-->
×

Warning

JUser: :_load: Unable to load user with ID: 29


Company တွေအနေဖြင့် Google Adwords နဲ့ Facebook ads ဘယ်ဟာပို သုံးသင့်လဲ..?

Company တွေအနေဖြင့် Google Adwords နဲ့ Facebook ads ဘယ်ဟာပို သုံးသင့်လဲ..? google

Company တော်တော်များများက Google adwords နဲ့ Facebook ads မှာ ဘယ်ဟာကို သုံးသင့်သလဲဆိုတာ တွေဝေနေတတ်ကြပါတယ်။

 

ဒီ article ကို ဖတ်ပြီးချိန်မှာတော့ Facebook မှာ targeting နဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူးတွေ ပိုရတယ်ဆိုတာ သင်နားလည်လာပါလိမ့်မယ်။

Google Adwords တွေလိုပဲ Facebook ad တွေကလည်း ငွေကုန်ကြေးကျ သက်သာသလို target အားလည်းကောင်းပါတယ်။ သာမန်ကြည့်ရင်တော့ ဒီနှစ်ခုဟာ အတူတူပဲလို့ထင်ရပေမယ့် တချို့ကွာခြားတဲ့အချက်တွေရှိပါတယ်။

(1) မတူညီတဲ့ Targeting system တွေ

Facebook မှာဆိုရင် စိတ်ဝင်စားမှု, လူဦးရေစာရင်းနဲ့ နေရာဒေသ စတဲ့ အဓိကအချက် 3 ချက်အပေါ်မှာ မူတည်ပြီး target ထားလို့ရပါတယ်။ ဒါမှသာ သင့်ရဲ့ ကြော်ငြာတွေဟာ မှန်ကန်တဲ့ audience တွေဆီ ရောက်မှာဖြစ်ပြီး သူတို့သာလျှင် သင့်ရဲ့ကြော်ငြာကို မြင်ရမှာပါ။

Google Adwords တွေကလည်း user တွေနှစ်သက်ရာပေါ်မူတည်ပြီး ကြော်ငြာတာပါပဲ။ ဒါပေမယ့် Facebook နဲ့မတူတဲ့အချက်ကတော့ Google က လူတွေကို မသိပါဘူး။ user တွေ Like လုပ်သလား Follow လုပ်လားဆိုတာလည်း မသိနိုင်သလို personal profile တွေက data ကိုလည်း မြင်ရမှာမဟုတ်ပါဘူး။ Google ad တွေဟာ search box ကနေရှာတတ်တဲ့ terms တွေနဲ့ ဆက်စပ်နေတာပါ။ ဥပမာ ‘business courses’ ဆိုပြီး search လုပ်လိုက်ရင် business courses ဆိုတဲ့ စာလုံးပါတဲ့ ad တွေကို မြင်ရပါမယ်။ ဒါကြောင့် Google ad တွေမှာ keyword တွေကသာ အဓိကဖြစ်ပြီး ဘယ်သူ့ကိုမှ သတ်သတ်မှတ်မှတ် target ထားလို့မရပါဘူး။

(2) Facebook ads Vs Adwords ads

Facebook ad တွေကို ဖန်တီးတဲ့ process က adword တွေနဲ့မတူပါဘူး။ Facebook မှာက audience တွေ ဘာကိုလိုအပ်နေသလဲဆိုတာထက် ဘယ်လို audience တွေလဲ ဆိုတာကိုပဲ အာရုံစိုက်ပြီး target ထားပါတယ်။ လူဦးရေ စာရင်းအရ target ထားတဲ့နေရာမှာလည်း facebook က အဆင်ပြေပါတယ်။ ဒါ့အပြင် Facebook ကြော်ငြာတွေရဲ့ ဈေးနှုန်းကလည်း Adword တွေရဲ့ သုံးပုံတစ်ပုံလောက်သာကျသင့်ပါတယ်။

