-->
×

Warning

JUser: :_load: Unable to load user with ID: 29


စွန့်ဦးတီထွင်လုပ်ငန်းရှင်နဲ့ ဝန်ထမ်းတစ်ယောက်မှာ ဘာတွေကွားခြားချက်ရှိလဲ...?

စွန့်ဦးတီထွင်လုပ်ငန်းရှင်နဲ့ ဝန်ထမ်းတစ်ယောက်မှာ ဘာတွေကွားခြားချက်ရှိလဲ...? Google

အသက်မွေးမှုတစ်ခုဟာ လူတစ်ယောက်ကို ပိုက်ဆံတင်ပေးတာ မဟုတ်ပါဘူး။

သူ့ဘဝကို အမြင့်ရောက်စေမယ့် စွမ်းအင်တစ်ခုပါ ထည့်ပေးထားပါတယ်။ ဒါပေမယ့် တကယ်တမ်းလူတစ်ယောက်ကို အောင်မြင်ပေါက်ရောက်စေတာဟာ သူ့ရဲ့စိတ်နေသဘောထားပါ။ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို ကိုယ်တိုင်ဦးစီးလုပ်ကိုင်လာတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်နဲ့ ဝန်ထမ်းတစ်ယောက်ကို ခြားနားထားတာလဲ စိတ်နေသဘောထားပါပဲ။ ဘယ်လို စိတ်အခံတွေလဲဆိုတာကို အောက်မှာ ပြောထားပါတယ်။

 

၁။ ဦးဆောင်ချင်တဲ့စိတ်

ကိုယ်လုပ်သလောက်ရနေရင် ကျေနပ်နေတတ်တယ်ဆိုတာ ဝန်ထမ်းစိတ်လို့ ပြောနိုင်ပါတယ်။ ကိုယ်ထူကိုယ်ထလုပ်ငန်းကို ဦးဆောင်နေရတဲ့ လုပ်ငန်းရှင်းတစ်ယောက်အတွက် ဆန်းသစ်တီထွင်ပြီး ထိုးဖောက်တဲ့အကျင့်ဟာ အရေးကြီးပါတယ်။ Entrepreneurs သမားတစ်ယောက်နဲ့ စွန့်ဦးတီထွင်လုပ်ငန်းတွေမှာ အပြောင်းအလဲရှာဖွေတာက အရေးပါပါတယ်။ ဒီအပြောင်းအလဲတွေကနေ အခွင့်အရေးအဖြစ်ဖော်ဆောင်ဖို့ သူတို့ခေါင်းဟာ အမြဲ အလုပ်လုပ်နေရပါတယ်။ လစာပုံမှန်ယူပြီး ရုံးချိန်အတိုင်း အလုပ်လုပ်တတ်တဲ့သူအတွက် စိန်ခေါ်ချက်များများစားစား မရှိလို့ လူ့ရဲ့စွမ်းဆောင်ရည်တွေလည်း အပြည့်အဝရမှာ မဟုတ်ပါဘူး။ ထုတ်ကုန်သစ်တွေ ဘယ်လိုလုပ်လိုက်မယ်၊ ဆန်းသစ်တဲ့ ဘယ်လိုမျိုး ဝန်ဆောင်မှုတွေ ထိုးဖောက်မယ်ဆိုတာကို ဝန်ထမ်းတော်တော်များများဟာ မစဉ်းစားကြပါဘူး။


၂။ လှေကားပိုင်သူနဲ့ လှေကားတက်သူ

စွန့်ဦးတီထွင်သူဟာ သူ့အဖွဲ့အစည်ျးအာင်မြင်ဖို့အတွက်က ကိုယ်ပိုင်လှေကားတစ်ခု ဖန်တီးသူဖြစ်ပါတယ်။ သူတို့ရဲ့ အမြင်တွေကိုလည်း အယုံအကြည်ရှိပြီး သူ့ရည်မှန်းချက်ကို ဖြစ်အောင် ပံ့ပိုးပေးဖို့ထက်မြက်တဲ့လူတွေဆီက အမြင်တွေ လက်ခံရယူရဲပါတယ်။ ဝန်ထမ်းတွေဟာသူများ လှေကားပေါ်ကနေ အငှားတက်သွားရတာပါ။ ဘယ်အရာမှ မသေချာဘူးဆိုပေမယ့် သူများနှာခေါင်းနဲ့ အသက်ရှင်ရခြင်းဟာ ပိုပြီး မသေချာပါဘူး။ တကယ့် Entrepreneurs သမားတွေဟာ သူတို့ သွားမယ့်လမ်းကို မဖျက်ဘဲ ဒီလမ်းကို လိုက်ပါမယ့်သူရဲ့ ခြေလှမ်းတွေကို အဓိပ္ပါယ်သတ်မှတ်ပေးတာပါ။

