-->
×

Warning

JUser: :_load: Unable to load user with ID: 29


တီထြင္ဥာဏ္ကြန္႔ျမဴးတဲ႔ လုပ္ငန္းစဥ္ (၅)ဆင့္

တီထြင္ဥာဏ္ကြန္႔ျမဴးတဲ႔ လုပ္ငန္းစဥ္ (၅)ဆင့္ google.com

၁၉၄၀ ခုႏွစ္မွာ James Webb Young ဆိုတဲ့ ေၾကာ္ျငာလုပ္ငန္း အလုပ္အမႈေဆာင္အရာရွိက တီထြင္ဆန္းသစ္တဲ့ အေတြးအျမင္ေတြရရွိဖို႕တြက္ ေအာက္ပါ အဆင့္ (၅)ခ်က္ကို ျဖတ္ေက်ာ္ဖို႕ လိုတယ္ဆိုတာကို ေဖာ္ျပထားပါတယ္။

Yong အေနနဲ႔က ထီထြင္ဆန္းသစ္တဲ့ဥာဏ္ဆိုတာ ဘာမွမရွိတဲ့ ေနရာကေန တစ္ခုခု ရေအာင္ ဖန္တီးလိုက္တာခ်ည္းပဲ မဟုတ္ဘဲနဲ႕ အရင္ရွိျပီးသားအရာေတြရဲ႕ အပိုင္းအစေတြကို ဆက္ျပီးေတာ့ ဘယ္တုန္းကမွ မရွိခဲ့တဲ့အရာေတြကို ဖန္းတီးလိုက္တာလည္းပါဝင္ပါတယ္။

အဆင့္ (၁) - အရင္းအျမစ္ေတြကို စုေဆာင္းပါ။ ပထမဦးဆံုးေနနဲ႕ သင္ဟာသင္ယူရပါမယ္။ ဒီအဆင့္မွာ သင့္အေနနဲ႕ (၁) သင့္အလုပ္နဲ႕ပတ္သတ္ျပီးေတာ့ အေသးစိတ္က်တဲ့အရာေတြကို တိုက္ရိုက္သင္ယူရပါမယ္။ (၂) က်ယ္ျပန္႕တဲ့ ယူဆခ်က္ေတြနဲ႕ ပိုျပီးစြဲသြားေစေအာင္ ေယဘုယ်အရင္းအျမစ္ အေၾကာင္းအရာ ေတြကိုလည္း သင္ယူရပါမယ္။

အဆင့္ (၂) - သင့္ေခါင္းထဲမွာရွိတဲ့ အရင္းအျမစ္အေၾကာင္းအရာေတြနဲ႕ ေတာက္ေလွ်ာက္လုပ္ၾကည့္ပါ။ ဒီအဆင့္မွာေတာ့ သင္ သင္ယူခဲ့တဲ့ အေၾကာင္းအရာေတြကို မတူညီတဲ့ အေတြးအေခၚေတြကို ခ်ိန္ညွိျပီး ဆက္စပ္မိသြားေအာင္လုပ္တဲ့ အေတြ႕အၾကံဳကို ခံစားျပီး မတူညီတဲ့ ရႈေထာင့္ကေန ၾကည့္ျခင္းနဲ႕ ျပန္လည္စစ္ေဆးႏိုင္ပါတယ္။

Read-ဘာေၾကာင့္ Video Content ေတြဖန္တီးသင့္သလဲ???

အဆင့္ (၃) - ျပႆနာေတြကေန ေရွာင္ထြက္လာခဲ့ပါ။ ေနာက္တစ္ဆင့္အေနနဲ႕ သင့္ကိုယ္သင္ ျပႆနာ ေတြကေန လံုးလံုးျမွဳပ္ေနမယ္အစား သင့္ရဲ႕စိတ္ကို ထြက္ခြင့္ေပးလိုက္ျပီးေတာ့ သင့္ကို စိတ္လႈပ္ရွားေစျပီး ခြန္အားျဖစ္ေစတဲ့ အလုပ္ေတြကို လုပ္လိုက္ပါ။

အဆင့္ (၄) - သင့္ရဲ႕ စိတ္ကူးေတြကို သင့္ဆီျပန္လာခြင့္ေပးလိုက္ပါ။ တစ္ခ်ိဳ႕အခ်ိန္ေတြမွာသင့္ဟာ ေတြးေတာေနတာေတြကို ရပ္လိုက္ျပီးေတာ့ သင့္ဆီအေတြ႕အျမင္ေတြ လွည့္၀င္လာတာကိုေစာင့္ျပီး စိတ္ကူးအသစ္ အင္အားအသစ္နဲ႕ ဖန္တီးလိုက္ပါ။ သင္ဟာ အျမဲေတြးေတာေနျပီး စိတ္ပင္ပန္းခံေနစရာမလိုပါဘူး။

အဆင့္ (၅) - ျပန္လည္တံု႕ျပန္မႈေတြအေပၚအေျချပဳျပီးေတာ့ သင့္ရဲ႕စိတ္ကူးအသစ္ကို ပံုေဖာ္တိုးတက္ေစပါ။ ေအာင္ျမင္တဲ့ ဘယ္အေတြးမဆို ကမာၻကိုခ်ျပဖို႕လိုပါတယ္။ ျပီးေတာ့ ေ၀ဖန္မႈေတြကို လက္ခံျပီး လိုအပ္သလို လိုက္ေလ်ာညီေထြျဖစ္ေအာင္ ဖန္တီးဖို႕လိုအပ္ပါတယ္။ ဒီအဆင့္ (၅)ဆင့္ဟာ သင့္မွာ တီထြင္ဥာဏ္ကြန္႕ျမဴးတဲ့ စိတ္ကူးစိတ္သန္းတစ္ခုရရွိဖို႕ ျဖတ္ေက်ာ္လုပ္ေဆာင္ရမယ့္ အဆင့္ေတြျဖစ္ျပီး ရိုးရာေလး ပရိတ္သတ္မ်ားအတြက္လည္း အက်ိဳးရွိမယ္လို႕ ယံုၾကည္ပါတယ္။

