-->
×

Warning

JUser: :_load: Unable to load user with ID: 29


Facebook ရဲ့ ကြော်ငြာ ရေးရာကို အဓိကထားတာဝန်ယူနေသည့်လူများ

အခုဆိုရင် ဆိုရှယ်မီဒီယာ ကြော်ငြာရေးရာ ခေတ်စားလာတဲ့ အခါမှာ လူတွေက ဖေ့ဘုတ်မှာကြော်ငြာ ထည့်ဖို့ကို အတော်လေးစိတ်ဝင်စားကြပါတယ်။ဘာလို့ဆို Digital Marketing ရဲ့ အဓိက သော့ချက်က Facebook ကိုး။

Facebook ကြော်ငြာ ရေးရာ ကိစ္စရပ်တွေကို အဓိက ကိုင်တွယ်တဲ့ သူက တကယ်တန်းမှာ သုံးယောက်သာ ရှိတယ် ၎င်းတို့ရဲ့ COO ဖြစ်တဲ့ Sheryl Sandberg ( ရှရယ် ဆန့်ဘက်သ် ) ရယ် ၊ Andrew Bosworth ( အန်ဒရှုး ဘော့စ်ဝသ် ) ရယ် နဲ့ David Fischer ( ဒေးဗစ် ဖစ်ရှာ ) တို့ကသာ ထိန်းချုပ်တာပါ။

 

ပထမဦးစွာ Sheryl Sandberg ( ရှရယ် ဆန့်ဘက်သ် ) အကြောင်းစပြောပါမယ် - ဆန့်ဘက်သ် ဟာ Facebook ကို ၂၀၀၈ ခုနှစ်ကစတင်ပြီး Facebook မှာလုပ်ကိုင်ခဲ့သူဖြစ်ပြီး ဇူကာဘက်ရဲ့ အားအထားရဆုံး နံပါတ် ၂ ပါ။သူမဟာ ဇူကာဘက်ရဲ့ စီးပွားရေးဆိုင်ရာကိစ္စ တွေကို အမြဲတာဝန်ယူ ကိုင်တွယ်နေသူတစ်ဦးပါ သည့်ထက် Facebook ရဲ့ ကြော်ငြာ ပိုင်းဆိုင်ရာစီးပွားရေးနှင့် အခြားကိစ္စ ရပ်များကို အဓိက တာဝန်ယူဖြေရှင်းသူပါ။

 

ဆန့်ဘက်သ် က Facebook ကို Google မှရောက်လာသူဖြစ်ပြီး သူမက ဒုဥက္ကထ ရာထူးဖြင့် အွန်လိုင်းအရောင်းနှင့် စီမံခန့်ခွဲရေးအပိုင်းတွေကို ကိုင်တွယ်ခဲ့တာပါ။ထို့အပြင် ဆန့်ဘက်သ် က Facebook ရဲ့ အမြတ်ငွေတွေတိုးလာဖို့ ကြော်ငြာပိုင်း စီးပွားရေးကို အသေအချာကိုင်တွယ်ခဲ့သူပါ။သူမ မရောက်ခင်က Facebook က ၂၀၀၇ မှာ အမြတ်ငွေ ၁၅၀ မီလီယံ ပဲရှိခဲ့ပြီး ၂၀၁၁ သူမရောက်လာချိန်မှာ Facebook က အမြတ်ငွေ ၃၇၀ ဘီလီယံ ထိတက်လာခဲ့ပါတယ်။

 

၂၀၁၃ မှာ သူမရဲ့ နာမည်ကလည်း Facebook နှင့် အတူတူ ကြီးထွားလာတာ Lean In: Women, Work, and the Will to Lead နာမည်ဖြင့် စာအုပ်တစ်အုပ်ထုတ်ဝေခဲ့ပါတယ်။အခုချိန်ထိ သူမဟာ လုပ်ဖော်ကိုင်ဖက်များရဲ့ ချီးမွမ်း သြဝါဒ ပြု ခြင်းကို ခံရတဲ့ သူတစ်ဦးပါ။ဇူကာဘက်ရဲ့ ယခုနောက်ပိုင်းငွေကြေးပိုင်းဆိုင်ရာ တိုးတက်မှု့တွေက ဆန့်ဘက်သ် ကြောင့်ရယ်လို့ လူအများကလက်ခံထားပါတယ်။

