-->
×
Warning
JUser: :_load: Unable to load user with ID: 29
ASOS
ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့ ဖြစ်ပွားနေချိန်အတွင်း iPad နဲ့ Keyboard အသစ်ကို မိတ်ဆက်လိုက်တဲ့ Apple
Lysol
KFC
Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)
<<<Unicode>>>
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမှတ်တံဆိပ်ရဲ့ ကြော်ငြာများ အောင်မြင်ခြင်း သို့မဟုတ် ကျရှုံးခြင်း
ကမ္ဘာတစ်ဝှမ်းမှာ အသက်ပေါင်း ၅၀၀၀ ကျော်မက အသက်ဆုံးရှုံးစေတဲ့ Coronavirus ကူးစက်ရောဂါဟာ ရုတ်တရက် ပျံ့နှံ့မှုမြန်ဆန်ပြီး ဖြစ်ပွားမှုတိုးလာပါတယ်။ သောကြာနေ့က သမ္မတ Trump ရဲ့နိုင်ငံတော် အရေးပေါ်အခြေအနေအဖြစ် ကြေငြာခဲ့ခြင်းအပေါ် အမေရိကန်ပြည်ထောင်စုရှိ ဈေးကွက်ရှာဖွေသူများက အဆင်သင့် မဖြစ်ကြသေးပါဘူး။ အမှတ်တံဆိပ် ပိုင်ရှင်များစွာက အခုလိုရှုပ်ထွေးနေတဲ့အချိန်မှာ သူတို့ရဲ့ ကြော်ငြာတွေ (သို့မဟုတ်)ရွှေ့ဆိုင်းထားတဲ့ ကြော်ငြာတွေနဲ့ ရှေ့ကို ဘယ်လိုဆက်ရမလဲဆိုတာကို ဆွေးနေကြပါတယ်။ဆိုရှယ်မီဒီယာများတွင် ဝေဖန်ခံရပြီး ပယ်ချခံရသော သို့မဟုတ် ဗိုင်းရပ်စ်ကြောင့် ခေတ်ပြန်စားလာသော ကြော်ငြာအချို့ကို ဖော်ပြထားပါတယ်။
ASOS
၂၀၁၉ ခုနှစ် သြဂုတ်လတွင် ASOS သည်ပထမဆုံးသော chainmail face maskများကို စတင်မိတ်ဆက်လိုက်တဲ့အခါ e-commerce လက်လီအရောင်းဆိုင်သည် သူတို့၏ဒီဇိုင်းအတွက် အွန်လိုင်းမှလှောင်ပြောင်ခံရပါတယ်။ စတင်ဖြန့်ချီတဲ့ အချိန်မှာ လက်လီရောင်းချသူများက“ ပွဲတော်ရာသီ / တုပ်ကွေးရာသီ / အနီးကပ်စကားပြောသူများနဲ့ ဆက်ဆံခြင်း၊မင်းရဲ့တစ်နှစ်ပတ်လုံးကြိုက်နှစ်သက်စေမယ့်အရာ” လို့အရောင်းမြှင့်တင်ရန်ပြောခဲ့ကြပါတယ်။သူတို့က လွန်ခဲ့တဲ့လအနည်းငယ်က ဖက်ရှင်တွေအတွက် ဖြစ်ကောင်းဖြစ်လိမ့်မယ်။သို့သော် face maskများသည် coronavirus ဂယက်တွင် သတင်းအချက်အလက်များစွာရဲ့ အရင်းမြစ်ဖြစ်ခဲ့ပြီး ယခုအပတ် Facebook နှင့် Google တို့ကFace mask များအတွက် ကြော်ငြာများကိုပိတ်ပင်ထားရသည် အထိဖြစ်ခဲ့ပါတယ်။လွန်ခဲ့သော ၂၄ နာရီအတွင်း၊ တွစ်တာမှ သုံးစွဲသူများသည် face maskကြော်ငြာတွေ တွေ့ရလွန်းလို့ တိုင်တဲ့အထိတောင် ဖြစ်နေပါတယ်။
