-->
×

Warning

JUser: :_load: Unable to load user with ID: 29


လက်လီအရောင်းဆိုင်တွေအတွက် သတိထားရမယ့် အချက်များ

လက်လီအရောင်းဆိုင်တွေအတွက် သတိထားရမယ့် အချက်များ google

လက်လီအရောင်း ပိုင်ရှင်ဂုရုကြီး တစ်ဦးက "အသေးလေးတွေကို ဂရုမစိုက်ရင် အကြီးကြီးတွေ ဖြစ်မလာပါ " လို့ဆိုပါတယ်။

အချို့လုပ်ငန်းတွေမှာ အလေအလွင့် ဖြစ်တဲ့ရာခိုင်နှုန်းကို မသိလို့အမြတ်ရတယ် ထင်ပေမယ့် အမြတ်မရှိဘဲ ဆုံးရှုံးတာကို တွေ့ဖူုးပါတယ်။ လက်လီအရောင်းဆိုင်တွေ အနေနဲ့ အရောင်းအ၀ယ်တွေပါး ၊ အမြတ်တွေ နည်းလာတဲ့ကာလမှာ မကျဆုံးစေဖို့ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

 

၁။ Out of control Balance Sheet

လက်လီအရောင်းဆိုင် အတော်များများမှာ Balance sheet စာရင်း (လက်ကျန်ရှင်းတမ်း) မရှိကြပါဘူး။ ဒီအချက်ကို ရအောင် လုပ်သင့်ပါတယ်။ အခုခေတ် Software တွေ ရှိနေတာကြောင့် သိဖို့လိုပါတယ်။


၂။ Out of control Expense

အမြတ်တွေ ကျလာပေမယ့် အသုံးစရိတ်တွေကို မလျှော့နိုင်သေးတဲ့ လက်လီဆိုင်တွေ ရှိနေပါသေးတယ်။ အထူးသဖြင့် အရင်က အမြတ်များများရခဲ့တယ့် လက်လီဆိုင်ရှင်တွေအနေနဲ့ အသုံးစရိတ်တွေကို လျှော့မချနိုင်တာ၊ မချွေနိုင်တာတွေ ရှိပါတယ်။ ဒီအချိန်မှာ အသုံးစရိတ်တွေကို Control မလုပ်နိုင်ရင် လက်လီဆိုင်တွေ အခြေအနေမကောင်းနိုင်ပါဘူး။


၃။ Failing to Manage Gross Margin

အကြမ်းအမြတ် (Gross Margin) တွေ ကျဆင်းလာပြီ ဆိုရင်လည်း လက်လီဆိုင်တွေ အခြေအနေ မကောင်းနိုင်ပါဘူး။ မြတ်အောင်ရောင်းဖို့နဲ့ ရောင်းတက်ဖို့ လိုပါလိမ့်မယ်။ ဈေးနှုန်းလျှော့တာ မပြိုင်ကြတော့ဘဲ ဝန်ဆောင်မှု့တွေ ပြိုင်ရောင်းကြရအောင်။


၎။ Out of control InventoryOut of control Inventory

လက်လီရဲ့အသက်ပါ။ လက်လီ ဂုရုဆရာကြီး ပြောတာကတော့ အရောင်းမှားတာ နဲ့ အဝယ်မှားတာဆိုရင် အဝယ်မှားတာ ပိုဆိုးတယ်လို့ ဆိုပါတယ်။ မဝယ်သင့်တဲ့ပစ္စည်း၊ Model အောက်မဲ့ပစ္စည်း၊ အရောင်းမကောင်းတဲ့ ပစ္စည်း၊ ဈေးကျမဲ့ပစ္စည်း ၊ ကိုယ့်ဂိုထောင်ထဲ အိပ်နေမဲ့ ပစ္စည်းမျိုးတွေကို Promotion မက်ပြီး ဝယ်မိရင် Stock တွေပုံပြီး ငွေမလည်ဘဲ ဖြစ်တက်ပါတယ်။ ကိုယ့် Warehouse မှာ ဘာပစ္စည်းရှိမှန်း မသိဘဲ ဝယ်မိတာတွေက လက်လီဆိုင်တွေအတွက် မကောင်းနိုင်ပါဘူး။ Inventory ထိမ်းတဲ့ နည်းလမ်းကောင်းတွေရှိပါတယ်။


၅။ Being out of Cash

နောက်ဆုံး အချက်ကတော့ ငွေမလည်တာပါ။ Cash flow မလည်တော့ဘဲ ပေးရန်ရှိတွေကို အချိန်မှီ မပေးနိုင်တော့တာပါ။ Cash flow မလည်တဲ့ အကြောင်းတရားတွေ အများကြီးရှိပါတယ်။ အရင်က ရောင်းအားကောင်းနေချိန် ကိစ္စမရှိပင်မဲ့ အခုချိန်မှာ ကိုယ့်ဆိုင်မှာ ရောင်းရမဲ့ ရောင်းအားအတိုင်း ချိန်ဆဝယ်ယူဖို့နဲ့ မလိုအပ်ဘဲ အသုံးစရိတ်တွေ သုံးတာတွေ မလုပ်မိဖို့လိုပါတယ်။

 

Credit : Ko Aung Si Lin

Myanmar Advertising Directory


Read More...ကုန်အမှတ်တံဆိပ်ဥပဒေပါ ပြဌာန်းချက်တွေနဲ့ ပတ်သက်တဲ့ အသိပညာပေး ဆွေးနွေးပွဲ

Read times
Rate this item
(3 votes)