အမူအက်င့္ေကာင္းေတြ တည္ေဆာက္ဖို႔ဆိုတာ အေသးအဖဲြကိစၥေလးတခ်ိဳ႕ကို ေရွာင္ႏိုင္ဖို႔ မျဖစ္မေန လိုအပ္ လိမ့္မယ္လို႔ အမူအက်င့္ေလ့လာသူ ပညာရွင္ေတြက ေျပာၾကပါတယ္။ ကြ်န္မတို႔လုပ္မိသမွ် အျပဳအမူေတြရဲ႕ ၄၀ ရာခိုင္ႏႈန္းက အက်င့္ပါေနတဲ့အ ရာေတြ ျဖစ္တယ္လို႔ Duke University သုေတသီေတြက ဆိုပါတယ္။
သည္ေတာ့ကိုယ့္ရဲ႕သက္တမ္းတစ္ဝက္ေလာက္ကိုကိုယ္တိုင္ပံုသြင္းလာခဲ့တယ္ဆိုတဲ့သေဘာပဲေပါ့။ကိုယ္ကအမူအက်င့္ေကာင္းေတြကို ေသခ်ာေမြးျမဴခဲ့မယ္၊ လံု႔လဝီရိယထုတ္ခဲ့မယ္ဆိုရင္ သည္အခ်က္က သေဘာက်စရာ ေတာင္ ျဖစ္ေနပါေသးတယ္။
ေဖ်ာက္ပစ္သင့္တဲ့အက်င့္ဆိုးဆိုတာ ကြ်န္မတို႔ဘဝမွာ တစ္ခုမဟုတ္တစ္ခုရွိ ေနတတ္ၿပီး တကယ္တမ္း ေဖ်ာက္ပစ္ဖို႔ လည္း ခက္ပါတယ္။ ဒါေပမဲ့ ေဖ်ာက္ခ်င္ တဲ့စိတ္ရွိေနရင္ေတာ့ ေအာက္မွာ ေဖာ္ျပ ထားတဲ့အခ်က္ေလးတခ်ိဳ႕ကို ေရွာင္လိုက္႐ံုနဲ႔ ေအာင္ျမင္ဖို႔ နီးစပ္ေစမွာပါ။
(၁) ေနာက္ဆံုးရလဒ္ကိုပဲ အာ႐ံုထားလြန္းၿပီး လုပ္ေနဆဲအလုပ္မွာ ေသခ်ာအာ႐ံုမရွိျခင္း။
ကြ်န္မတို႔ေတြမွာ အမူအက်င့္ေကာင္းေတြကို ေသးေသးေလးကစၿပီး တည္ေဆာက္ဖို႔ထက္ ကိုယ္ေရာက္ခ်င္တဲ့ ပန္းတိုင္ သို႔မဟုတ္ အျပဳအမူေျပာင္းလဲမႈကို အျမန္ေရာက္ရွိႏိုင္ဖို႔ ျဖတ္လမ္းနည္းေတြကို အားကုန္ႀကိဳးပမ္း ၾကတာဟာ အျမန္ပိန္ခ်င္လို႔ အစာငတ္ခံတဲ့နည္းလိုပါပဲတဲ့။ ေဈးကြက္ျဖန္႔ခ်ိေရးပညာရွင္ Seth Godin က ေျပာခဲ့တာပါ။
ဘယ္အရာမဆို တကယ္ျဖစ္ခ်င္စိတ္ရွိတယ္ဆိုရင္ ေရရွည္ခံတဲ့ေျပာင္းလဲမွဳ ျဖစ္ရပါမယ္။ သည္လိုေျပာင္းလဲမႈ ဆိုတာက အေသးအဖဲြကိစၥေလးေတြမွာ ကိုယ့္ရဲ႕အမူအက်င့္ကို တတ္ႏိုင္သေလာက္ အသစ္ေမြးယူၿပီး ျဖည္းျဖည္းခ်င္းက်င့္ယူရတာျဖစ္ပါတယ္။ လက္ရွိ အေနအထားကို အရင္အာ႐ံုထားၿပီး လုပ္သင့္တာကို ဆက္လုပ္ပါ။
သိပ္အျမင့္ႀကီးမွန္းထားတာကမျဖစ္ လာတဲ့အခါ စိတ္ဓာတ္က်ေစႏိုင္ၿပီး ကိုယ့္ဘက္က စေတာင္မစႏိုင္ေတာ့ ေအာင္ ဖိစီးမႈျဖစ္ေစႏိုင္မယ္လိုTRY Business School ရဲ႕တည္ေထာင္သူ Sonia Thompson က ေျပာပါတယ္။