ငွေရောင် နဲ့ ရွှေရောင် face maskများကို၁၇ ဒေါ်လာ ဖြင့်ရောင်း ချသည့် ကြော်ငြာများသည် ASOS ဝက်ဘ်ဆိုက်မှ Userများက အလိုအလျောက်Share ယူသွားကြသည်။ သို့သော် ကုမ္ပဏီက မကြာသေးမီက ထုတ်ကုန်များကို အကုန်တင်ပို့လိုက်ပြီလို့ ပြောလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်နှင့် ပက်သက်သော အချက်အချာကျတဲ့ သတင်းအချက်အလက်တွေကို စတင်ထုတ်ပြန်တော့မယ့် WhatsApp
Norwegian Cruise Lines
Norwegian Cruise Lines ကြော်ငြာများသည် လွန်ခဲ့သောနှစ်ပတ်ခန့်က နေရာတိုင်းလိုလိုဖြစ်သော တီဗွီနှင့်လွှင့်ခြင်း၊ကြော်ငြာဆိုင်းဘုတ်များနှင့် လူမှုမီဒီယာပလက်ဖောင်းများပေါ်တွင် နေရာယူထားကြပါတယ်။ နယူးယောက်တိုင်းမ်သတင်းစာအရ ယခုနှစ်ဒီဂျစ်တယ်ကြော်ငြာများအတွက် Wayfair နှင့် Expedia ကဲ့သို့သော ဝက်ဘ်ဆိုက်များတွင် ကြော်ငြာများအတွက် ဒေါ်လာ ၁၀ သန်းနီးပါးပေးခဲ့တယ်လို့ နယူးယောက်တိုင်းမ်စ်သတင်းစာက CNN ပြပွဲ “Erin Burnett OutFront” တွင် Norwegian Cruise Lines ကြော်ငြာကို အဆင်မပြေကြောင်းဖော်ပြခဲ့ပါတယ်။
ကြော်ငြာမှာ လူတွေ သူတို့ရဲ့ အပျော်စီးသင်္ဘောပေါ်မှာ ပျော်မွေ့နေကြောင်းပြသထားတဲ့ ကြော်ငြာတစ်ခုဖြစ်ပါတယ်။ iSpot.tv ၏အဆိုအရ ၎င်းသည်မတ်လ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့တွင်ထုတ်လွှင့်ခဲ့တာဖြစ်ပြီး အဆိုပါcruise lineသည် ဗိုင်းရပ်စ်ကြောင့်တားမြစ်နေချိန်မှ ထုတ်လွှင့်တာက ကံမကောင်းတာပါပဲ။ဗိုင်းရပ်စ်ကို တိုက်ဖျက်ရန်အတွက် တားမြစ်မှုတွေက Cruise လုပ်ငန်းကိုအကြီးအကျယ်ထိခိုက်ခဲ့ပြီး သောကြာနေ့က Norwegian Cruise Linesသည် ဧပြီလ ၁၁ ရက်နေ့အထိ ခရီးစဉ်များခေတ္တရပ်ဆိုင်းမယ် လိ့ုကြေညာခဲ့ပါတယ်။
Lysol
ကူးစက်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း မှာကုန်အမှတ်တံဆိပ်အားလုံးဟာ နာမည်ကြီးလာတာမဟုတ်ပါဘူး။ သန့်ရှင်းရေးတံဆိပ်များဟာ ရောင်းထွက်နေကြပြီး၊ Reckitt Benckiser ရဲ့ Lysol ကအကောင်းဆုံးတံဆိပ်တစ်ခုဖြစ်ပါတယ်။RB ရဲ့ Lysol ဦး ဆောင်သော sprayသန့်စင်ဆေးသည် လွန်ခဲ့သောတစ်နှစ်ကထက် ၃၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း Nielsen ကပြောကြားခဲ့ပါတယ်။သို့သော် စတိုးဆိုင်များတွင် Lysol wipes နှင့်sprayများပြတ်တောက်မှုရှိနေပြီး Lysol ၏လက်ရှိကြော်ငြာသည် လူများအတွက် ထုတ်ကုန်များကိုအလွယ်တကူ ဝယ်ယူရန် တတ်နိုင်ခြင်း မရှိသောကြောင့် အချို့သောအရာများသည် မသုံးနိုင်လောက်တဲ့ထိဖြစ်ကြရပါတယ်။
