-->
×

Warning

JUser: :_load: Unable to load user with ID: 29


စိတ်ပိုင်းဆိုင်ရာနဲ့ ဆက်စပ်နေတဲ့ Email အသုံးအနှုန်းများ

စိတ်ပိုင်းဆိုင်ရာနဲ့ ဆက်စပ်နေတဲ့ Email အသုံးအနှုန်းများ google

အကယ်၍သင်ဟာ စီးပွားရေးလုပ်ကိုင်နေသူတစ်ဦး ဒါမှမဟုတ် အရောင်းမြှင့်တင်ရေးဝန်ထမ်းတစ်ဦးလိုမျိုး နေ့စဉ် E-mail တွေပုံမှန်ပို့နေရတဲ့သူဖြစ်ပါက အခုပြောပြပေးမယ့် အကြောင်းအရာလေးက သင့်အတွက် အကျိုးရှိစေမှာအမှန်ပါပဲ။

လူတော်တော်များများဟာ E-mail မှာရေးသားရမယ့် အကြောင်းအရာ (စာကိုယ်) ကိုအာရုံစိုက်ကြသော်လည်း အဆုံးသတ်စကားကို အာရုံစိုက်တဲ့သူ အတော်လေးနည်းပါတယ်။

E-mail ဝန်ဆောင်မှုထောက်ပံ့ပေးတဲ့ Boomerang ကုမ္ပဏီရဲ့လေ့လာချက်အရ သင့်အီးမေးလ်တွေရဲ့အဆုံးသတ်ဟာ သင်ထင်ထားတာထက် အများကြီး အရေးပါပါတယ်။

အဆိုပါလေ့လာချက်မှာ Boomerang ဟာ အီးမေးလ်ပေါင်း သုံသိန်းခွဲကိုလေ့လာဆန်းစစ်ပြီး သူတို့ကိုပြန်လည်တုန့်ပြန်မှုတွေကို နှိုင်းယှဉ်ခဲ့ပါတယ်။ အီးမေးလ်တော်တော်များများဟာ အကူအညီတောင်းတာ ဒါမှမဟုတ် ကိုယ့်ရဲ့ဝယ်ယူသူတွေကို offer ပေးတာတွေဖြစ်တာကြောင့် သူများဆီကတုန့်ပြန်မှု ဘယ်လိုပြန်ရသလဲဆိုတာ အရေးကြီးပါတယ်။

အဲ့ဒီလေ့လာချက်အရ ကျေးဇူးတင်စကားတွေဖြစ်ကြတဲ့ “Thanks”, “Thank you”, “Thanks in advance” စတဲ့စကားတွေနဲ့ အဆုံးသတ်တဲ့ အီးမေးလ်တွေဟာ ပြန်လည်တုန့်ပြန်မှုရာခိုင်နှုန်း အမြင့်ဆုံးကို ရရှိခဲ့ပါတယ်။ နှိုင်းယှဉ်ပြရမယ်ဆို အခြားပုံမှန်အဆုံးသတ်တွေဖြစ်တဲ့ “Regards”, “Best” စတာတွေဟာ ပျမ်းမျှတုန့်ပြန်မှုဖြစ်တဲ့ 46% ပဲပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။

အဆိုပါလေ့လာချက်ဟာ လူတွေအများဆုံးအသုံးပြုကြတဲ့ အဆုံးသတ်စကား ၈ခုကို နှိုင်းယှဉ်ခဲ့ရာမှာ ထပ်ဆုံးမှာရှိနေတာကတော့ “Thanks in advance” ဆိုတဲ့အဆုံးသတ်ပဲဖြစ်ပါတယ်။
(
အောက်မှာဖော်ပြထားတဲ့ပုံကတော့ လူသုံးအများဆုံးအဆုံးသတ်စကား ၈ခုက အီးမေးလ်တွေရဲ့ပြန်လည်တုန့်ပြန်မှုကို ဘယ်လောက်ထိတိုးတက်လာစေသလဲဆိုတာ ဖော်ပြထားတာပဲဖြစ်ပါတယ်။)
ဘယ်လိုပဲပြောပြော သာမန် ကျေးဇူးတင်ပါတယ် လို့ထည့်ရေးလိုက်ခြင်းအားဖြင့် ပို့တဲ့သူဟာ ရင်းနှီးနွေးထွေးမှုရှိတယ်လို့ လက်ခံရရှိသူကို ခံစားရစေပါတယ်။

တစ်ခါတစ်လေမှာဆိုရင်တော့ သင်က အထက်မှာပြောပြပေးခဲ့တဲ့ ကျေးဇူးတင်စကားပြောကြားတဲ့အီးမေးလ်ကို လက်ခံရသူဖြစ်နေနိုင်ပါတယ်။ ဒီလိုအခြေအနေမှာဆိုရင်ရော ဘယ်လိုအကောင်းဆုံးပြန်တုန့်ပြန်မလဲ?
အများအားဖြင့်လူတွေက အီးမေးလ်တွေထဲမှာ ကျေးဇူးတင်စကားပြောခံရပြီဆို “No problem”, “You’re welcome” ဆိုပြီးပဲ ပြန်ပို့လေ့ရှိကြပါတယ်။ ဒါပေမယ့် စိတ်ပညာရှင် Robert Cialdini အကြံပေးထားတဲ့ အကောင်းဆုံးတုန့်ပြန်စကားက “I know you’d do the same for me!” (ငါ့နေရာမှာ မင်းသာဆိုလဲ ငါ့ကိုဒီလိုမျိုး အကူအညီပေးမှာပါပဲ။) ဆိုတဲ့စကားဖြစ်ပါတယ်။ အဲ့ဒီလိုမျိုး တစ်ဖက်လူကို တုန့်ပြန်လိုက်ခြင်းဖြင့် အနာဂတ်မှာ အဆိုပါလူရဲ့ သင့်ကိုအကူအညီပေးနိုင်စွမ်းကို အများကြီးတိုးတက်စေပါတယ်။

အခုလိုပြောပြခဲ့တာက အမြဲတမ်း “Thanks in advance” ဆိုတာချည်းပဲပြောနေဖို့တော့မဟုတ်ပါဘူး။ အခြေအနေနဲ့ အချိန်အခါကိုကြည့်ပြီးတုန့်ပြန်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် အခုလိုမျိုး ကျေးဇူးတင်စကားတွေရဲ့ နောက်ကွယ်က စိတ်ပညာရပ်ဆိုင်ရာလျှို့ဝှက်ချက်ကို သိရှိသွားပြီဆိုရင်တော့ ကိုယ်လိုအပ်လာချိန်မှာ အကောင်းဆုံးအသုံးချလို့ ရသွားပြီပေါ့။

Source: Moe

Read times
Rate this item
(2 votes)