-->
×

Warning

JUser: :_load: Unable to load user with ID: 29


လူသိနည်းသေးတဲ့ ဟာဝေးကုမ္ပဏီတည်ထောင်သူ Ren Zhengfei အကြောင်း

လူသိနည်းသေးတဲ့ ဟာဝေးကုမ္ပဏီတည်ထောင်သူ Ren Zhengfei အကြောင်း Google

မြန်မာပြည်မှာ ပွာာဝေးလို့ပြောလိုက်ရင် မသိသူမရှိသလောက်ပါပဲ။ ဟာဝေးကိုလူတွေက တရုတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီလို့သာသိထားကြပါတယ်။

ဟာဝေးက ၂၀၁၂ ခုနှစ်ကတည်းက Sweden အခြေဆိုက် Ericsson ကိုနောက်ကောက်ကျကာ ကမ္ဘာအကြီးဆုံး တယ်လီကွန်းပစ္စည်းထုတ်လုပ်သူဖြစ်နေပါပြီ။ နောက်ပြီး ၂၀၁၈ ခုနှစ်ကတည်းက Apple ကိုကျော်ဖြတ်က ကမ္ဘာဒုတိယအကြီးဆုံး ဖုန်းထုတ်လုပ်သူဖြစ်နေပြီး သူ့ရှေမှာ Samsung ပဲရှိပါတော့တယ်။ လက်ရှိမှာတော့ ဟာဝေးကုမ္ပဏီဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒါပေမယ့် ပွာာဝေးကို တည်ထောင်သူအကြောင်း လူသိနည်းသေးတာမို့ တည်ထောင်သူ Ren Zhengfei အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

ဟာဝေးရဲ့တည်ထောင်သူဖြစ်တဲ့ Ren Zhengfei ဟာ လွန်ခဲ့တဲ့အနှစ်(၃၀)က လူ(၃)ယောက်၊ ဒေါ်လာ (၂၅၀၀ )ထဲနဲ့ ကုမ္ပဏီကို စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ Ren Zhengfei ကို ၁၉၄၄ ခုနှစ်မှာ မွေးဖွားတာခဲ့တာဖြစ်ပြီး သူဟာ တရုတ်လူမျိုးစွန့်ဦးတီထွင်သူ၊ အင်ဂျင်နီယာ တစ်ယောက်ဖြစ်ပါတယ်။ သူရဲ့ မိဘနှစ်ယောက်လုံးဟာ ကျောင်းဆရာနဲ့ဆရာမတွေဖြစ်ကြပါတယ်။

Ren Zhengfei မှာ သားသမီးတွေ အများကြီးရှိပါတယ်။ သူဟာ အိမ်ထောင်တွေအများကြီးရှိခဲ့သူဖြစ်ပြီး ပထမအိမ်ထောင်က မန်ဂျန်ဆိုတဲ့အမျိုးသမီးဖြစ်သလို၊ ကနေဒါမှာအဖမ်းခံလိုက်ရတဲ့ ဝမ်မန်ကျို့ရဲ့ မိခင်လည်း
ဖြစ်ပါတယ်။ သူဟာ ရှန်ပိာုင်းအခြေစိုက် ကမ္ဘာ့အကြီးဆုံးကုမ္ပဏီများထဲတွင် တစ်ခုအပါအဝင်ဖြစ်တဲ့ ပွာာဝေးကုမ္ပဏီကို ၁၉၈၇ ခုနှစ်မှာစတင်တည်ထောင်ခဲ့တဲ့ ဟာဝေးစီအီးအိုတစ်ယောက်လည်း ဖြစ်ပါတယ်။ သူရဲ့ပိုင်ဆိုင်မှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁.၇ ဘီလျံ ရှိပါတယ်။

သူဟာ ၁၉၆၀ ခုနှစ်က ချောင်ကွင်းတက္ကသိုလ်မှာ တက်ရောက်ပညာသင်ကြားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှာ ဝင်ရောက်အမှုထမ်းခဲ့ရာ နည်းပညာကျွမ်းကျင်မှုကြောင့် တရုတ်စစ်တပ်ရဲ့သတင်းအချက်အလက်နဲ့ နည်းပညာဌာနမှာပညာရှင်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ သူရဲ့ နည်းပညာပိုင်းဆိုင်ရာ အောင်မြင်မှုများကြောင့် အထက်အရာရှိများရဲ့ ချီးမြှောက်ခြင်းကိုခံခဲ့ရပါတယ်။

၁၉၈၂ ခုနှစ်မှာတော့ စစ်တပ်မှထွက်ခဲ့ပြီး ၁၉၈၃ ခုနှစ်မှာ ရှန်ပိာုင်းကိုပြောင်းရွှေ့ခဲ့ပြီး နည်းပညာနဲ့သက်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်မှာ အမေရိကန်ဒေါ်လာ(၂၅၀၀)ကို အရင်းအနှီးပြုကာ ပွာာဝေးနည်းပညာကုမ္ပဏီက စတင်တည်ထောင်ခဲ့ပါတယ်။ အဓိကအားဖြင့် ပောာင်ကောင်မှ တယ်လီဖုန်းအစိတ်အပိုင်းတွေကို တင်သွင်းရောင်းချခဲ့ရာကနေ အခုလိုဟာဝေးကုမ္ပဏီကြီးကို တည်ထောင်နိုင်ခဲ့တာဖြစ်ပါတယ်။

Read More>>> ကမ္ဘာကျော်လုပ်ငန်းရှင်တွေ လုံးဝမသုံးပဲရှောင်ရှားတဲ့ စကားလုံးအသုံးအနှုန်း(၄)ခု

Source; Htet Zan Linn
Myanmar Advertising Directory

 

Read times
Rate this item
(1 Vote)