(၂) အလုပ္တာဝန္အမ်ားႀကီးကို တစ္ခါတည္းၿပီးဖို႔ လ်ာထားလြန္းျခင္း။
စိတ္ပညာရွင္ Ray Baumeister နဲ႔ John Tierney တို႔ရဲ႕ေလ့လာမႈအရ အတတ္ပညာရွင္ေတြဟာ သတ္မွတ္ထားတဲ့ ဘယ္အခ်ိန္အတိုင္းအတာအတြင္းမွာပဲ ျဖစ္ျဖစ္ လုပ္ဖို႔လ်ာထားတဲ့ အလုပ္တာဝန္ က ပ်မ္းမွ်အားျဖင့္ ၁၅၀ ေလာက္ရွိၾက တယ္လို႔ ဆိုပါတယ္။
ၾကားရတာ ဟုတ္ပါ့မလားလို႔ ထင္စရာရွိေပမဲ့ ကိုယ္သာဆိုရင္ လုပ္မယ့္ အလုပ္စာရင္းကို ခ်ေရးၾကည့္ပါ။
သည္ေန႔လုပ္မယ္လို႔ေတြးထားတဲ့အလုပ္ေတြက ကိုယ္တကယ္လုပ္ႏိုင္တာ ထက္ ပိုမ်ားေနမွာေသခ်ာေနၿပီး ေနာက္ တစ္ေန႔ကို အလုပ္ေၾကြးပါသြားေလာက္ပါ တယ္။
စိတ္စြမ္းအင္ဆိုတာ အကန္႔အသတ္မဲ့ အရင္းအျမစ္တစ္ခုျဖစ္သလို ကိုယ္က အမူ အက်င့္ေကာင္းေတြ တည္ေဆာက္ေနတဲ့ အခါမွာ တစ္ခါတည္းနဲ႔ အလုပ္အမ်ားႀကီး ရည္ရြယ္ထားတာက ကိုယ္ က်င့္သားရဖို႔ ႀကိဳးပမ္းေနတဲ့အျပဳအမူေတြကို ေန႔ ေရႊ႕ ညေရႊ႕လုပ္ဖို႔ အေၾကာင္းျပခ်က္ လြယ္လြယ္ရသြားေစပါတယ္။
(၃) အမူအက်င့္သစ္ေတာင္ ပံုမွန္အေလ့ အက်င့္မရေသးခင္ အခ်ိန္ဆြဲေနျခင္း။
အမူအက်င့္ေတြဆိုတာ အဆင့္သံုးဆင့္နဲ႔ တည္ေဆာက္ရပါတယ္။ အရင္ဆံုး ကြ်န္မတို႔ရဲ႕ လုပ္ရပ္အျပဳအမူ ေတြကို ျဖစ္လာေအာင္ ေစ့ေဆာ္ေပးတဲ့ သဲလြန္စတစ္ခုကို ေတြ႕ႀကံဳရတယ္၊ အဲသည္ေနာက္ တကယ္ လုပ္ၾကည့္မယ္၊ ေနာက္ဆံုးမွာ ေနာင္လည္း ဒါမ်ိဳးထပ္လုပ္သင့္တယ္ဆို တဲ့ ဦးေႏွာက္ထဲမွာ အသိတစ္ခု ရလိုက္မယ္။ ဒါေပမဲ့ အဆင့္ (၁) ကိုေတာင္ မေရာက္ေသးဘဲ အမူအက်င့္ေကာင္းေတြကို ဘယ္လိုက်င့္ယူလို႔ ရေတာ့မလဲ။
အခ်ိန္ဆြဲတယ္၊ အီးေရာ အီးေရာ လုပ္ တယ္ဆိုတာက ကြ်န္မတို႔လုပ္ရမယ့္ အလုပ္ေတြအားလံုးအတြက္ မေကာင္းတဲ့ အက်င့္တစ္ခုပါ။ အထူးသျဖင့္ အမူအက်င့္ သစ္ေတြကို ေမြးယူေနရတဲ့အခ်ိန္မ်ိဳးမွာေပါ့။
“တစ္ခုခုကို ကိုယ္တိုင္က လုပ္ခ်င္စိတ္မရွိဘူးဆိုရင္ အဲဒါကိုလုပ္ဖို႔ အနည္းဆံုး ငါးမိနစ္ေလာက္ ကိုယ့္ကိုယ္ကို အခ်ိန္ ေပးလိုက္ပါ၊ ငါးမိနစ္ၾကာၿပီးရင္ အားလံုး ကို ၿပီးသြားႏိုင္လိမ့္မယ္”လို႔ Instagram ရဲ႕ ပူးတြဲတည္ေထာင္သူ Kevin Systrom က ေျပာပါတယ္။
