-->
×

Warning

JUser: :_load: Unable to load user with ID: 29


စီးပွားရေးလုပ်ငန်းတစ်ခုအတွက် အရေးကြီးဆုံးဖြစ်တဲ့ Customer Service

စီးပွားရေးလုပ်ငန်းတစ်ခုအတွက် အရေးကြီးဆုံးဖြစ်တဲ့ Customer Service Pexels

မိမိစီးပွားရေးလုပ်ငန်းမှာ ၀ယ်သူဖောက်သည်တွေက အရေးကြီးပါတယ်။ No Customer, No Business လို့ဆိုပါတယ်။

ဝယ်သူဖောက်သည်တွေကို ဂရုစိုက်တာက သင့်လုပ်ငန်းကိုဂရုစိုက်တာနဲ့ အတူတူ ဖြစ်ပါတယ်။စီးပွားရေးလုပ်ငန်း လုပ်ကိုင်ကြတဲ့ လူတိုင်းနေ့စဉ် ၀ယ်သူဖောက်သည်တွေနဲ့ ဆက်ဆံရပါတယ်။ သင့်လုပ်ငန်းအတွက် Customer Service ပေးတဲ့အခါမှာ အသုံးဝင်စေမယ့် အချက်လေးတွေကို ဖော်ပြပေးမှာပဲဖြစ်ပါတယ်။


Respect

Customer တွေကို လေးစားပါ ။ ၀ယ်သူဖောက်သည်တွေက ကျွန်တော်တို့ စီးပွားရေးအတွက် အရေးကြီးသူတွေဖြစ်ပါတယ်။ ၀ယ်သူဖောက်သည်တွေတာ မရှိရင် သင့်စီးပွားရေးလည်းမရှိနိုင်ပါဘူး။ ဒါကြောင့် ၀ယ်သူဖောက်သည်တွေနဲ့ ဆက်ဆံတဲ့အခါ လေးလေးစားစားဖြစ်ဖို့လိုပါတယ်။


Support

ဝယ်သူဖောက်သည်တွေ လိုအပ်တာ ကူညီဆောင်ရွက်ပေးပါ။ တစ်ခါတစ်ရံမှာ ကိုယ်လုပ်ပေးလိုက်တာ နည်းနည်းပဲဆိုပေမယ့် ၀ယ်သူဖောက်သည်တွေဆွဲသွားရင် သူတို့ရဲ့စိတ်ထဲမှာဆွဲသွားစေပါတယ်။ ဒါကြောင့်ဝယ်သူဖောက်သည်တွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရပါမယ်။

သင့်စီးပွားရေးလုပ်ငန်းအတွက် ကြော်ငြာ Video တစ်ခုဖန်တီးဖို့ လိုအပ်တဲ့ အချက် ၂ချက်


Empathic

ဝယ်သူဖောက်သည်တွေကို မျှဝေခံစားပေးပါ။ ၀ယ်သူဖောက်သည်တွေ မသိလို့မေးတာ ၊ သိချင်တာကို ထပ်ခါတစ်လဲလဲ မေးနေတာ ဟာ မိမိကုန်ပစ္စည်းကို ၀ယ်ချင်လို့မေးနေတာဖြစ်ပါတယ်။ ရစ်နေတယ်လို့မထင်ပါနဲ့ ။ မသိလို့မေးနေတာ၊ ၀ယ်ချင်လို့မေးနေတာ လို့မြင်ပါ ။ ၀ယ်သူဖောက်သည်တွေကို စာနာမှု့ရှိပါ။


Listening

နားထောင်ပေးပါ။ ဝယ်သူဖောက်သည်တွေ လိုချင်တာ၊ လိုအပ်တာ ကို နားထောင်ပေးပါ။ သူတို့လိုအပ်တာကိုသိမှ ၀န်ဆောင်မှု့ပေးနိုင်မှာဖြစ်ပါတယ်။ နားထောင်တာ အရေးကြီးပါတယ်။ Active Listening ဖြစ်ဖို့လိုအပ်ပါတယ်။ ၀ယ်သူပြောနေတာကို သေချာနားထောင်တာ၊ ထောက်ခံကြောင်း ခေါင်းတစ်ငြိမ့်ငြိမ့်လုပ်တာ ၊ မေးခွန်းတွေပြန်မေးပေးတာမျိုး လုပ်သင့်ပါတယ်။


Friendly

ဝယ်သူဖောက်သည်တွေနဲ့ ခင်မင်ရင်းနှီးစွာနေပါ။ ၀ယ်သူတွေနဲ့ ရင်းနှီးမှု့ရှိရင် ပိုရောင်းရပါမယ်။ ၀ယ်သူတွေနဲ့ ရင်းနှီးအောင် ဆက်ဆံပါ။


Smiling Face

Customer Service ပေးသူတွေရဲ့ မျက်နှာက ပြုံးနေတဲ့ မျက်နှာမျိုးရှိပါတယ်။ ဒါပေမယ့် Different Customer , Different Service ပေးဖို့လိုပါတယ်။ ဟိုတယ် က Service ပေးတာနဲ့ ဆေးရုံက Service ပေးတာ မတူပါဘူး။ ဆေးရုံက Service ပေးတဲ့သူရဲ့ အပြုံးက စာနာတက်တဲ့အပြုံး၊ မျှဝေခံစားတက်တဲ့ အပြုံးမျိုး ဖြစ်ဖို့လိုပါတယ်။


Understanding

ဝယ်သူကို နားလည်တက်တာ အရေးကြီးပါတယ်။ ၀ယ်သူတွေရဲ့ လိုအပ်ချက်က အမျိုးမျိုးရှိတက်ကြပါတယ်။ ဥပမာ ဆိုင်တစ်ဆိုင်မှာ ဖုန်းတစ်လုံး လာဝယ်တယ်ဆိုပါစို့။ အဲဒီဖုန်းက လာဝယ်တဲ့ အန်တီကြီး ကိုင်မှာ မဟုတ်ဘူး ။ သူ့သားလေး အတွက် လက်ဆောင်ပေးချင်တယ် ဆိုပါစို့။ သူ့ရဲ့ လိုအပ်ချက်က သူဝယ်ပေးတဲ့ ဖုန်းကို သူ့သားလေး ကြိုက်နှစ်သက်တာကို လိုချင်တယ်။ ဒီအတွက် ရောင်းသူတွေအနေနဲ့ သူမေးနေတာတွေက သူ့သားလေးအတွက် မေးနေတာကို သဘောပေါက်ဖို့လိုပါတယ်။


Trust

ဝယ်သူတွေကို ယုံကြည်မှု့ပေးရပါမယ်။ ဈေးဝယ်တဲ့အခါ ၀ယ်သူနောက်က တစ်ကောက်ကောက် လိုက်နေတာကို ၀ယ်သူတွေမကြိုက်ကြပါဘူး။ ၀ယ်သူတွေကို ယုံကြည်ဖို့လိုပါမယ်။ အရောင်းအ၀ယ်ဖြစ်ဖို့မှာ အပြန်အလှန် ယုံကြည်ဖို့လိုအပ်ပါတယ်။

အထက်ဖော်ပြပါ အချက်တွေကတော့ Customer Service Skill အတွက် လိုအပ်တဲ့အခြေခံ Skill တွေပဲဖြစ်ပါတယ်။


Source; Aung Si Lin

Myanmar Advertising Directory

Read times
Rate this item
(0 votes)