-->
×

Warning

JUser: :_load: Unable to load user with ID: 29


တချိန်က အချမ်းသာဆုံးပုဂ္ဂိုလ်များ

တချိန်က အချမ်းသာဆုံးပုဂ္ဂိုလ်များ google

သင်တို့ဒီဖက်ခေတ်မှာတော့ အချမ်းသာဆုံး ပုဂ္ဂိုလ်လို့ ပြောလိုက်ရင် Bill Gates (ပိုင်ဆိုင်မှု ၉၆.၅ ဘီလီယံ) နဲ့
Jeff Bezos (ပိုင်ဆိုင်မှု ၁၃၁ ဘီလီယံ) တို့ကိုသာ ပြေးမြင်မိကြမှာပါ။ လက်ရှိချိန်မှာတော့ သူတို့က အချမ်းသာဆုံးလူတွေပါပဲ။

ဒါပေမယ့်လည်း အတိတ်ကို ပြန်သွားကြည့်လိုက်မယ်ဆိုရင်တော့ ဒီဖက်ခေတ်အချမ်းသာဆုံး လူတွေ ချမ်းသာတာကဟာ
အတိတ်ကလူတွေချမ်းသာတာလောက်ရဲ့ အနည်းငယ်သာ ရှိပါသေးတယ်။

ကမ္ဘာကြီးပေါ်မှာ နေထိုင်သွားကြတဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ကို ကြည့်လိုက်မယ်ဆိုရင်တော့ သင်တို့တောင်ဒီလောက်
ချမ်းသာတဲ့သူတွေ ရှိသေးတာလားဆိုတဲ့ အတွေးမျိုးတွေးမိသွားပါလိမ့်မယ်။

ဘယ်လိုလူတွေက ဘယ်လောက်ထိ ချမ်းသာပြီး ဘာတွေလုပ်ခဲ့ကြတာလည်းဆိုတာကိုတော့ လူတိုင်းသိချင်နေကြမယ် ထင်ပါတယ်။
ဒါကြောင့် ဒီတခေါက်မှာတော့ ဒီဖက်ခေတ်ဘီလျံနာတွေ မျက်နှာငယ်သွားလောက်မယ့် တချိန်က အချမ်းသာဆုံးပုဂ္ဂိုလ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Henry Ford
**********
Henry Ford ကတော့ အမေရိကန်သမိုင်းမှာ ထင်ရှားတဲ့ စီးပွားရေးသမားကြီး ဖြစ်ပါတယ်။
ဒီဖက်ခေတ် တော်တော်များများလည်း Henry Ford ကို သိကြမယ် ထင်ပါတယ်။

သူရဲ့ ကြွယ်ဝချမ်းသာမှုကတော့ ဘီလီယံ ၂၀၀ တိတိကို ကြွယ်ဝခဲ့တာ ဖြစ်ပါတယ်။
Ford ကားကုမ္ပဏီကို တည်ထောင်ခဲ့တဲ့သူတွေထဲမှာ တယောက်ဖြစ်ပြီး အထင်ရှားဆုံးသူလည်း ဖြစ်မှာပါ။

နောက်ပိုင်းမှာတော့ Henry ကတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ခဲ့ပြီး စက်ရုံတွေကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
ထို့နောက်သူ့ရဲ့ ဝန်ထမ်းတွေကိုလည်း လစာ အများဆုံးပေးတဲ့ သူဌေးတယောက်ဖြစ်ပါတယ်။
လက်ရှိချိန်ထိလည်း သူ့ရဲ့ကားကုမ္ပဏီတွေကတော့ နာမည်ကြီးနေဆဲပါပဲ။

Mir Osman Ali Khan
*******************
သင်တို့အနေနဲ့ Mir Osman Ali Khan ကို ကြားဖူးချင်မှကြားဖူးပါလိမ့်မယ်။
ဒါပေမယ့်လည်း Mir Osman Ali Khan ကတော့ ကမ္ဘာပေါ်မှာ နေထိုင်ခဲ့ဖူးတဲ့သူတွေထဲမှာ အချမ်းသာဆုံး စာရင်းထဲက တယောက်ပါ။