အမွန္ေတာ့ အလုပ္တစ္ခုကိုလုပ္ဖို႔ ကိုယ့္မွာ ငါးမိနစ္ပဲ အခ်ိန္ရမယ္လို႔ ကိုယ့္ကိုယ္ကို ေျပာျခင္းအားျဖင့္ တားဆီးတြန္႔ဆုတ္ေနတဲ့စိတ္ကို ေလ်ာ့နည္းေစၿပီး အခ်ိန္ဆြဲဖို႔ကို တြန္းအားေပးေနတဲ့ ေၾကာက္ရြံ႕စိတ္နဲ႔ ပူပန္မႈတို႔ကို ထုတ္ပယ္ ႏိုင္တယ္လို႔ သုေတသီေတြက ဆိုၾကပါတယ္။
(၄) အစီအစဥ္ဇယားနဲ႔ မလုပ္ဘဲ ေနာက္ဆံုးသတ္မွတ္ခ်ိန္ထားရွိျခင္း။
အမူအက်င့္အသစ္ေတြ တည္ေဆာက္ဖို႔ ႀကိဳးပမ္းေနခ်ိန္ ႀကံဳေတြ႕ရတဲ့ အႀကီးဆံုးျပႆနာက အလုပ္ကို ၿပီးႏိုင္ဖို႔ အရမ္းကပ္တဲ့ ေနာက္ဆံုးရက္ကို ေရြးခ်ယ္လိုက္တာပါပဲ။ သည္လိုလုပ္မယ့္အစား အမူအက်င့္ ေတြရဲ႕စြမ္းအားက အစီအစဥ္ဇယားအတိုင္း လုပ္ရင္းကေန ျဖစ္လာတာပါလို႔ ပညာရွင္ေတြက ေဖာ္ျပၾကပါတယ္။
ကိုယ္က ပိုက်န္းမာခ်င္တယ္၊ က်န္းမာေရးနဲ႔ ညီတဲ့အမူအက်င့္ေတြ ရွိခ်င္တယ္ဆိုရင္ တနလၤာ၊ ဗုဒၶဟူးနဲ႔ ေသာၾကာေန႔တိုင္း ေလ့က်င့္ခန္းလုပ္ရင္း စတင္ႏိုင္ပါတယ္။ စာေရးတဲ့ အက်င့္ကိုရခ်င္ရင္ မနက္တိုင္း စာလံုးေရ ၂၀ဝ ေရးရပါလိမ့္မယ္။
(၅) ရရွိလာတဲ့ရလဒ္အေပၚ စိတ္လႈပ္ရွား ေပ်ာ္ရႊင္မႈ မရွိျခင္း။
အေပၚမွာေဖာ္ျပခဲ့တဲ့ ပထမဆံုးအခ်က္နဲ႔ေတာင္ ဆန္႔က်င္ဘက္လိုျဖစ္ေနပါတယ္။ ရလဒ္ကိုပဲ မွန္းၿပီး အာ႐ံုထားလြန္းတာမ်ိဳးက မေကာင္းေပမဲ့ ေအာင္ျမင္သြားမယ့္ရလဒ္အတြက္ စိတ္ထဲမရွိဘူး၊ စိတ္လႈပ္ရွားမႈမရွိဘူးဆိုရင္လည္း သည္အမူအက်င့္ကို တစ္သက္လံုးတည္ ေဆာက္လို႔ရႏိုင္မွာ မဟုတ္ေတာ့ပါဘူး။
အမူအက်င့္သစ္ေတြ တည္ေဆာက္ ရာမွာ ေစ့ေဆာ္မႈနဲ႔ ေအာင္ျမင္မႈရလဒ္တို႔နဲ႔တင္ မလံုေလာက္ပါဘူး။ ဦးေႏွာက္ ကလည္း အဲသည္အမူအက်င့္ေၾကာင့္ ရလာမယ့္ အက်ိဳးေက်းဇူးရလဒ္ကို ေမွ်ာ္ လင့္ေနဖို႔၊ စိတ္ဝင္စားေနဖို႔၊ ပံုေဖာ္ေနဖို႔ လိုပါတယ္။
Credit; Yun Sandi
Source ; Kumudra
(Unicode Version)
အမူအကျင့်ကောင်းတွေ တည်ဆောက်ဖို့ဆိုတာ အသေးအဖွဲကိစ္စလေးတချို့ကို ရှောင်နိုင်ဖို့ မဖြစ်မနေ လိုအပ် လိမ့်မယ်လို့ အမူအကျင့်လေ့လာသူ ပညာရှင်တွေက ပြောကြပါတယ်။ ကျွန်မတို့လုပ်မိသမျှ အပြုအမူတွေရဲ့ ၄၀ ရာခိုင်နှုန်းက အကျင့်ပါနေတဲ့အ ရာတွေ ဖြစ်တယ်လို့ Duke University သုတေသီတွေက ဆိုပါတယ်။
