-->
×

Warning

JUser: :_load: Unable to load user with ID: 29


Covid-19ကိုရင်ဆိုင်နေချိန်အတွင်း ဒစ်ဂျစ်တယ်ကြော်ငြာပိုင်းဆိုင်ရာ အကြောင်းအရာများ

Covid-19ကြောင့် စီးပွားရေးကျဆင်းမှုက ခေါင်းကိုက်စရာ ကိစ္စဖြစ်လာပါတယ်။ ထုတ်ကုန်တွေ သို့မဟုတ် ဝန်ဆောင်မှုတွေကို မြှင့်တင်ရန်နှင့်ရောင်းချခြင်း ဆောင်ရွက်မှုတွေမှာ ပထမဆုံးအနေနဲ့ ဘတ်ဂျက်လျော့ချပြီး ဈေးးကွက်ရှာဖွေရေး ပြုလုပ်ကြရပါတယ်။

 

Covid-19က စီးပွားရေးကျဆင်းမှုပဲ မဟုတ်ပါဘူး။' ပုံမှန်' စီးပွားရေးကျဆင်းမှုနဲ့ မတူဘဲ အသွားအလာတွေက အစ ဆင်ခြင်ပြီး ဂရုစိုက်နေရပါတယ်။ ယခုအခါ Covid-19ပျံ့နှံ့မှု ကျဆင်းလာတဲ့အခါ စားသုံးသူတွေက ကုန်အမှတ်တံဆိပ်တွေနဲ့ ဆက်သွယ်မှုတွေ ပြန်ပြီးလုပ်နေကြပါပြီ။

 

ခရီးသွားလာခြင်းနဲ့ လက်လီရောင်းချခြင်းလိုမျိုး ကဏ္ဍတွေက သုံးစွဲမှု ဘတ်ဂျက်တွေကို လျှော့ချပြီး အများစုက ပုံစံအမျိုးမျိုးနဲ့ စျေးကွက်ကို ပြန်ချိန်ညှိပြီးသား ဖြစ်နေကြပါတယ်။

 

အိမ်မှာပဲ အချိန်ကုန်ဆုံးစေတဲ့ လူအများစုကြောင့် ဒစ်ဂျစ်တယ်စျေးကွက်ရှာဖွေရေးလုပ်ငန်းတွေဖြစ်တဲ့ TV showတွေ၊streaming serviceတွေ ပြန်လည်ပေါ်ပေါက်လာစေပြီး ကြော်ငြာခြင်းများ၊အရောင်းနှင့်ကုန်အမှတ်တံဆိပ်ပြန်တည်ဆောက်ခြင်းတို့အတွက် မောင်းနှင်မှုတစ်ခု သာမက အရင်ကတည်းကရှိပြီးသား စားသုံးသူတွေကို ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းစေဖို့ ပိုမို လွယ်ကူစေမှာဖြစ်ပြီး ဒီကိစ္စက အခြေခံကျပါတယ်။

 

Covid-19က ကြော်ငြာလုပ်ငန်းရဲ့ ချို့ယွင်းနေတဲ့ နေရာတွေကို ပြန်ကောင်းမွန်လာစေပြီး ဘတ်ဂျက်တွေ ကျဆင်းလာသည်နှင့်အမျှ ပြောင်းလဲမှုတွေ ပိုလိုအပ်လာပါတယ်။

 

ခန့်မှန်းခြေအားဖြင့် ကြော်ငြာလုပ်ငန်းဘတ်ဂျက်ရဲ့ ၅၀ ရာခိုင်နှုန်းခန့် ကြော်ငြာသူထံမှရရှိပြီး ကျန်အခွန်တွေ အနေနဲ့ကတော့ နည်းပညာအခွန်၊ကုန်သွယ်ရေးအခွန် စတဲ့ အခကြေးငွေများ ဖြစ်ပါတယ်။

 

ကပ်ရောဂါမတိုင် ကတည်းက ပွင့်လင်းမြင်သာမှုနှင့်တာ၀န်ခံမှု(Transparency and accountability) ပြဿနာတွေက adtech (Advertising Technology) ကဏ္ဍကို အရှိန်အဟုန်မြှင့်တင်ပေးပြီးသား ဖြစ်ပါတယ်။

 

TSB မှစျေးကွက်ရှာဖွေရေးအရာရှိ Peter Markey က“ ဘတ်ဂျက်တွေ သုံးစွဲမှုက ဘယ်ရောက်သွားလဲ ၎င်းသုံးစွဲမှုက ထိရောက်မှုရှိသလားဆိုတာက ကျွန်တော်တို့ကိုအမြဲ စိန်ခေါ်နေပါတယ်။ဒါကြောင့် ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုအပေါ် စီးပွားဖက်ပါတနာတွေ ယုံကြည်မှုအဆင့် ဘယ်လောက်ရှိလဲဆိုတာ သေချာသိဖို့ လိုအပ်ပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

 

TSB မှ Markey ကထပ်ဆင့်ပြောကြားတာကတော့ "Covid-19 လိုမျိုး ထူးခြားတဲ့ အဖြစ်အပျက်တစ်ခုက စီးပွားရေးဂယက်ထက် ကျွန်တော်တို့ထံ ရောက်မယ်၊မရောက်ဘူးဆိုတဲ့ ကိစ္စက ပိုအရေးကြီးပါတယ်"

 

ယခုအချိန်မှာ ကုန်အမှတ်တံဆိပ်တွေက စားသုံးသူတွေရဲ့ လိုအပ်ချက်တွေနဲ့စိန်ခေါ်မှုတွေကို အမြဲလေ့လာစောင့်ကြည့်နေရမှာ ဖြစ်ပြီး တိုတောင်းတဲ့ အချိန်တွေ အတွင်းမှာ ၎င်းတို့ရဲ့ စားသုံးသူတွေကို ဘယ်လို ထောက်ပံ့နေကြောင်း ဖြည့်ဆည်းပေးနေကြောင်း ပြသဖို့ မက်ဆေ့ခ်ျတွေနဲ့ ဖြစ်ဖြစ်၊ အဆင့်မြှင့်ကြော်ငြာတွေနဲ့ ဖြစ်ဖြစ် ပြင်ဆင်ပြီး ဖန်တီးမှုအသစ်တွေနဲ့ လုပ်ငန်းကိုမြှင့်တင်ဖို့ အချိန်ကောင်းဖြစ်ကြောင်း ရှင်းပြထားပါတယ်။

 

Ref:The Drum

Read times
Rate this item
(0 votes)