သူကတော့ အိန္ဒိယနိုင်ငံ Hyderabad ပြည်နယ်ကို အုပ်ချုပ်တဲ့သူ တယောက်ဖြစ်ပြီး သူ့ရဲ့ချမ်းသာကြွယ်ဝမှုကတော့ ဘီလီယံ ၂၃၀ ထိကို ကြွယ်ဝပါတယ်။
ဒါပေမယ့်လည်း သူကတော့ ကံဆိုးစွာနဲ့ပဲ သူ့ရဲ့ အဖေထက် အရင်ဆုံးပါးသွားခဲ့ပါတယ်။

သူကတော့ Hyderabad ပြည်နယ်ကို နှစ်ပေါင်း ၃၇ နှစ်အုပ်ချုပ်ခဲ့ပြီး ဒီဒေသဝန်းကျင်မှာတော့ ပညာရေးကျောင်းတွေ
လျပ်စစ်စက်ရုံတွေ ရထားလမ်းတွေများစွာကို ထူထောင်ပေးခဲ့ပါတယ်။

Photo Studio & Lab(1282)ဓာတ်ပုံစတူဒီယိုလုပ်ငန်းများ

Andrew Carnegie
***************
Andrew Carnegie ကလည်း ၁၉ ရာစုအလယ်ပိုင်းတုန်းက အရမ်းကို ပါဝါရှိပြီး အရမ်းကို ချမ်းသာကြွယ်ဝတဲ့ စီးပွားရေးသမား တယောက် ဖြစ်ပါတယ်။
သူကတော့ စကော့တလန်မှာ မွေးဖွားခဲ့ပြီး အလွန်ဆင်းရဲတဲ့ မိသားစုကနေ ပေါက်ဖွားလာခဲ့တာ ဖြစ်ပါတယ်။

၁၈၄၀ မှာတော့ အမေရိကန်နိုင်ငံမှာ စတင်အခြေချနေထိုင်ခဲ့ပြီး ကုမ္ပဏီအချို့မှာ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ကိုယ်ပိုင်ကုမ္ပဏီတခုကို စတင်တည်ထောင်နိုင်ခဲ့ပါတယ်။

သူကုမ္ပဏီနာမည်ကိုတော့ US Steel လိုနာမည်ပေးခဲ့ပြီး အကြီးမားဆုံးကုမ္ပဏီကြီးတခု ဖြစ်လာခဲ့ပါတယ်။

သူ့ရဲ့ ပိုင်ဆိုင်မှုကတော့ ဘီလီယံ ၃၁၀ ပိုင်ဆိုင်မှုရှိခဲ့ပြီး သူကတော့ ရသမျှငွေတော်တော်များများကို မတူညီတဲ့နေရာတွေမှာ အလှူအတန်းပြုလုပ်ခဲ့ပါတယ်။
ဒါကြောင့်လည်း Andrew Carnegie ကတော့ ကမ္ဘာ့အလှူအတန်း အရက်ရောဆုံးသော ပရဟိတသမားကြီးအဖြစ်လည်း သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

John Rockefeller
****************
John Rockefeller ကတော့ အမေရိကန် သမိုင်းမှာ အကြွယ်ဝဆုံးသော သူဌေးကြီး တယောက်ဖြစ်ပါတယ်။
သူ့ရဲ့ ကြွယ်ဝမှုကတော့ ဘီလီယံ ၃၄၀ ကြွယ်ဝပါတယ်။ သူကတော့ ၁၈၃၉ ခုနှစ် နယူးယောက်မှာ မွေးဖွားခဲ့တာပါ။

သူကတော့ Standard Oil ဆိုတဲ့ ကုမ္ပဏီကို တည်ထောင်ခဲ့တဲ့သူ ဖြစ်ပါတယ်။
သူအသက်ရှင်စဉ် ကာလအတွင်းမှာတော့ များစွာသော ပရဟိတတွေကို လုပ်ကိုင်ခဲ့ပါတယ်။

သူကတော့ တက္ကသိုလ် ၂ ခုကို တည်ထောင်ခဲ့ပါတယ်။ Chicago တက္ကသိုလ် နဲ့ Rockefeller တက္ကသိုလ် ဖြစ်ပါတယ်။
သူကတော့၁၉၃၇ ခုနှစ် အသက် ၉၇ မှာ ကွယ်လွန်ခဲ့ပါတယ်။
    

ထိရောက်တဲ့ Text Ads ဖြစ်အောင် ဒီအချက်တွေကိုဆောင်


Source - YANGON NEWS

Read times
Rate this item
(0 votes)