သည်တော့ကိုယ့်ရဲ့သက်တမ်းတစ်ဝက်လောက်ကိုကိုယ်တိုင်ပုံသွင်းလာခဲ့တယ်ဆိုတဲ့သဘောပဲပေါ့။ကိုယ်ကအမူအကျင့်ကောင်းတွေကို သေချာမွေးမြူခဲ့မယ်၊ လုံ့လဝီရိယထုတ်ခဲ့မယ်ဆိုရင် သည်အချက်က သဘောကျစရာ တောင် ဖြစ်နေပါသေးတယ်။
ဒါပေမဲ့ စိတ်မကောင်းစရာကတော့ အများစုက သည်လိုမဟုတ်ကြပါဘူး။ ကျွန်မတို့ဈေးကွက်ဗျူဟာအတွက် အလုပ်လုပ်နေရတဲ့အချိန်မှာ အွန်လိုင်းကနေ ရုပ်ရှင်ဝင်ကြည့်ဖြစ်ရင် ကြည့်ဖြစ်နိုင်တယ်။ ကျန်းမာရေးအတွက် ကောင်းတဲ့ အစားအစာတွေက တစ်နေ့တာအတွက် ခွန်အားတွေ ပေးမယ်ဆိုတာသိလျက်နဲ့ အလွယ်စားတွေကို လမ်းမှာ ဝယ်စားရင်စားဖြစ်မယ်လေ။
ဖျောက်ပစ်သင့်တဲ့အကျင့်ဆိုးဆိုတာ ကျွန်မတို့ဘဝမှာ တစ်ခုမဟုတ်တစ်ခုရှိ နေတတ်ပြီး တကယ်တမ်း ဖျောက်ပစ်ဖို့ လည်း ခက်ပါတယ်။ ဒါပေမဲ့ ဖျောက်ချင် တဲ့စိတ်ရှိနေရင်တော့ အောက်မှာ ဖော်ပြ ထားတဲ့အချက်လေးတချို့ကို ရှောင်လိုက်ရုံနဲ့ အောင်မြင်ဖို့ နီးစပ်စေမှာပါ။
(၁) နောက်ဆုံးရလဒ်ကိုပဲ အာရုံထားလွန်းပြီး လုပ်နေဆဲအလုပ်မှာ သေချာအာရုံမရှိခြင်း။
ကျွန်မတို့တွေမှာ အမူအကျင့်ကောင်းတွေကို သေးသေးလေးကစပြီး တည်ဆောက်ဖို့ထက် ကိုယ်ရောက်ချင်တဲ့ ပန်းတိုင် သို့မဟုတ် အပြုအမူပြောင်းလဲမှုကို အမြန်ရောက်ရှိနိုင်ဖို့ ဖြတ်လမ်းနည်းတွေကို အားကုန်ကြိုးပမ်း ကြတာဟာ အမြန်ပိန်ချင်လို့ အစာငတ်ခံတဲ့နည်းလိုပါပဲတဲ့။ ဈေးကွက်ဖြန့်ချိရေးပညာရှင် Seth Godin က ပြောခဲ့တာပါ။
ဘယ်အရာမဆို တကယ်ဖြစ်ချင်စိတ်ရှိတယ်ဆိုရင် ရေရှည်ခံတဲ့ပြောင်းလဲမှု ဖြစ်ရပါမယ်။ သည်လိုပြောင်းလဲမှု ဆိုတာက အသေးအဖွဲကိစ္စလေးတွေမှာ ကိုယ့်ရဲ့အမူအကျင့်ကို တတ်နိုင်သလောက် အသစ်မွေးယူပြီး ဖြည်းဖြည်းချင်းကျင့်ယူရတာဖြစ်ပါတယ်။ လက်ရှိ အနေအထားကို အရင်အာရုံထားပြီး လုပ်သင့်တာကို ဆက်လုပ်ပါ။
