-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဘ၀ကိုက်ရွံဳးေစတာ ဒီအလိမ္အညာေတြေၾကာင့္ပါ

ဘ၀ကိုက်ရွံဳးေစတာ ဒီအလိမ္အညာေတြေၾကာင့္ပါ google.com

တစ္ခါတစ္ရံ က်ြန္ေတာ္တို႔ေတြဟာ ကုိယ္ေရာက္ေနတဲ့ အေျခအေနတစ္ခုကို အမွန္တိုင္းလက္ခံဖုိ႔ ၀န္ေလးတတ္ၾကပါတယ္။ ဒီလုိ၀န္ေလးတာေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ ဟန္ေဆာင္လိမ္ညာလုိက္ၾကပါတယ္။ မရေသးတဲ႔ အရာတစ္ခုကို ရခ်င္ဟန္ေဆာင္ၿပီးေတာ့ေပါ႔။

တကယ္ေတာ့ ကိုယ္ဘယ္ေနရာ ေရာက္ေနလည္း ဆိုတာကို အမွန္တိုင္း သိျမင္ဖို႔လုိပါတယ္။ ဘ၀မွာ ကိုယ္ဘယ္ေနရာကိုေရာက္ခ်င္လဲ၊ ပန္းတုိင္ကဘာလဲ၊ ဘယ္လိုအေနအထားမ်ိဳးကိုမွ ေအာင္ျမင္တယ္လို႔ သတ္မွတ္မွာလဲ စသျဖင့္ ေန႔စဥ္ ကိုယ့္ကိုယ္ကိုယ္ ျပန္ေမးေနသင့္ပါတယ္။

ကိုယ့္ကိုယ္ျပန္လည္စမ္းစစ္တဲ့အခါ မလိမ္မညာဘဲ အမွန္တိုင္းေျဖႏုိင္ဖို႔က အလြန္အေရးႀကီးပါတယ္။ ဒါေၾကာင့္ မိမိကုိယ္ကို လိမ္ညာမိတတ္တဲ့ အခ်က္မ်ားကို ေဖာ္ျပေပးလုိက္ပါတယ္။

အလိမ္အညာ(၁) မိမိကုိယ္ကို အလြန္အမင္းအေရးႀကီးသည္ဟု လိမ္ညာမိျခင္း

မိမိေရာက္ရွိေနေသာေနရာ၊ မိမိလုပ္ကိုင္ေနေသာအလုပ္တြင္ မိမိကသာ အဓိကအေရးအႀကီးဆံုးဟု မွတ္ယူေနျခင္း။ ဒီအေတြးအေခၚဟာ သင့္ကို က်ရွံဳးေစႏုိင္တဲ့အခ်က္တစ္ခုပါ။ မိမိကိုယ္တိုင္က အထက္လူႀကီး ေနရာေတြရွိေနေသာ္လည္း မာန္မာနတက္ကာ ဘ၀ျမင့္ေနျခင္းက လုပ္ငန္းခြင္တြင္ အဆင္မေျပမွဳ မ်ားစြာ ေတြ႔ႏုိင္ပါတယ္။ လက္ေအာက္ငယ္သားမ်ား၏ အႀကံဥာဏ္မ်ားကို နားေထာင္မေပးျခင္း၊ ကုိယ့္ကိုယ္ကိုယ္ အထင္ႀကီးကာ ဆက္လက္သင္ယူမွဳမရွိျခင္းေၾကာင့္ ဆိုးက်ိဳးမ်ားရရွိကာ ဘ၀တိုးတက္၇န္ အဟန္႕အတား ဖစ္ေစႏုိင္ပါတယ္။

Read-ကိုယ့္ေၾကာင့္ သူတစ္ပါးရင္ထဲ အမာရြတ္ျဖစ္ေစခဲ့ဘူးလား

အလိမ္အညာ(၂) ကိစၥရပ္တစ္ခုကို အျမင္တစ္ခုတည္းနဲ႔တင္ မလုပ္ႏိုင္ဟု လိမ္ညာမိျခင္း

လူတိုင္းကေတာ့ ကုိယ္မလုပ္ရေသးတဲ့အလုပ္တစ္ခုကို မလုပ္ခင္မွာေတာ့ မလုပ္ႏုိင္မွာစိုးျခင္း(သို႔) မျဖစ္ေျမာက္မွာစိုးရိမ္ျခင္း အစရွိတဲ႔ စိတ္ပူပန္မွဳမ်ားရွိတတ္ပါတယ္။ တကယ့္ လက္ေတြ႔မွာေတာ့ ကိစၥရပ္တစ္ခုကို မလုပ္ၾကည့္ရေသးဘဲနဲ႔ မလုပ္ႏုိင္ဘူးဟု ေတြးေတာျခင္းဟာ ကိုယ့္ကိုယ္လိမ္ညာေနျခင္းပါပဲ။ ကိုယ့္ရဲ႕ အရည္အခ်င္း၊ အစြမ္းအစေတြကို အသံုးခ်ၾကည့္လုိက္ပါ။

