-->
×

Warning

JUser: :_load: Unable to load user with ID: 29


အားပျော့ပျက်ပြယ်နေတဲ့ မုန်တိုင်းငယ်

မားကက်တင်း အခြေခံ သဘောတရားတွေ အခြေခံမူတွေက လွန်ခဲ့တဲ့ ၂၀၁၀ လောက်ကစပြီး ပြောင်းလဲလာတယ်။

မာကက်တင်းသမားတစ်ဦးက ကမ်ပိန်းတစ်ခုအတွက် သုံးပိုင်းခွဲတယ်။

သမားရိုးကျ
ဒစ်ဂျစ်တယ်
ဆိုရှယ်

သမားရိုးကျမှာ အခရာကျတာ ရုပ်မြင်သံကြားနဲ့ ပုံနှိပ် နှစ်မျိုး ရှိတယ်။ စမတ်ဖုန်းတွေ လှိုင်လှိုင်သုံးလာကြတဲ့အခါ အဲဒီနှစ်မျိုးမှာ ရှိနေတဲ့ ပရိသတ်က ဖုန်းစခရင်ကို ရောက်ကုန်ကြတယ်။ ဖုန်းစခရင်ပေါ်က ဆိုရှယ်ထဲ ဝင်ကုန်ကြတယ်။
ဒါပေမဲ့ အဲဒီသုံးမျိုးကို သေသေချာချာ ချိန်ညှိပြီး သုံးစွဲမှ အပြည့်အဝ ထိရောက်မှုကို ရနေဆဲ ဖြစ်ပါတယ်။ ရုပ်မြင်သံကြားပရိသတ်က ဆက်ရှိနေသေးလို့လည်း ရုပ်မြင်သံကြားတွေ ရောင်းနေရတုန်းပဲ။ စခရင်အကြီးကြီးတွေနဲ့ ကြည့်ကြတာကို ကြိုက်ကြတယ်။ ဖုန်းစခရင် သေးသေးလေးက ဘယ်လိုမှ အရသာကို ယှဉ်လို့ မရဘူး။
ဒါပေမဲ့ ထိရောက်မြန်ဆန်မှု ချက်ချင်းဆိုတာမျိုးက ဆိုရှယ်မှာပဲ ရနိုင်တယ်။ နောက်တစ်ချက်က ဆိုရှယ်ပိုက်ကွန်တွေထဲ တိုးနေကြတဲ့ စွဲစွဲလန်းလန်း ဖြစ်နေတာကြောင့် ဆိုရှယ်မှာပဲ ထက်သန်ကြတယ်။
ဒီတော့ ဆိုရှယ်ပိုက်ကွန်က ကျန်တဲ့နှစ်ခုထံမှ ပရိသတ်တွေကို ဆွဲငင်ရယူထားတယ်။ ပိုက်ကွန်မှ လန်ထားတဲ့ ချိတ်တွေမှာ လူတွေ လာငြိနေကြတယ်။ သမားရိုးကျက အချိန်ပိုင်းလောက်ပဲ ပရိသတ်ရှိတယ်။ ကျန်တဲ့အချိန်တွေမှာ ဆိုရှယ်ပိုက်ကွန်ထဲ ရောက်နေကြတယ်။ ဆိုရှယ်ပိုက်ကွန်က ဒစ်ဂျစ်တယ်မီဒီယာတွေကိုလည်း ဇာတ်တူသား စားပစ်တယ်။ ဒစ်ဂျစ်တယ် မီဒီယာတွေ ပရိသတ်မရလို့ မျက်ဖြူဆိုက်ကုန်ကြတယ်။

အင်တာနက်က အင်တာနက် သက်သက်မျှသာ ဖြစ်သွားပြီး စမတ်ဖုန်း သုံးနေကြတဲ့သူတွေအဖို့ ဆိုရှယ်ပိုက်ကွန်ကသာ အင်တာနက် ဖြစ်နေတယ်။ အထူးသဖြင့် Facebook မှာ ခင်တွယ်နေကြတယ်။
ဒီတော့ ဒစ်ဂျစ်တယ်မီဒီယာမှာ သုံးကြတဲ့ အီးမေးလ်၊ banner ad အမျိုးမျိုး ဖြစ်တဲ့ နဖူးစည်း၊ ဘေးထိုး၊ အလယ်ခင်း၊ အောက်ခြေ စတဲ့ဟာတွေ အလုပ်မဖြစ်တော့ဘူး။ ဂူဂဲက ကိုယ့် ဝဘ်ဆိုက်ကို ရှာဖွေရလဒ်မှာ ဖော်ပြပေးဖို့ ကြိုးစားရတဲ့ search engine optimization (SEO) လည်း သိပ်အသုံးမကျတော့ပါဘူး။

သိချင်တာ လူမှုပိုက်ကွန် ဝင်တိုးပြီး Facebook မှာ ရှာလိုက်မယ်။ Facebook က ထုတ်ပြတယ်။ ထုတ်ပြတာကို ကလစ်လုပ်လိုက်တော့မှ ကိုယ့်ဝဘ်ဆိုက်ကို လူရောက်လာမယ်။ ဂူဂဲမှာ ရှာပြီး ကိုယ်ပြုထားတဲ့ ဝဘ်ဆိုက်ဆီကို ရောက်လာတာမျိုးက တကူးတက ရှာတဲ့သူတွေပဲ ရှိလိမ့်မယ်။ ခရီးသွားဟန်လွဲ ရောက်လာတာမျိုးက ဆိုရှယ်တွေမှာပဲ ရှိတယ်။
ဒီတော့ အနေအထားကို ခပ်လှမ်းလှမ်းကနေ ကြည့်လိုက်ရင် လူမှုကွန်ရက်ထဲကို လူတွေ ဝင်လာတယ်။ လူမှုကွန်ရက်ရဲ့ အစိတ်အပိုင်းတွေ အများကြီးထဲမှ တစ်ခုအဖြစ် ချိတ်ထားတဲ့ ကိုယ့်ဒစ်ဂျစ်တယ်မီဒီယာဆီကို ရောက်လာမယ်။ ဒီတော့ ဂူဂဲ ရှာဖွေမှုမှာ ကိုယ့်ဝဘ်ဆိုက် ပေါ်တာထက် လူမှုကွန်ရက်မှာ ပေါ်တာက ပိုအလုပ် ဖြစ်တယ်။ လူပိုလာလိမ့်မယ်။ ဒီတော့ လူမှုကွန်ရက်မှာ နေရာတစ်နေရာ ဖျာခင်းထားကြရတယ်။

digital marketing dilute.png

 

ဝန်ခံဖို့ ဝန်လေးနေပေမဲ့လည်း ဒစ်ဂျယ်တယ် မားကက်တင်းက အားပျော့ပျက်ပြယ်နေတဲ့ မုန်တိုင်းငယ်တစ်ခု ဖြစ်နေပြီ။ လေတိုက်အားတွေ လျော့ကျနေပြီ။ လူတွေ သတိပြုမိလောက်တဲ့ မုန်တိုင်းအား မရှိတော့ပါဘူး။

ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိပါ

ထိအောင် ထိုးပါ

ဖုန်းနဲ့ ဘာလုပ်မှာလဲ

 

 

Read times
Rate this item
(0 votes)