-->
×

Warning

JUser: :_load: Unable to load user with ID: 29


Customer တွေ ဈေးဆစ်တယ်ဆိုတာ...

Customer တွေ ဈေးဆစ်တယ်ဆိုတာ... google

တချို့ဆို အားနာလို့ ရောင်းလိုက်မိတော့ ရှုံးတောင် ရှုံးသေးတယ် ပြောကြပါတယ်။

ဒါဆိုရင် ဘယ်လို ရောင်းမလဲဆိုတာ မပြောခင်မှာ ဘာကြောင့် ဈေးဆစ်သလဲဆိုတာကို အရင်စဉ်းစားကြည့်ရအောင်။ ဖြစ်နိုင်ခြေတွေကတော့


၁။ ဆစ်ချင်လို့ ဆစ်တာ

ဟုတ်တယ်။ အကျင့်ပါနေတာ၊ ဆစ်ကို ဆစ်လိုက်ရမှဆိုတဲ့ အကျင့်ရှိနေတဲ့အတွက် ဆစ်ကြည့်တာပါ။


၂။ ဆစ်လို့ ရလို့ ဆစ်တာ

ဈေးဝယ်စင်တာတွေမှာ ဘယ်သူမှ ဈေးမဆစ်ကြပါဘူး။ ဆစ်လို့လဲ မရဘူးလေ။

Read More; Social Media မှာ သင့် Brand ပေါက်အောင် ဘယ်လို Post တင်မလဲ


၃။ ထပ်သက်သာမလား သိချင်လို့ ဆစ်တာ

ဒါကတော့ ကိုယ်မှန်းထားတဲ့ ဈေးနှုန်းနဲ့လဲ ကိုက်တယ်။ ဒါပေမယ့် ဒီထက်များ လျှော့နိုင်အုန်းမလားဆိုတာ သိချင်လို့ဆစ်တာ။


၎။ လိုချင်တယ်၊ သူတတ်နိုင်တဲ့ ဈေးရမလား လို့ဆစ်တာ

ဒါကတော့ ရှင်းပါတယ်။ ကိုယ့်ပစ္စည်းကိုလဲ ကြိုက်တယ်။ ဒါပေမယ့် သူတတ်နိုင်တဲ့ ပမာဏ မဟုတ်တဲ့ အတွက်ကြောင့် သူတတ်နိုင်တဲ့ ပမာဏ တစ်ခုရနိုင်မလား ဆစ်ကြည့်တာပေါ့။

Read More; လုပ်ငန်းအများကြီး လုပ်နေတဲ့သူတွေအနေနဲ့ သိထားသင့်တဲ့ အချက်များ


၅။ မတန်ဘူး ထင်လို့ ဆစ်တာ

ကိုယ့်ပစ္စည်းက ပေးရမယ့်ဈေးနဲ့ မတန်ဘူးထင်လို့ ထပ်ဆစ်တာ။


၆။ အပျင်းပြေ ဆစ်တာ

တကယ်ပြောတာ၊ တခါတလေ တချို့ က ၀ယ်ဖို့လဲ အစီအစဉ် မရှိဘူး။ အချိန်ရလို့ သွားရင်းလာရင်း၊ အွန်လိုင်းတက်ရင်း မေးရင်းနဲ့ အပျင်းပြေ ဆစ်တာမျိုးပေါ့။

ဈေးဆစ်နေတယ်ဆိုရင် အပေါ်က ဘယ်အခြေအနေမျိုး နဲ့ ဆစ်နေတာလဲ ဆိုတာ မျိုးကို အရင် အကဲဖြတ် သင့်ပါတယ်။ ဒါမှလဲ တုန့်ပြန်ပုံကို ရွေးချယ်လို့ ရမှာပါ။ ကဲ ဒီထဲမှာလဲ ဒီလိုအတွေ့အကြုံတွေ ရှိကြမှာပေါ့။ ဘယ်အခြေအနေတွေကို ဘယ်လိုနည်းတွေနဲ့ ကျော်ဖြတ်ကြမလဲ။

 

Source; မင်းသန်းထွဋ်

Myanmar Advertising Directory

Read times
Rate this item
(1 Vote)