အလိမ္အညာ(၃) ဒီနည္းက အဆင္ေျပမွာ မဟုတ္ပါဘူးဟု လိမ္ညာမိျခင္း

ဒီနည္းက အဆင္ေျပခ်င္မွေျပမွာပါ ဟု လူတိုင္းတစ္ခါေတာ့ ေျပာဖူးပါတယ္။ ဒါေပမယ့္ ဘ၀မွာ ေအာင္ျမင္ေနတဲ့ သူေတြက မည္သည့္အရာကိုမွ လြယ္လြယ္နဲ႕ လက္မေလ်ာ့ပါဘူး။ အနည္းဆံုးတစ္ခါစမ္းသပ္ၾကည့္ၿပီးမွ ယခုနည္းက အဆင္ေျပ မေျပဆံုးျဖတ္သင့္ပါတယ္။

အလိမ္အညာ(၄) ဒီအခြင့္အေရးအတြက္ မသင့္ေလ်ာ္ဘူးဟု ကိုယ့္ကိုယ္လိမ္ညာမိျခင္း

အခြင့္အေရးတစ္ခုခုကို မလက္ခံခင္မွာ ထိုအခြင့္အေရးကို ဆုတ္ကိုင္သင့္သလား၊ မဆုတ္ကိုင္သင့္သလား စဥ္းစားမိတတ္ပါတယ္။ ထိုသို႔ အေျခအေနမ်ဳိးႀကံဳရၿပီဆိုရင္ေတာ့ အခြင့္အေရးအတြက္ မသင့္ေလွ်ာ္ဘူးလို႔ ကိုယ့္ကိုယ္ကိုယ္ မလိမ္ညာသင့္ေတာ့ပါဘူး။ အခြင့္အေရးဟာ ၂ ခါမလာတဲ့အတြက္ မလုပ္ႏိုင္ဘူးဆိုသည့္ စိတ္ကိုေဖ်ာက္ကာ အမိအရဆုတ္ကိုင္ႀကိဳးစားမွသာ ေအာင္ျမင္မႈပန္းတိုင္ကို တက္လွမ္းႏိုင္မွာျဖစ္ပါတယ္။

www.myanmaradvertisingdirectory.com 

Source: Inc. Southeast Asia

(Unicode Version)