(3) အမှတ်တံဆိပ် ခိုင်မာအောင်တည်ဆောက်ခြင်း

Google adword တွေကို နှိပ်လိုက်မိရင် ကြော်ငြာတွေရှိတဲ့ website တွေကို သူ့အလိုလိုရောက်သွားမှာဖြစ်ပါတယ်။ ဒီလို website တွေမှာ ကြော်ငြာတွေအရမ်းများနေရင်လည်း လူတွေရဲ့ ယုံကြည်မှုကိုလျော့ကျစေပြီး ကုမ္ပဏီရဲ့ rating မှာ ကျမှာ အသေအချာပါ။ Facebook ad တွေမှာတော့ user တစ်ယောက်က ကြော်ငြာတစ်ခုခုတွေ့လိုက်လို့ အဲဒီ brand ရဲ့ page ကို ဝင်ကြည့်လိုက်တယ် ဆိုပါစို့။ သူ့ရဲ့ သူငယ်ချင်းတွေထဲက တစ်ယောက်ယောက်က အဲဒီ page ကို like လုပ်ထားတာမြင်ရင် သူတို့ရဲ့ ယုံကြည်မှု ပိုလာတတ်ပါတယ်။ ဒါ့အပြင် user တွေဟာ Facebook ad တွေကို click မနှိပ်ခင် ဘယ် brand ကကြော်ငြာလဲဆိုတာနဲ့ brand အကြောင်း အရင်သိအောင်လုပ်လို့ရပါတယ်။ ဒါကြောင့် ကိုယ်မသိတဲ့ မရောက်ချင်တဲ့ page တွေ website တွေကို ဝင်မိမှာ စိတ်မပူရပါဘူး။

(4) လူမှုပထဝီအရ target ထားနည်းနဲ့ keyword အလိုက် target ထားနည်း

Google Adwords တွေကလည်း ဒီနှစ်မျိုးလုံး target ထားလို့ရပါတယ်။ ဒါပေမယ့် Facebook မှာ target ထားတာက ပိုတိကျပါတယ်။ ဘာကြောင့်လဲဆိုတော့ Facebook ရဲ့ user profile တော်တော်များများမှာ သူတို့ရဲ့ Location ထည့်ထားတတ်ကြလို့ပါပဲ။ နေရာဒေသအလိုက် target ထားတော့မယ်ဆိုရင် သင့်ရဲ့ ad တွေက သင် target ထားတဲ့ ဒေသက လူတွေဆီကိုပဲရောက်မှာ အသေအချာပါ။ Google Adword တွေကတော့ သေချာသိတာဆိုလို့ လောလောဆယ်လူတွေ ဘာ keyword တွေနဲ့ ရှာနေသလဲဆိုတာပဲ ရှိပါတယ်။ ဒါကြောင့်လည်း မှန်ကန်တဲ့ audience တွေဆီရောက်နိုင်ချေနည်းလှပါတယ်။

(5) ဘယ်အရာက အကောင်းဆုံးလဲ?

Facebook ad တွေက google agword တွေထက်စာရင် click throung rate တွေ conversation တွေ ပိုရမှာမှန်ပေမယ့် သတိထားရမှာတစ်ခုက Facebook ရဲ့ algorithm ပြောင်းလဲလာတဲ့နောက်ပိုင်းမှာ အရင်ကရခဲ့တဲ့ reach ကိုရောက်ဖို့ ခက်ခဲလာပြီဆိုတာပါပဲ။ ဒါပေမယ့် သင်သာ ကြော်ငြာတစ်ခုခု စတင်ဖန်တီးတော့မှာဖြစ်ဖြစ် post တွေကို promote လုပ်မှာဖြစ်ဖြစ် သင့်ရဲ့အကောင်းဆုံး customer တွေကိုတော့ အသိပေးဖို့ လွယ်ကူလှပါတယ်။

(6) Facebook ad တွေအတွက်လည်း အလွန်အကြူး အကုန်အကျခံတာမျိုးမလုပ်မိပါစေနဲ့။

တကယ် အကျိုးရှိမယ့် Facebook ad တစ်ခုကိုဖန်တီးဖို့ဆိုတာ လွယ်လှတာတော့မဟုတ်ပါဘူး။ ဒါ့အပြင် CPC ဒါမှမဟုတ် CPM နဲ့ budget ကို စဉ်းစားတာကလည်း အရေးပါပါတယ်။ မှန်မှန်ကန်ကန် စဉ်းစားနိုင်ရင်တော့ budget နည်းနည်းနဲ့ ရလဒ်ကောင်းကောင်းထွက်လာနိုင်ပါတယ်။

Source: Moe

Read times
Rate this item
(1 Vote)