Lysol သည်တီဗွီနှင့်social mediaတို့တွင်ကြော်ငြာသုံးခုတင်ထားပါတယ်။နှစ်ခုသည် ၎င်းရဲ့spray ကိုအရောင်းမြှင့်တင်ထားပါသည်။ iSpot.TV ၏အဆိုအရ၎င်းတို့သည် ကြော်ငြာကို မတ်လ ၁၅ ရက်နေ့ထိ ထုတ်လွှင့်နေဆဲဖြစ်ပြီး ကြော်ငြာကတော့ ယောက်ျားလေးတစ်ဦး က သူရဲ့ နှာစေးနေသောနှာခေါင်းကိုပွတ်တိုက်ပြီး အနီးအနားရှိ အရုပ်တစ်ရုပ်ကို ကပ်သုတ်သည့်ဗီဒီယိုတစ်ခုတွင် ဆေးမှုတ်သည့် Sprayသည် Coronavirus မဟုတ်ဘဲ H3N2 တုပ်ကွေးဗိုင်းရပ်စ်ကို သေစေသည်ဟုဖော်ပြထားပါတယ်။ ထုတ်ဝေရန် အချိန်မီ မမီကို Reckitt Benckiser ကဘာမှ တုံ့ပြန်မပြောသေးပါဘူး။
KFC
ကြာသပတေးနေ့တွင်, KFC ရဲ့ကြော်ငြာက ကြက်ကြော်စားပြီးနောက် Chopin စန္ဒရားဂီတ နောက်ခံဖြင့် Customerများက မိမိတို့ရဲ့ လက်ချောင်းများလျက်နေတဲ့ “finger lickin’ good”ကြော်ငြာပဲဖြစ်ပါတယ်။Mother London အေဂျင်စီက ဖန်တီးထားတာဖြစ်ပြီး လမ်းဘေးကြော်ငြာဆိုင်းဘုတ်တွေမှာ လူတွေဟာသူတို့ရဲ့လက်ချောင်းတွေကို “It’s and “good” ဆိုတဲ့ စကားလုံးတွေနဲ့ လျက်နေတယ်ဆိုတာပြသထားပါတယ်။ U.K. ရှိ ကြော်ငြာစံချိန်စံညွှန်းဆိုင်ရာအာဏာပိုင်အဖွဲ့က Ad Age ကိုကြော်ငြာများနှင့် ပတ်သက်၍ တိုင်တန်းမှု ၁၆၃ ခုလက်ခံရရှိကြောင်း၊ဗိုင်းရပ်စ်ကြောင့် တားစီးထားတဲ့အရာတွေကိုချိုးဖောက်ခြင်းဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပါတယ်။
"ဒီCampaign ကိုထုတ်လွှင့်ဖို့ အချိန်သင့်တော်တယ်လ့ို မခံစားရသေးပါဘူး။ ဒါကြောင့်ကျွန်တော်တို့ ကြော်ငြာကိုခေတ္တရပ်နားဖို့ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့်ကျွန်တော်တို့ တကယ်ဂုဏ်ယူတယ်၊ နောက်မှအောင်မြင်မှုနဲ့ ပြန်လာဖို့မျှော်လင့်ပါတယ်။ "လို့ KFCမှပြောကြားသွားခဲ့ပါတယ်။
Reference Source: Ad Age
Myanmar Advertising Directory
Categories Link
Kay Khing Kyaw
Henry Phyo Nyein Aung
Phyo Thazin Shwe
Hninn Yu San
Pwint Thitsar Lin
Win Win Htwe
Share
Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)
Screen reader support enabled.
Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)
Henry Phyo Nyein Aung has joined the document.
Read times
Rate this item
(0 votes)