-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကမ္ဘာ့အမြတ်အများဆုံး ထိပ်တန်းကုမ္ပဏီများ

ကမ္ဘာ့အမြတ်အများဆုံး ထိပ်တန်းကုမ္ပဏီများ google

Fortune မှရွေးချယ်သောအကျိုးအမြတ်အရဆုံးထိပ်ဆုံးကုမ္ပဏီများ

၁။ Apple

အမြတ်ငွေ - ၅၃.၄ ဘီလီယံ

Apple ဟာအမြတ်အများဆုံးရရှိခဲ့တဲ့ ကုမ္ပဏီစာရင်းမှာထိပ်ဆုံးကနေ နှစ်နှစ်ဆက် ရွေးချယ်ခံခဲ့ရပါတယ်။ Iphoneရောင်းချမှုတွေကနေတစ်နှစ်အတွင်းမှာပဲအမြတ်ပမာဏဟာ ၃၅ ရာနှုန်းအထိမြင့်တက်ခဲ့ပြီး သမိုင်းဝင်အမြတ်ငွေ ၅၃.၄ ဘီလီယံထိရရှိခဲ့ပါတယ်။

၂။ JP Morgan Chase & Co.

အမြတ်ငွေ - ၂၄.၄ ဘီလီယံ

JP Morgan Chase & Co. ဘဏ်ဟာနှစ်စဉ်နှစ်တိုင်း 12% Profit Growth နဲ့ စံချိန်တင်အမြတ်ငွေ ၂၄.၄ ဘီလီယံရရှိပြီးWells Fargo ဘဏ်ကိုကျော်တက်ကာ US ရဲ့ အမြတ်အများဆုံးဘဏ်ဖြစ်လာခဲ့ပါတယ်။

၃။ Berkshire Hathaway

အမြတ်ငွေ - ၂၄.၁ ဘီလီယံ

ယခင်နှစ်ရရှိခဲ့တဲ့ အမြတ်ငွေ ၁၉.၉ ဘီလီယံထက် ၂၁ ရာနှုန်းမြင့်တက်လာခဲ့ပြီးအမြတ်ငွေ ၂၄.၁ ဘီလီယံနဲ့ Fortune List ရဲ့ နံပါတ် ၃ နေရာကိုရယူနိုင်ခဲ့ပါတယ်။

၎။ Wells Fargo

အမြတ်ငွေ - ၂၂.၉ ဘီလီယံ

ယခင်နှစ်အမြတ်ငွေ ၂၃.၁ ဘီလီယံထက် အနည်းငယ်လျော့ကျသွားပြီး ၂၂.၉ ဘီလီယံသာရရှိခဲ့တဲ့အတွက် Fortune List မှာအဆင့် ၄ သာရရှိခဲ့တာပါ။

၅။ Gilead Sciences

အမြတ်ငွေ - ၁၈.၁ ဘီလီယံ

ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်ပြီး အသည်းရောင်အသားဝါ C ပိုးအတွက်ဆေးများထုတ်လုပ်ရာတွင် နာမည်ကြီးပါတယ်။ အဆိုပါဆေးတွေရောင်းချမှုကနေအမြတ်ငွေ ၁၈.၁ ဘီလီယံအထိရရှိခဲ့ပါတယ်။

၆။ Verizon Communication

အမြတ်ငွေ - ၁၇.၉ ဘီလီယံ

နယူးဂျာစီအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီဟာမှန်းထားတဲ့အမြတ်ငွေထက်ကိုကျော်လွန်ပြီးရရှိခဲ့တာပါ။ သုံးစွဲသူ ၄.၅ သန်းအထိရရှိခဲ့ပြီးအမြတ်ငွေ ၁၇.၉ ဘီလီယံအထိရရှိခဲ့ပါတယ်။

၇။ Alphabet (Google)

အမြတ်ငွေ - ၁၆.၃ ဘီလီယံ

Google ရဲ့မိတ်ဖက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Alphabet ဟာ Holding ကုမ္ပဏီတစ်ခုအနေနဲ့ အမြတ်ငွေ ၁၆.၃ ဘီလီယံအထိရရှိခဲ့ပါတယ်။ Alphabet ရဲ့အခြားစီးပွားရေးတွေဖြစ်တဲ့ Fiber, Verily, Calico, Nestတို့မှာ ၃.၆ ဘီလီယံအထိအရှုံးပေါ်ခဲ့ပေမယ့်လည်း Google ရဲ့ကြော်ငြာလုပ်ငန်းကနေပြီးအမြတ်အစွန်းများစွာရရှိခဲ့တာပဲဖြစ်ပါတယ်။

Read times
Rate this item
(2 votes)