တစ်ခါတစ်ရံ ကျွန်တော်တို့တွေဟာ ကိုယ်ရောက်နေတဲ့ အခြေအနေတစ်ခုကို အမှန်တိုင်းလက်ခံဖို့ ၀န်လေးတတ်ကြပါတယ်။ ဒီလို၀န်လေးတာကြောင့် ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်လိမ်ညာလိုက်ကြပါတယ်။ မရသေးတဲ့ အရာတစ်ခုကို ရချင်ဟန်ဆောင်ပြီးတော့ပေါ့။
တကယ်တော့ ကိုယ်ဘယ်နေရာ ရောက်နေလည်း ဆိုတာကို အမှန်တိုင်း သိမြင်ဖို့လိုပါတယ်။ ဘဝမှာ ကိုယ်ဘယ်နေရာကိုရောက်ချင်လဲ၊ ပန်းတိုင်ကဘာလဲ၊ ဘယ်လိုအနေအထားမျိုးကိုမှ အောင်မြင်တယ်လို့ သတ်မှတ်မှာလဲ စသဖြင့် နေ့စဉ် ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေသင့်ပါတယ်။
ကိုယ့်ကိုယ်ပြန်လည်စမ်းစစ်တဲ့အခါ မလိမ်မညာဘဲ အမှန်တိုင်းဖြေနိုင်ဖို့က အလွန်အရေးကြီးပါတယ်။ ဒါကြောင့် မိမိကိုယ်ကို လိမ်ညာမိတတ်တဲ့ အချက်များကို ဖော်ပြပေးလိုက်ပါတယ်။
အလိမ်အညာ(၁) မိမိကိုယ်ကို အလွန်အမင်းအရေးကြီးသည်ဟု လိမ်ညာမိခြင်း
မိမိရောက်ရှိနေသောနေရာ၊ မိမိလုပ်ကိုင်နေသောအလုပ်တွင် မိမိကသာ အဓိကအရေးအကြီးဆုံးဟု မှတ်ယူနေခြင်း။ ဒီအတွေးအခေါ်ဟာ သင့်ကို ကျရှုံးစေနိုင်တဲ့အချက်တစ်ခုပါ။ မိမိကိုယ်တိုင်က အထက်လူကြီး နေရာတွေရှိနေသော်လည်း မာန်မာနတက်ကာ ဘဝမြင့်နေခြင်းက လုပ်ငန်းခွင်တွင် အဆင်မပြေမှု များစွာ တွေ့နိုင်ပါတယ်။ လက်အောက်ငယ်သားများ၏ အကြံဉာဏ်များကို နားထောင်မပေးခြင်း၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးကာ ဆက်လက်သင်ယူမှုမရှိခြင်းကြောင့် ဆိုးကျိုးများရရှိကာ ဘဝတိုးတက်ရန် အဟန့်အတား ဖစ်စေနိုင်ပါတယ်။
အလိမ်အညာ(၂) ကိစ္စရပ်တစ်ခုကို အမြင်တစ်ခုတည်းနဲ့တင် မလုပ်နိုင်ဟု လိမ်ညာမိခြင်း
လူတိုင်းကတော့ ကိုယ်မလုပ်ရသေးတဲ့အလုပ်တစ်ခုကို မလုပ်ခင်မှာတော့ မလုပ်နိုင်မှာစိုးခြင်း(သို့) မဖြစ်မြောက်မှာစိုးရိမ်ခြင်း အစရှိတဲ့ စိတ်ပူပန်မှုများရှိတတ်ပါတယ်။ တကယ့် လက်တွေ့မှာတော့ ကိစ္စရပ်တစ်ခုကို မလုပ်ကြည့်ရသေးဘဲနဲ့ မလုပ်နိုင်ဘူးဟု တွေးတောခြင်းဟာ ကိုယ့်ကိုယ်လိမ်ညာနေခြင်းပါပဲ။ ကိုယ့်ရဲ့ အရည်အချင်း၊ အစွမ်းအစတွေကို အသုံးချကြည့်လိုက်ပါ။
အလိမ်အညာ(၃) ဒီနည်းက အဆင်ပြေမှာ မဟုတ်ပါဘူးဟု လိမ်ညာမိခြင်း
ဒီနည်းက အဆင်ပြေချင်မှပြေမှာပါ ဟု လူတိုင်းတစ်ခါတော့ ပြောဖူးပါတယ်။ ဒါပေမယ့် ဘဝမှာ အောင်မြင်နေတဲ့ သူတွေက မည်သည့်အရာကိုမှ လွယ်လွယ်နဲ့ လက်မလျော့ပါဘူး။ အနည်းဆုံးတစ်ခါစမ်းသပ်ကြည့်ပြီးမှ ယခုနည်းက အဆင်ပြေ မပြေဆုံးဖြတ်သင့်ပါတယ်။
အလိမ်အညာ(၄) ဒီအခွင့်အရေးအတွက် မသင့်လျော်ဘူးဟု ကိုယ့်ကိုယ်လိမ်ညာမိခြင်း
အခွင့်အရေးတစ်ခုခုကို မလက်ခံခင်မှာ ထိုအခွင့်အရေးကို ဆုတ်ကိုင်သင့်သလား၊ မဆုတ်ကိုင်သင့်သလား စဉ်းစားမိတတ်ပါတယ်။ ထိုသို့ အခြေအနေမျိုးကြံုရပြီဆိုရင်တော့ အခွင့်အရေးအတွက် မသင့်လျှော်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် မလိမ်ညာသင့်တော့ပါဘူး။ အခွင့်အရေးဟာ ၂ ခါမလာတဲ့အတွက် မလုပ်နိုင်ဘူးဆိုသည့် စိတ်ကိုဖျောက်ကာ အမိအရဆုတ်ကိုင်ကြိုးစားမှသာ အောင်မြင်မှုပန်းတိုင်ကို တက်လှမ်းနိုင်မှာဖြစ်ပါတယ်။
Source: Inc. Southeast Asia

Read times
Rate this item
(1 Vote)