အခုလတ်တလော ကိုဗစ်ဖြစ်ပွားနေတဲ့ ကာလအတွင်း နာမည်ကြီး ဆယ်လီတွေဟာ ကိုဗစ်ကာလ မကူးစက်စေရန် ထုတ်ထားတဲ့ ညွှန်ကြားချက်များကို မလိုက်နာဘဲ လူအများနဲ့ သီးခြား ခွဲနေခြင်းကို မလုပ်ဆောင်တဲ့ အပြင် မျက်နှာဖုံးနှာခေါင်းစီးတောင်မဝတ်ဆင်ကြပါဘူး။
သို့ပေမယ့် စီးပွားရေး လုပ်ငန်းတွေဟာ ၎င်းတို့ကို ငှားရမ်းနေဆဲပါပဲ။ ဥပမာ ပြောရရင် Tiktok က ကျော်ကြားသူ Blake Gray ဟာ ဩဂုတ်လ ၂၈ ရက်နေ့ က အမှားတစ်ခု ကျူးလွန် ခဲ့ ပါတယ်အဲ့တာကတော့ လော့အိန်ဂျယ်လီစ်မှ ကြီးမားတဲ့ ပါတီတစ်ခု ကို တက်ခဲ့တာပါထိုပါတီဟာ ကိုဗစ်တားမြစ်ချက်တွေကို အရေးမစိုက်ဘဲ ကျင်းပတဲ့ ပါတီပါ။
ထိုပွဲကျင်းပတဲ့သူ ကတော့ အဖမ်းခံခဲ့ရပြီး၂ ရက်အကြာမှာ ထိုပွဲမှာ ပျော်ပျော်ပါးပါး သွားကဲခဲ့တဲ့ Blake Gray ကိုတော့ ကော့စမတ်တစ် Brand တစ်ခုဖြစ်တဲ့ Asos က ကြေငြာ လက်ခံခဲ့ ရခဲ့ပါတယ်။သည့်အပြင် Nabisco မှ Nutter Butter ကွက်ကီး အတွက်ကို Tiktok မှာ ကြေငြာခဲ့ရပါတယ်။
Gray က ဥပမာ ဖြစ်ပြီး ကျန်းမာရေး ကိုက်ညီချက်တွေကို ကျော်လွန်ခဲ့တဲ့ ဆယ်လီတွေပါ သို့ပေမယ့် Brand တွေ အနေနဲ့ ဆယ်လီတွေ ရဲ့ လွမ်းမိုးမှု ကို မကျော်နိုင်ခဲ့ပြန်ပါဘူး။ ဆယ်လီအသိုင်း အဝိုင်းထဲက ပြောရေးဆိုခွင့်ရှိသူတစ်ဦးရဲ့ပြောကြားချက်အရဆို ထိုသို့သော အနုပညာရှင်တွေက အနုပညာ လောကက ထုတ်ပယ် ခံရနိုင်ပါတယ် သို့ပေမယ့် ယခုကံကောင်းတဲ့သူတွေကတော့ သူတို့ရဲ့ ပရိသတ်တွေကတော့ က အသည်းအသန်ထောက်ခံပေးနေတာမို့ သူတို့တွေနာမည်တောင်ထိခိုက်ခြင်းမရှိကြပါဘူး သည့်ထက် Brand တွေကလဲ ကြော်ငြာ လုပ်နေဆဲပါ။
Ref : Business Insider