-->
×

Warning

JUser: :_load: Unable to load user with ID: 29






 

ကမ္ဘာ့ငွေရေးကြေးရေး ကပ်ဆိုက်သော ၂၀၀၈ ကာလထက် ကိုရိုနာ ရောဂါဖြစ်ပွားခြင်းက ကြော်ငြာ လောကအတွက် ပိုဆိုးစေလိမ့်မည်ဟုဆို

 

အခြေအနေတွေကြောင့် ထိခိုက်မှုရှိတဲ့ ၀န်ထမ်းတွေကို ၄င်းရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ပြန်လည် နေရာချထား ပေးသွားမယ်လို့ Nineက ပြောသွားပါတယ်။



 

Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)

 

 

 

<<<Unicode>>>

 

 

 

ကိုရိုနာရောဂါကြောင့် မဂ္ဂဇင်း ထုတ်ဝေမှု့များရပ်တန့်ပြီး Print ကြော်ငြာခေတ်ပျက်လာ

================

Nineက coronavirus ကူးစက်မှုကြောင့် ၎င်းရဲ့ ကြော်ငြာဝင်ငွေအပေါ် အကျိုးသက်ရောက်မှုတွေကို ကိုင်တွယ်ရန် ပုံနှိပ်ထုတ်ဝေသည့် ကဏ္ဍ အတော်များများကို ဆိုင်းငံ့လိုက်ပါတယ်။

Boss ၊Sophisticated Traveller ၊Luxury ၊Good Food Magazine နှင့် Executive Style စသည့် အပတ်စဉ်မဟုတ်သော မဂ္ဂဇင်းများကို ခတ္တရပ်နားထားမှာ ဖြစ်ပြီး Nine ရဲ့ အခြားမဂ္ဂဇင်းများနဲ့ သတင်းစာများတွင် ၎င်းသတင်းအကြောင်းအရာ အချို့ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။

ဗိုင်းရပ်ကြောင့် အခုလို ရပ်နားမှုတွေက Traveller liftout၊ Domain မဂ္ဂဇင်းများနှင့် Shortlist event လမ်းညွှန်များကိုလည်း ထိခိုက်စေပါတယ်။

 

ကိုရိုနာ ဗိုင်းရစ်ဖြစ်ပွား စဉ် Facebook မှ ကြော်ငြာ ရောင်းအားပိုမိုတက်လာ

 

အခြေအနေတွေကြောင့် ထိခိုက်မှုရှိတဲ့ ဝန်ထမ်းတွေကို ၎င်းရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ပြန်လည် နေရာချထား ပေးသွားမယ်လို့ Nineက ပြောသွားပါတယ်။

“ စီးပွားရေးလုပ်ငန်း တော်တော်များများလိုပဲ Nine ဟာ COVID-19 ဖြစ်ပွားမှုနှင့်ကြော်ငြာဈေးကွက်အပေါ် အကျိုးသက်ရောက်မှုတွေကြောင့် သူ့ရဲ့စီးပွားရေးကို ပြန်လည်ဆန်းစစ်ပြီး ပုံနှိပ်ခြင်းကဏ္ဍ အချို့ကိုဆိုင်းငံ့ခြင်း အပါအဝင် အဆင့်များစွာကို လုပ်ဆောင်နေပါတယ်”

“ ဒီယာယီ အစီအစဉ်တွေကို အမြဲ ပြတ်ပြန်လည်သုံးသပ်သွားမှာပါ။သက်ရောက်မှုခံ၇သောကြောင့် ထိခိုက်နစ်နာသွားတဲ့
ဝန်ထမ်းများကို သင့်လျော်သလို ပြန်လည်နေရာချထားပေးသွားမယ်။" လို့ Nine ပြောရေးဆိုခွင့်ရှိသူတစ်ဦး က ပြောကြားခဲ့ပါတယ်။

 

 

Ref : AdNews

Myanmar Advertising Directory

 

Read times
Rate this item
(0 votes)