၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၀ ရက် (ကြာသပတေးနေ့) တွင်ထုတ်ပြန်ချက်ထွက်ရှိသောအရှေ့တောင်အာရှစစ်တမ်းသည် အာဖရိကတောင်ပိုင်းဆာဟာရဒေသနိုင်ငံများ၊ အာရပ်နိုင်ငံများနှင့် အရှေ့တောင်အာရှနိုင်ငံများစသည့် အပိုင်း ၃ ပိုင်းပါဝင်သော သုတေသန၏ဒုတိယပိုင်းဖြစ်သည်။
ယခုစစ်တမ်းသည် ကျား/မ၊ အဆင့်အတန်းမခွဲဘဲ မီဒီယာလုပ်ငန်းခွင်မှလူများအနေဖြင့် သူတို့ကိုယ်တိုင်ကြုံတွေ့ရသော လိင်ပိုင်းဆိုင်ရာစော်ကားမှုများအကြောင်းဖြစ်သည်။လိင်ပိုင်းဆိုင်ရာစော်ကားမှုများနှင့် နောက်ဆက်တွဲပြဿနာများအပေါ် စာနယ်ဇင်းအဖွဲ့အစည်းများ၏ သဘောထားများလည်းပါဝင်မည်ဖြစ်သည်။ယခု သုတေသနကို City, University London နှင့် ပူးပေါင်းပြုလုပ်သည်။
ရန်ကုန်၊ မြန်မာ။ ။ WAN-IFRA Women in News (WIN) နှင့် City, University of London တို့၏ မီဒီယာလုပ်ငန်းခွင်များအတွင်းကြုံတွေ့ရသော လိင်ပိုင်းဆိုင်ရာစော်ကားမှုများအကြောင်း သုတေသနစစ်တမ်းဒုတိယအသုတ်ကို စတင်ပြုလုပ်ပြီဖြစ်သည်။ ယခုဒုတိယအသုတ်တွင် အရှေ့တောင်အာရှနိုင်ငံများမှ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့ရှိ နောက်ဆက်တွဲအကြောင်းအရာများကိုလေ့လာမည်ဖြစ်သည်။
ယခု ဒုတိယအသုတ် သုတေသနကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၁ ခုနှစ် မတ်လအထိပြုလုပ်မည်ဖြစ်ပြီး ဘော့စ်ဝါနာ၊ ကင်ညာ၊ မလာဝီ၊ ရဝမ်ဒါ၊ တာဇန်နီးယား၊ ယူဂန်ဒါ၊ ဇန်ဘီယာနှင့် ဇင်ဘာဘွေကို အဓိကထားသည့် အာဖရိကနိုင်ငံများ လေ့လာမှုပထမအသုတ်၏ နောက်ဆက်တွဲဖြစ်သည်။WIN မှ ၂၀၁၈ ခုနှစ်တွင် ကနဦးစစ်တမ်းတစ်ခုပြုလုပ်ခဲ့ရာ အာဖရိကတောင်ပိုင်းဆာဟာရဒေသနိုင်ငံများ၊ အာရပ်နိုင်ငံများနှင့် အရှေ့တောင်အာရှနိုင်ငံများမှ မီဒီယာလောက၏ လိင်ပိုင်းဆိုင်ရာစော်ကားခြင်းဆိုင်ရာ အချက်အလက်များ သိသိသာသာလိုအပ်နေသည်ကိုတွေ့ရှိခဲ့ရသည်။ ယခုစစ်တမ်းတွင် ယင်းဒေသများကို အထူးပြုလေ့လာမည်ဖြစ်ပြီး၊
၁။အာဖရိကတောင်ပိုင်းဆာဟာရဒေသနိုင်ငံများ၊ အာရပ်နိုင်ငံများနှင့် အရှေ့တောင်အာရှနိုင်ငံများ၏ မီဒီယာလောကမှ လိင်ပိုင်းဆိုင်ရာစော်ကားခြင်းကို သတ်မှတ်သည့်ပုံစံသဘောတရားများအားပိုမိုနားလည်လာစေရန်။
၂။ယခုဒေသများမှလိုအပ်နေသည့်အချက်အလက်များကို ဖြည့်စွက်ခြင်းအားဖြင့် ကမ္ဘာလုံးဆိုင်ရာသတ်မှတ်ထားသည့် လိင်ပိုင်းဆိုင်ရာစော်ကားခြင်း အချက်အလက်များကိုပိုမိုပြည့်စုံစေရန်။