စွန့်ဦးတီထွင်သူတွေဟာ နာမည်အတိုင်းပဲ အမြဲစွန့်စားနေရတာဖြစ်ပြီး အခြေအနေအမျိုးမျိုးရဲ့ စိန်ခေါ်ချက်ကို ရင်ဆိုင်နေပြီး သူ့ပြိုင်ဘက်တွေက ပိုပြီးဘောင်ကျယ်ပါတယ်။ ဝန်ထမ်းကတော့ ရာထူးတက်ဖို့ သူ့ကုမ္ပဏီထဲက လုပ်ဖော်ကိုင်ဘက် အချင်းချင်းကိုပဲ ပစ်မှတ်ထားပြီး စိန်ခေါ်နေရတာပါ။ နောက်တစ်ခုက ဝန်ထမ်းတွေဟာ သူလိုပဲ ရာထူးတက်ချင်တဲ့ ဝန်ထမ်းအချင်းချင်းအကြားမှာ အထက်လူကြီး အကြိုက်လုပ်ဖို့ပဲ စဉ်းစားဖြစ်တတ်ပါတယ်။

သင့်ရဲ့Facebook ကြော်ငြာကို Approve မပေးရခြင်းရဲ့ အကြောင်းအရင်း (၄)ချက်
၃။ တာဝန်ခံမှုနဲ့ အဖွဲ့အတွင်း တာဝန်ယူမှု

စွန့်ဦးတီထွင်သူတစ်ယောက်ဟာ အခြေအနေအမျိုးမျိုးကို တာဝန်ခံထားရတာပါ။ သူတို့ရဲ့ စီမံကိန်းတွေတိုးတက် အောင်မြင်ခြင်းဟာ သူတို့ဆီမှာစတင်ပြီး သူတို့မှာပဲ အဆုံးသတ်သွားတာလို့ လက်ခံထားသူတွေ ဖြစ်ပါတယ်။ ပြဿနာအရင်းအမြစ်ဟာ သူ့ကြောင့် မဟုတ်ရင်လည်းသူပဲ ဒီအခြေအနေကနေ အကောင်းဘက်ဦးလှည့်အောင် တွန်းရတာပါ။ ဘာလို့လည်းဆိုရင် ဒီအလုပ်ဟာ သူ့အလုပ် ဖြစ်ပြီး ဒီစီးပွားရေးကလည်း သူ့စီးပွားရေး ဖြစ်ပါတယ်။
ဝန်ထမ်းတစ်ယောက်ဟာ သူ့ Team ခေါင်းဆောင်က ပေးတဲ့ အလုပ်ကို အဖွဲ့လိုက် လုပ်ရင်း တစ်ယောက်ချင်း တာဝန်ယူရတာပါ။

သူအနေနဲ့ အဖွဲ့အစည်းတစ်ခုလုံးရဲ့ အောင်မြင်မှု၊ ဆုံးရှုံးမှုနဲ့ တိုက်ရိုက်လည်း မသက်ဆိုင်ပါဘူး။ သူကိုယ်တိုင်ကလည်း တာဝန်ခံစရာမလိုပါဘူး။ သူလုပ်နေရတာဟာ ကိုယ့်အလုပ်ပေါ် ကိုယ်တာဝန်ယူရတဲ့ အပိုင်းပါပဲ။ အလုပ်တစ်ခုမှာ အလုပ်ရှင်ဟာ အချုပ်ဆိုပေမယ့် ဝန်ထမ်းတစ်ယောက်ချင်းစီရဲ့ စွမ်းဆောင်ရည်နဲ့ စိတ်နေသဘောထားဟာ ပိုပြီးအရေးကြီးပါတယ်။ စိတ်ဓါတ်ကောင်းပြီး လုပ်ငန်းကျွမ်းကျင်တဲ့ ဝန်ထမ်းကောင်းတွေဟာ အလုပ်အောင်မြင်ဖို့ တကယ့်ကို မရှိမဖြစ်တန်ဖိုးတစ်ခုလည်း ဖြစ်ပါတယ်။ ဝန်ထမ်းကောင်းနဲ့ အလုပ်ရှင်ကောင်း နှစ်ဦးပေါင်းမှသာ အောင်မြင်မှုကို အမြင့်ကြီး ရောက်အောင် တွန်းတင်နိုင်မှာပါ။

Source; Kwee
Myanmar Advertising Directory

 

Read times
Rate this item
(0 votes)