-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကြောငြာလုပ်ငန်းအကြောင်း တစေ့တစောင်း

ကြောငြာလုပ်ငန်းအကြောင်း တစေ့တစောင်း google

ကြော်ငြာလုပ်ငန်း ဆိုတာ ကြားဖူးပြီးသား ဖြစ်ကြမှာပါ။

လမ်းပေါ်ထွက်ရင်လည်း ဘေဘုတ်တွေ၊ ရုပ်သံကြည့်လည်း ကြော်ငြာတွေ၊ ပွဲတွေသွားလည်း လက်ကမ်းစာစောင်တွေ၊ အင်တာနက်ပေါ်မှာ၊ သတင်းစာမှာ၊ မဂ္ဂဇင်းမှာ အမြဲမြင်နေရမှာပဲ။ လူအတော်များများကတော့ ကြော်ငြာတွေက တစ်ခုနဲ့တစ်ခု ထူးမခြားနားပဲ၊ ငွေသက်သက် ဖြုန်းနေတာပဲလို့ ထင်ကြတယ်။ ကုန်ပစ္စည်းက တကယ် အရည်အသွေးကောင်း နေရင်ရောင်းရမှာပဲ ဘာမှကြော်ငြာနေစရာ မလိုပါဘူးလို့ ထင်ကြပါတယ်။

 

ရုပ်သံဇတ်လမ်းတွဲတွေကြားမှာ ကြော်ငြာတွေဝင်တာစိတ်ပျက်တယ်။ ဖေ့စဘွတ်မှာဆိုလည်း စပွန်စာပေ့ခ်ျတွေက နေရာတကာ၊ ကိုယ်မလိုအပ်တဲ့ မလိုချင်တဲ့ ကုန်ပစ္စည်းတွေ လိုက်ကြော်ငြာနေကြတာကို စိတ်ပျက်နေမယ်။ ကျွန်ပ်တို့ သိပ်မနှစ်သက်တဲ့ကြော်ငြာတွေ ခေတ်အဆက်ဆက် သက်ဆိုးရှည်နေတာ သိပ်စိတ်ဝင်စားစရာကောင်းတယ်။ သူတို့ကို ဘယ်သူတွေက ထောက်ခံပေးနေတာလဲ။ ကုမ္ပဏီတွေပဲမို့လား။ သူတို့ပစ္စည်းရောင်းရဖို့အတွက် ကြော်ငြာမယ်။ ကြော်ငြာကုန်ကျစရိတ်ကို ကုန်ပစ္စည်းရဲ့ဈေးနှုန်းထဲကို ထည့်ပေါင်းမယ်။

 

ကြော်ငြာတွေကြောင့် နေရင်းထိုင်ရင်း စားသုံးသူ တွေက ဈေးကြီးပေး ဝယ်စားနေရတယ်။ ဒီအခင်းအကျင်းကြီးက မလွဲမရှောင်သာဘူး။ စိတ်ပျက်ဖို့ကောင်းတယ်။ လူတိုင်းလဲစိတ်ပျက်နေမယ်လို့ တော့ထင်မိပါတယ်။ လူတိုင်းစိတ်ပျက်နေရင်ကော ဘာလို့များ ဒီစနစ်ကြီးက နှစ်ပေါင်းရာချီကြာ တည်မြဲနေရတာလဲ။ ကြော်ငြာတွေရဲ့အခန်းကဏ္ဍဟာ စီးပွားရေးနယ်ပယ်အတွက် သိပ်အရေးကြီးတဲ့အကြောင်း သိလိုက်ရတဲ့အချိန်မှာ နည်းနည်းတော့ ကျေနပ်သွားခဲ့ပါတယ်။

 

ကျွန်ပ်တို့ထင်သလို ကြော်ငြာတွေက အပိုအလုပ်မဟုတ်ဘူး။ ကြော်ငြာတိုင်း ကုန်ပစ္စည်းဈေး တက်သွားတာမဟုတ်ဘူး။ ကြော်ငြာတွေက စီးပွားရေးကို သယ်ပိုးနေတယ်။ ဒီလိုအကျိုးပြုတဲ့အချက်တွေကို အများအားဖြင့်တွေ့ရတယ်။ ဒါပေမယ့် စုန်းပြူးဆိုတာ ဘယ်နေရာမဆို ရှိတတ်ပါတယ်။ ကြော်ငြာလောကမှာလည်း ရှိတယ်။ ကြော်ငြာကို မှားယွင်းစွာအသုံးချတာ၊ နုံချာစွာအသုံးချတာတွေက ကြော်ငြာရဲ့သိက္ခာနဲ့ ကောင်းမွန်တဲ့ပုံရိပ်ကို ပျက်စီးစေတယ်။

 

ဒါပေမယ့် ကောင်းကောင်းလုပ်တဲ့ သူတွေ ရှိနေပြန်တာကြောင့် ကြော်ငြာလုပ်ငန်းက ဆက်တည်မြဲနေတယ်။ မိမိ တို့မြင်နေရတဲ့ ကြော်ငြာဆိုးတွေဟာ ကြော်ငြာလောကကို ဖျက်စီးသူတွေ၊ တနပ်စားတွေနဲ့ လူညံ့တွေရဲ့လက်ချက်ဖြစ်ပြီး၊ ဆန့်ကျင်ဖက်အနေနဲ့ တစ်ခါတစ်လေ မိမိတို့ ရင်ထဲရောက်သွားတဲ့ ကြော်ငြာကောင်းလေးတွေကိုတော့ ညဏ်ကြီးရှင်တွေက စေတနာကောင်းနဲ့ ဖန်တီးတယ်။

 

တစ်ခါတစ်လေမှာ သူတို့က ကြော်ငြာနဲ့တောင် မတူဘူး။ သိပ်နှစ်လိုဖွယ်ရှိတယ်။ ဒီလိုကြော်ငြာလေးတွေကို လပေါင်းများစွာ၊ တစ်ချို့ဆို နှစ်ပေါင်းများစွာအထိ မှတ်မိစေနိုင်တယ်။ ကြော်ငြာညွှန်းလို့ ကုန်ပစ္စည်းရဲ့ကောင်းကွက်ကို မှတ်မှတ်ထင်ထင် ဖြစ်နေစေမယ်။ မိမိက သဘောကျမယ်။ ကုန်ပစ္စည်းကို အားပေးတဲ့အပြင် ထောက်ခံဦးမယ်။ ဒါက မိမိနဲ့ ကုန်ပစ္စည်းကြားက ဆက်နွယ်မှု ဖြစ်သွားတယ်။ ဒါတွေကို ကောင်းမွန်တဲ့ ကြော်ငြာလုပ်ငန်းရဲ့ သင်္ကေတပါ။

 


Source; Advertising Notes

Myanmar Advetising Directory


Read More...သာလွန်ကောင်းမွန်တဲ့ ၀န်ဆောင်မှု တစ်ခုဖြစ်အောင် ဘယ်လိုဖန်တီးကြမလဲ

Read times
Rate this item
(2 votes)