၃။မီဒီယာလုပ်ငန်းခွင်များမှ လိင်ပိုင်းဆိုင်ရာစော်ကားခြင်းများကိုဖော်ထုတ်၍ အချက်အလက်သက်သေကိုအခြေခံသည့် တုန့်ပြန်မှုများပြုလုပ်နိုင်ရန်ရည်ရွယ်ခြင်းဖြစ်သည်။
သုတေသနကို မီဒီယာလုပ်ငန်းခွင်မှ ကျွမ်းကျင်သူများအား စစ်တမ်းကောက်ယူခြင်းနှင့် စာနယ်ဇင်းအမှုဆောင်များအား မေးခွန်းမေးမြန်းခြင်းများဖြင့် လုပ်ဆောင်သွားမည်ဖြစ်သည်။ စစ်တမ်းကောက်ယူရာတွင် စာနယ်ဇင်းကျွမ်းကျင်သူများအား ၎င်းတို့၏ လိင်၊ ရာထူးအဆင့်၊ သို့မဟုတ် လိင်ပိုင်းဆိုင်ရာစော်ကားခြင်းကို ကိုယ်တိုင် သို့မဟုတ် မျက်မြင်ကြုံတွေ့ဖူးသူစသဖြင့် မခွဲခြားဘဲ မေးမြန်းသွားမည်ဖြစ်သည်။ စစ်တမ်းများကို စာနယ်ဇင်းလုပ်ငန်းများ၊ ဒေသတွင်းနှင့် နိုင်ငံတွင်း စာနယ်ဇင်းအဖွဲ့အစည်းများ သို့မဟုတ် စာနယ်ဇင်းလောကနှင့် သက်ဆိုင်သောလုပ်ငန်းများမှ တဆင့်ဖြန့်ဝေမည်ဖြစ်သည်။ စာနယ်ဇင်းအမှုဆောင်များအား အင်တာဗျူးမေးမြန်းခြင်းများကို လိင်ပိုင်းဆိုင်ရာစော်ကားခြင်း၏ နောက်ဆက်တွဲပြဿနာရပ်များအပေါ် မည်သို့သဘောထားသည်ဆိုသည်ကို အဓိကထားမေးမြန်းမည်ဖြစ်သည်။ စစ်တမ်းရလဒ်များကို ဖြေဆိုသူအမည် သို့မဟုတ် လုပ်ငန်းအမည်များမဖော်ပြဘဲ ထုတ်ပြန်မည်ဖြစ်သည်။
City, University of London မှ Lindsey Blumell က “စာနယ်ဇင်းလောကအတွင်းက လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေအကြောင်း စနစ်တကျဖြေရှင်းနိုင်ဖို့ WIN နဲ့အခုလို ပူးပေါင်းလုပ်ဆောင်ခွင့်ရတာ အလွန်ဝမ်းသာမိပါတယ်၊ ဒီကိစ္စဟာတကမ္ဘာလုံးကသတင်းခန်းတွေမှာကြုံတွေ့နေရတဲ့ နိုင်ငံတကာပြဿနာဖြစ်ပါတယ်၊ စာနယ်ဇင်းလောကသားတစ်ယောက်အနေနဲ့ ကိုယ့်အတွေ့အကြုံတွေကို ဖြေဆိုပေးခြင်းအားဖြင့် စာနယ်ဇင်းအဖွဲ့အစည်းကြီးတစ်ခုလုံး အများကြီးတိုးတက်လာအောင် ကူညီခွင့်ရကြမှာလည်းဖြစ်ပါတယ်” ဟု ပြောသည်။
Women in News မှ အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ ဒါရိုက်တာဖြစ်သူ Jen Teo က “အာရှနိုင်ငံတွေမှာက လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းကိုပြဿနာတစ်ခုလို့ အများစုက ဝန်မခံချင်ကြဘူး၊ ဒါပေမယ့်ဒါတွေက နေရာတကာမှာဖြစ်နေပြီး ဘယ်သူကမှ လည်းမတိုင်ကြားကြဘူးဆိုတာ သိနေကြတာပါပဲ၊ အခုသုတေသနက အချက်အလက်တွေရလာပြီးတော့ လုပ်ငန်းခွင်အတွင်းမှာ လိင်ပိုင်းဆိုင်ရာစော်ကားခြင်းနဲ့ ပတ်သတ်တဲ့ တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ လိုအပ်နေတယ်ဆိုတာကို ထောက်ပြနိုင်ပါလိမ့်မယ်” ဟု ပြောသည်။