သိပ်အမြင့်ကြီးမှန်းထားတာကမဖြစ် လာတဲ့အခါ စိတ်ဓာတ်ကျစေနိုင်ပြီး ကိုယ့်ဘက်က စတောင်မစနိုင်တော့ အောင် ဖိစီးမှုဖြစ်စေနိုင်မယ်လိုTRY Business School ရဲ့တည်ထောင်သူ Sonia Thompson က ပြောပါတယ်။
(၂) အလုပ်တာဝန်အများကြီးကို တစ်ခါတည်းပြီးဖို့ လျာထားလွန်းခြင်း။
စိတ်ပညာရှင် Ray Baumeister နဲ့ John Tierney တို့ရဲ့လေ့လာမှုအရ အတတ်ပညာရှင်တွေဟာ သတ်မှတ်ထားတဲ့ ဘယ်အချိန်အတိုင်းအတာအတွင်းမှာပဲ ဖြစ်ဖြစ် လုပ်ဖို့လျာထားတဲ့ အလုပ်တာဝန် က ပျမ်းမျှအားဖြင့် ၁၅၀ လောက်ရှိကြ တယ်လို့ ဆိုပါတယ်။
ကြားရတာ ဟုတ်ပါ့မလားလို့ ထင်စရာရှိပေမဲ့ ကိုယ်သာဆိုရင် လုပ်မယ့် အလုပ်စာရင်းကို ချရေးကြည့်ပါ။
သည်နေ့လုပ်မယ်လို့တွေးထားတဲ့အလုပ်တွေက ကိုယ်တကယ်လုပ်နိုင်တာ ထက် ပိုများနေမှာသေချာနေပြီး နောက် တစ်နေ့ကို အလုပ်ကြွေးပါသွားလောက်ပါ တယ်။
စိတ်စွမ်းအင်ဆိုတာ အကန့်အသတ်မဲ့ အရင်းအမြစ်တစ်ခုဖြစ်သလို ကိုယ်က အမူ အကျင့်ကောင်းတွေ တည်ဆောက်နေတဲ့ အခါမှာ တစ်ခါတည်းနဲ့ အလုပ်အများကြီး ရည်ရွယ်ထားတာက ကိုယ် ကျင့်သားရဖို့ ကြိုးပမ်းနေတဲ့အပြုအမူတွေကို နေ့ ရွှေ့ ညရွှေ့လုပ်ဖို့ အကြောင်းပြချက် လွယ်လွယ်ရသွားစေပါတယ်။
(၃) အမူအကျင့်သစ်တောင် ပုံမှန်အလေ့ အကျင့်မရသေးခင် အချိန်ဆွဲနေခြင်း။
အမူအကျင့်တွေဆိုတာ အဆင့်သုံးဆင့်နဲ့ တည်ဆောက်ရပါတယ်။ အရင်ဆုံး ကျွန်မတို့ရဲ့ လုပ်ရပ်အပြုအမူ တွေကို ဖြစ်လာအောင် စေ့ဆော်ပေးတဲ့ သဲလွန်စတစ်ခုကို တွေ့ကြုံရတယ်၊ အဲသည်နောက် တကယ် လုပ်ကြည့်မယ်၊ နောက်ဆုံးမှာ နောင်လည်း ဒါမျိုးထပ်လုပ်သင့်တယ်ဆို တဲ့ ဦးနှောက်ထဲမှာ အသိတစ်ခု ရလိုက်မယ်။ ဒါပေမဲ့ အဆင့် (၁) ကိုတောင် မရောက်သေးဘဲ အမူအကျင့်ကောင်းတွေကို ဘယ်လိုကျင့်ယူလို့ ရတော့မလဲ။
အချိန်ဆွဲတယ်၊ အီးရော အီးရော လုပ် တယ်ဆိုတာက ကျွန်မတို့လုပ်ရမယ့် အလုပ်တွေအားလုံးအတွက် မကောင်းတဲ့ အကျင့်တစ်ခုပါ။ အထူးသဖြင့် အမူအကျင့် သစ်တွေကို မွေးယူနေရတဲ့အချိန်မျိုးမှာပေါ့။
