိုဘယ္သူေျပာလဲ

ေနာက္က်ၿပီလို႔ သင့္ကိုဘယ္သူေျပာလဲ google.com

လူအမ်ားအျပားကို အလြန္ႏွိပ္စက္ေျခာက္လွန္႔တတ္သည္႔ စကားတစ္ခြန္းရွိသည္။ အဲ႔ဒါကေတာ႔

“သိပ္ေနာက္က်သြားၿပီ” ဆိုေသာစကားပါ။

အထက္တန္းေက်ာင္းသားဘ၀မွ ေက်ာင္းထြက္လာခဲ႔ၿပီး အလုပ္ၾကမ္းေတြလုပ္ေနရျခင္းအတြက္ စိတ္မသက္မသာ ျဖစ္ေနသည္။ ခုေနေက်ာင္းျပန္တက္ၿပီး အတန္းပညာျပည့္စံုေအာင္ သင္လို႔ရရင္ သိပ္ေကာင္းမွာပဲဟု ေတြးသည္။ သုိ႔ေသာ္ “ခုေတာ႔ ေနာက္က်ေနပါၿပီ” တဲ႔။

ဒီေနာက္က်ပါတယ္ဆိုတဲ႔စကားကို က်ြန္ေတာ္တို႔ လူမွဳပတ္၀န္းက်င္မွာ ထမင္းစားေရေသာက္သဖြယ္ လြယ္လြယ္ကူကူကို ေျပာဆိုလာၾကတာပါ။

လုပ္ငန္းခြင္ထဲမွာဆုိလွ်င္လည္း ဒီလုိပါပဲ။ အခုေခတ္မွာဆိုလွ်င္ ကိုယ္႔ထက္ငယ္သူေတြရဲ႕ေနာက္ကို အမွီလုိက္ႏုိင္ပါမွ ေနရာတစ္ခုရလာမယ္႔ အေျခအေနေတြကိုလည္း ႀကံဳလာရပါၿပီ။ အဲ႔ဒါကို ငါကေတာ႔ အသက္ကလည္းႀကီး သင္ယူဖို႔ အခ်ိန္လည္း ေနာက္က်ေနပါၿပီ စသျဖင္႔ ေျပာဆုိမွဳမ်ိဳးေတြပါ။

ကိုယ့္ဘက္က ဘာမွမယ္မယ္ရရ ႀကိဳးစားအားထုတ္မွဳ မျပဳရေသးပါဘဲနဲ႕ ဒီေနာက္က်ပါၿပီ ဆုိတဲ႔စကားနဲ႔ ကိုယ္ရဲ႕ စိတ္အားထက္သန္မွဳ၊ ႀကိဳးစားအားထုတ္ခ်င္စိတ္ေတြကို ဖ်က္ဆီးလုိက္ပါၿပီ။ ဘယ္အသက္အရြယ္ျဖစ္ျဖစ္ ေနာက္က်တယ္ဆုိတာ မရွိပါဘူး။ ကိုယ္ယံုၾကည္ေသာ အလုပ္ေတြကို ဇြဲရွိရွိ ယံုၾကည္ခ်က္ရွိရွိ လုပ္ကိုင္ႏုိင္တဲ႔ အခြင္႔အေရးေတြ အျပည္႔အ၀ရွိပါတယ္။

ဘယ္သူေတြက ေနာက္က်တယ္ပဲေျပာေျပာ ကိုယ္ကိုယ္တုိင္က ေနာက္က်ေနပါၿပီလုိ႔ မသတ္မွတ္ခင္အခ်ိန္ထိ ေနာက္က်တယ္ဆုိတာ မရွိပါဘူး။

(Unicode Version)

လူအများအပြားကို အလွန်နှိပ်စက်ခြောက်လှန့်တတ်သည့် စကားတစ်ခွန်းရှိသည်။ အဲ့ဒါကတော့
“သိပ်နောက်ကျသွားပြီ” ဆိုသောစကားပါ။
အထက်တန်းကျောင်းသားဘဝမှ ကျောင်းထွက်လာခဲ့ပြီး အလုပ်ကြမ်းတွေလုပ်နေရခြင်းအတွက် စိတ်မသက်မသာ ဖြစ်နေသည်။ ခုနေကျောင်းပြန်တက်ပြီး အတန်းပညာပြည့်စုံအောင် သင်လို့ရရင် သိပ်ကောင်းမှာပဲဟု တွေးသည်။ သို့သော် “ခုတော့ နောက်ကျနေပါပြီ” တဲ့။
ဒီနောက်ကျပါတယ်ဆိုတဲ့စကားကို ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်မှာ ထမင်းစားရေသောက်သဖွယ် လွယ်လွယ်ကူကူကို ပြောဆိုလာကြတာပါ။
လုပ်ငန်းခွင်ထဲမှာဆိုလျှင်လည်း ဒီလိုပါပဲ။ အခုခေတ်မှာဆိုလျှင် ကိုယ့်ထက်ငယ်သူတွေရဲ့နောက်ကို အမှီလိုက်နိုင်ပါမှ နေရာတစ်ခုရလာမယ့် အခြေအနေတွေကိုလည်း ကြုံလာရပါပြီ။ အဲ့ဒါကို ငါကတော့ အသက်ကလည်းကြီး သင်ယူဖို့ အချိန်လည်း နောက်ကျနေပါပြီ စသဖြင့် ပြောဆိုမှုမျိုးတွေပါ။
ကိုယ့်ဘက်က ဘာမှမယ်မယ်ရရ ကြိုးစားအားထုတ်မှု မပြုရသေးပါဘဲနဲ့ ဒီနောက်ကျပါပြီ ဆိုတဲ့စကားနဲ့ ကိုယ်ရဲ့ စိတ်အားထက်သန်မှု၊ ကြိုးစားအားထုတ်ချင်စိတ်တွေကို ဖျက်ဆီးလိုက်ပါပြီ။ ဘယ်အသက်အရွယ်ဖြစ်ဖြစ် နောက်ကျတယ်ဆိုတာ မရှိပါဘူး။ ကိုယ်ယုံကြည်သော အလုပ်တွေကို ဇွဲရှိရှိ ယုံကြည်ချက်ရှိရှိ လုပ်ကိုင်နိုင်တဲ့ အခွင့်အရေးတွေ အပြည့်အဝရှိပါတယ်။
ဘယ်သူတွေက နောက်ကျတယ်ပဲပြောပြော ကိုယ်ကိုယ်တိုင်က နောက်ကျနေပါပြီလို့ မသတ်မှတ်ခင်အချိန်ထိ နောက်ကျတယ်ဆိုတာ မရှိပါဘူး။

Read times
Rate this item
(4 votes)