“ဘယ်လိုပုံစံနဲ့ ကျူးလွန်သည်ဖြစ်စေ လိင်ပိုင်းဆိုင်ရာစော်ကားခြင်းက ကျူးလွန်ခံရသူအတွက် စိတ်ပိုင်းဆိုင်ရာနာကျင်စေပြီး လူရောရေရှည်စိတ်ဒဏ်ရာပါဖြစ်စေနိုင်လို့ ထိခိုက်မှုရှိစေတယ်ဆိုတာ ပြောနေစရာကိုမလိုပါဘူး၊ အလုပ်မှာမပျော်ရွှင်တာနဲ့ စွမ်းရည်ကျဆင်းတာတွေပါဖြစ်စေနိုင်ပါတယ်၊ ဒါကြောင့် တစ်ဦးချင်းစီအတွက်ရော လုပ်ငန်းတစ်ခုလုံးအတွက်ပါ လုပ်ငန်းခွင်မှာ ဒီပြဿနာကို သေချာကိုင်တွယ်ဖြေရှင်းဖို့လိုပါတယ်” ဟု Teo က ဆက်၍ ပြောသည်။
အရှေ့တောင်အာရှ စစ်တမ်းများအတွက် ပါဝင်ဖြေဆိုလိုသူများသည် အောက်ပါ လင့်ခ်တွင် ဝင်ရောက်ဖြေဆိုနိုင်သည်။
မြန်မာဘာသာ စစ်တမ်းလင့်ခ် https://cityunilondon.eu.qualtrics.com/jfe/form/SV_29NAlYlHzpPEpTL
အင်္ဂလိပ်ဘာသာ စစ်တမ်းလင့်ခ် https://cityunilondon.eu.qualtrics.com/jfe/form/SV_bl5cOen5nAb18mp
အာရပ်ဒေသစစ်တမ်းများအတွက် အသေးစိတ်ထပ်မံသိရှိလိုခြင်းနှင့် ပါဝင်ဖြေဆိုခြင်းများအတွက် အောက်ပါလင့်ခ်ကို သွားပါ။ http://womeninnews.org/post/149
WAN-IFRA Women in News (WIN) အကြောင်း
==============================
WAN-IFRA Women in News (WIN) သည် စာနယ်ဇင်းလောကရှိ အမျိုးသမီးများ၏ ခေါင်းဆောင်မှုနှင့် ပြောဆိုပိုင်ခွင့်များမြှင့်တင်
WIN သည် လက်ရှိတွင် နိုင်ငံပေါင်း ၁၅ ခုမှ စာနယ်ဇင်းလုပ်ငန်း ၈၀ နှင့် အတူပူးပေါင်း လုပ်ငန်းဆောင်ရွက်နေပြီး ယင်းနိုင်ငံများတွင် Win Africa နှင့် လက်တွဲလုပ်ဆောင်နေသော ဘော့စ်ဝါနာ၊ ကင်ညာ၊ မလာဝီ၊ ရဝမ်ဒါ၊ ဆိုမာလီယား၊ တာဇန်နီးယား၊ ယူဂန်ဒါ၊ ဇန်ဘီယာနှင့် ဇင်ဘာဘွေ နိုင်ငံများ၊ WIN Arab Region နှင့် လုပ်ဆောင်နေသည့် အီဂျစ်၊ ဂျော်ဒန်၊ လက်ဘနွန်နှင့် ပါလက်စတိုင်း နိုင်ငံများ၊ WIN Southeast Asia နှင့် လက်တွဲလုပ်ဆောင်နေသည့် မြန်မာနှင့်ဗီယက်နမ် နိုင်ငံများပါဝင်သည်။WIN ကို Swedish International Development Cooperation Agency (Sida)နှင့် Norwegian Ministry of Foreign Affairs တို့မှ ထောက်ပံ့ကူညီနေခြင်းဖြစ်သည်။
Myanmar Advertising Guide