“တစ်ခုခုကို ကိုယ်တိုင်က လုပ်ချင်စိတ်မရှိဘူးဆိုရင် အဲဒါကိုလုပ်ဖို့ အနည်းဆုံး ငါးမိနစ်လောက် ကိုယ့်ကိုယ်ကို အချိန် ပေးလိုက်ပါ၊ ငါးမိနစ်ကြာပြီးရင် အားလုံး ကို ပြီးသွားနိုင်လိမ့်မယ်”လို့ Instagram ရဲ့ ပူးတွဲတည်ထောင်သူ Kevin Systrom က ပြောပါတယ်။
အမှန်တော့ အလုပ်တစ်ခုကိုလုပ်ဖို့ ကိုယ့်မှာ ငါးမိနစ်ပဲ အချိန်ရမယ်လို့ ကိုယ့်ကိုယ်ကို ပြောခြင်းအားဖြင့် တားဆီးတွန့်ဆုတ်နေတဲ့စိတ်ကို လျော့နည်းစေပြီး အချိန်ဆွဲဖို့ကို တွန်းအားပေးနေတဲ့ ကြောက်ရွံ့စိတ်နဲ့ ပူပန်မှုတို့ကို ထုတ်ပယ် နိုင်တယ်လို့ သုတေသီတွေက ဆိုကြပါတယ်။
(၄) အစီအစဉ်ဇယားနဲ့ မလုပ်ဘဲ နောက်ဆုံးသတ်မှတ်ချိန်ထားရှိခြင်း။
အမူအကျင့်အသစ်တွေ တည်ဆောက်ဖို့ ကြိုးပမ်းနေချိန် ကြံုတွေ့ရတဲ့ အကြီးဆုံးပြဿနာက အလုပ်ကို ပြီးနိုင်ဖို့ အရမ်းကပ်တဲ့ နောက်ဆုံးရက်ကို ရွေးချယ်လိုက်တာပါပဲ။ သည်လိုလုပ်မယ့်အစား အမူအကျင့် တွေရဲ့စွမ်းအားက အစီအစဉ်ဇယားအတိုင်း လုပ်ရင်းကနေ ဖြစ်လာတာပါလို့ ပညာရှင်တွေက ဖော်ပြကြပါတယ်။
ကိုယ်က ပိုကျန်းမာချင်တယ်၊ ကျန်းမာရေးနဲ့ ညီတဲ့အမူအကျင့်တွေ ရှိချင်တယ်ဆိုရင် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့တိုင်း လေ့ကျင့်ခန်းလုပ်ရင်း စတင်နိုင်ပါတယ်။ စာရေးတဲ့ အကျင့်ကိုရချင်ရင် မနက်တိုင်း စာလုံးရေ ၂၀ဝ ရေးရပါလိမ့်မယ်။
(၅) ရရှိလာတဲ့ရလဒ်အပေါ် စိတ်လှုပ်ရှား ပျော်ရွှင်မှု မရှိခြင်း။
အပေါ်မှာဖော်ပြခဲ့တဲ့ ပထမဆုံးအချက်နဲ့တောင် ဆန့်ကျင်ဘက်လိုဖြစ်နေပါတယ်။ ရလဒ်ကိုပဲ မှန်းပြီး အာရုံထားလွန်းတာမျိုးက မကောင်းပေမဲ့ အောင်မြင်သွားမယ့်ရလဒ်အတွက် စိတ်ထဲမရှိဘူး၊ စိတ်လှုပ်ရှားမှုမရှိဘူးဆိုရင်လည်း သည်အမူအကျင့်ကို တစ်သက်လုံးတည် ဆောက်လို့ရနိုင်မှာ မဟုတ်တော့ပါဘူး။
အမူအကျင့်သစ်တွေ တည်ဆောက် ရာမှာ စေ့ဆော်မှုနဲ့ အောင်မြင်မှုရလဒ်တို့နဲ့တင် မလုံလောက်ပါဘူး။ ဦးနှောက် ကလည်း အဲသည်အမူအကျင့်ကြောင့် ရလာမယ့် အကျိုးကျေးဇူးရလဒ်ကို မျှော် လင့်နေဖို့၊ စိတ်ဝင်စားနေဖို့၊ ပုံဖော်နေဖို့ လိုပါတယ်။
Source ; Kumudra