Credit; ေက်းေက်း (ရိုးရာေလး)

(Unicode Version)

၁၉၄၀ ခုနှစ်မှာ James Webb Young ဆိုတဲ့ ကြော်ငြာလုပ်ငန်း အလုပ်အမှုဆောင်အရာရှိက တီထွင်ဆန်းသစ်တဲ့ အတွေးအမြင်တွေရရှိဖို့တွက် အောက်ပါ အဆင့် (၅)ချက်ကို ဖြတ်ကျော်ဖို့ လိုတယ်ဆိုတာကို ဖော်ပြထားပါတယ်။
Yong အနေနဲ့က ထီထွင်ဆန်းသစ်တဲ့ဉာဏ်ဆိုတာ ဘာမှမရှိတဲ့ နေရာကနေ တစ်ခုခု ရအောင် ဖန်တီးလိုက်တာချည်းပဲ မဟုတ်ဘဲနဲ့ အရင်ရှိပြီးသားအရာတွေရဲ့ အပိုင်းအစတွေကို ဆက်ပြီးတော့ ဘယ်တုန်းကမှ မရှိခဲ့တဲ့အရာတွေကို ဖန်းတီးလိုက်တာလည်းပါဝင်ပါတယ်။
အဆင့် (၁) - အရင်းအမြစ်တွေကို စုဆောင်းပါ။ ပထမဦးဆုံးနေနဲ့ သင်ဟာသင်ယူရပါမယ်။ ဒီအဆင့်မှာ သင့်အနေနဲ့ (၁) သင့်အလုပ်နဲ့ပတ်သတ်ပြီးတော့ အသေးစိတ်ကျတဲ့အရာတွေကို တိုက်ရိုက်သင်ယူရပါမယ်။ (၂) ကျယ်ပြန့်တဲ့ ယူဆချက်တွေနဲ့ ပိုပြီးစွဲသွားစေအောင် ယေဘုယျအရင်းအမြစ် အကြောင်းအရာ တွေကိုလည်း သင်ယူရပါမယ်။
အဆင့် (၂) - သင့်ခေါင်းထဲမှာရှိတဲ့ အရင်းအမြစ်အကြောင်းအရာတွေနဲ့ တောက်လျှောက်လုပ်ကြည့်ပါ။ ဒီအဆင့်မှာတော့ သင် သင်ယူခဲ့တဲ့ အကြောင်းအရာတွေကို မတူညီတဲ့ အတွေးအခေါ်တွေကို ချိန်ညှိပြီး ဆက်စပ်မိသွားအောင်လုပ်တဲ့ အတွေ့အကြုံကို ခံစားပြီး မတူညီတဲ့ ရှုထောင့်ကနေ ကြည့်ခြင်းနဲ့ ပြန်လည်စစ်ဆေးနိုင်ပါတယ်။
အဆင့် (၃) - ပြဿနာတွေကနေ ရှောင်ထွက်လာခဲ့ပါ။ နောက်တစ်ဆင့်အနေနဲ့ သင့်ကိုယ်သင် ပြဿနာ တွေကနေ လုံးလုံးမြှုပ်နေမယ်အစား သင့်ရဲ့စိတ်ကို ထွက်ခွင့်ပေးလိုက်ပြီးတော့ သင့်ကို စိတ်လှုပ်ရှားစေပြီး ခွန်အားဖြစ်စေတဲ့ အလုပ်တွေကို လုပ်လိုက်ပါ။
အဆင့် (၄) - သင့်ရဲ့ စိတ်ကူးတွေကို သင့်ဆီပြန်လာခွင့်ပေးလိုက်ပါ။ တစ်ချို့အချိန်တွေမှာသင့်ဟာ တွေးတောနေတာတွေကို ရပ်လိုက်ပြီးတော့ သင့်ဆီအတွေ့အမြင်တွေ လှည့်ဝင်လာတာကိုစောင့်ပြီး စိတ်ကူးအသစ် အင်အားအသစ်နဲ့ ဖန်တီးလိုက်ပါ။ သင်ဟာ အမြဲတွေးတောနေပြီး စိတ်ပင်ပန်းခံနေစရာမလိုပါဘူး။
အဆင့် (၅) - ပြန်လည်တုံ့ပြန်မှုတွေအပေါ်အခြေပြုပြီးတော့ သင့်ရဲ့စိတ်ကူးအသစ်ကို ပုံဖော်တိုးတက်စေပါ။ အောင်မြင်တဲ့ ဘယ်အတွေးမဆို ကမ္ဘာကိုချပြဖို့လိုပါတယ်။ ပြီးတော့ ဝေဖန်မှုတွေကို လက်ခံပြီး လိုအပ်သလို လိုက်လျောညီထွေဖြစ်အောင် ဖန်တီးဖို့လိုအပ်ပါတယ်။ ဒီအဆင့် (၅)ဆင့်ဟာ သင့်မှာ တီထွင်ဉာဏ်ကွန့်မြူးတဲ့ စိတ်ကူးစိတ်သန်းတစ်ခုရရှိဖို့ ဖြတ်ကျော်လုပ်ဆောင်ရမယ့် အဆင့်တွေဖြစ်ပြီး ရိုးရာလေး ပရိတ်သတ်များအတွက်လည်း အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။
Credit; ကျေးကျေး (ရိုးရာလေး)

Read times
Rate this item
(1 Vote)