 

Facebook ကြော်ငြာ ဖန်တီးမှု့ အကြီးအကဲ ကတော့ Andrew Bosworth ( အန်ဒရှုး ဘော့စ်ဝသ် ) ဖြစ်ပြီးသူ့လုပ်ဆောင်ချက်တွေကတော့ ဘော့စ်ဝသ် နဲ့ ဇူကာဘက်တို့ဟာ ဟားဗတ် တက္ကသိုလ်မှာတူတူ တက်လာကြတာပါ။သည့်အပြင် ၂၀၀၆ ထဲက Facebook မှာ သူက ရှိနှင့်နေခဲ့တာပါ။ ဘော့စ်ဝသ် ကို လူတွေက အလုပ်လုပ်ကိုင်ရာမှာ တိကျတဲ့ သူအဖြစ် လူသိများပါတယ်။ ဘော့စ်ဝသ် ဟာ ဖေ့ဘုတ်ရဲ့ ဆော့ဝဲလ်ပိုင်းဆိုင်ရာတွေမှာ တိုးတက်အောင်လုပ်ကိုင်သူဖြစ်သည့်အပြင် ဖေ့ဘုတ်ကြော်ငြာ ပိုင်းဆိုင်ရာ ကိုလည်း သူက အားတက်သရောလုပ်ကိုင်သူပါ သည့်ထက် အမြတ်ငွေ ၉၈ ရာခိုင်နှုန်းကို သူတို့ Team မှ ဖန်တီးပါသတဲ့။

 

ဇူကာဘက်က အစက ဘော့စ်ဝသ် ကို သူ့ရဲ့Hardware ပိုင်းဆိုင်ရာ အကြီးအကဲ အဖြစ် သြဂုတ်လ ၂၀၁၇ မှာ ခန့်အပ်ခဲ့ပါတယ်။သူဟာ ဖေ့ဘုတ် အပြင် Oculus ကိုပါ တွဲဖက်လုပ်ကိုင်နေရတဲ့သူပါ။အခုချိန် ဖေ့ဘုတ်ပေါ်မှာ သင်တို့ ခပ်ကြည်ကြည် ဗီဒီယို ဖုန်းတွေပြောနိုင်နေတာသူ့တို့ကြောင့်ဆိုလဲမမှားပါဘူး။အခြား ဆိုရှယ်မီဒီယာ တွေက အတော်လေး ဘော့စ်ဝသ် ရဲ့ လုပ်ရည်ကိုင်ရည်ကိုကြောက်ကြပါတယ်။

 

အဆိုပါ ကြော်ငြာ တွေရဲ့ အမြတ်ငွေ ဦးစီးဌာနမှုး ကတော့ David Fischer ( ဒေးဗစ် ဖစ်ရှာ ) ပဲ သူ့လုပ်ဆောင်ချက်တွေကတော့ - Facebook သည်ကြော်ငြာ များကို ရည်မှန်းချက်ရှိရှိ လူတွေအပေါ် မြင်နိုင်စေရန် အဓိက ထားပြီးကြော်ငြာ ခြင်းဖြင့် ငွေကိုရှာသည်။ထိုတစ်ကမ္ဘာလုံးဆိုင်ရာ အမြတ်ငွေများကို ကြီးကြပ်သူမှာ ဖစ်ရှာ ပင်ဖြစ်သည်။

 

ဖစ်ရှာ သည် ဆန့်ဘက်သ် လိုပင် ဂူဂဲလ်မှ ဖေ့ဘုတ် ကိုရောက်လာသူပင်ဖြစ်သည်၊သူဟာ ဖေ့ဘုတ်ရဲ့ ကြော်ငြာ လုပ်ငန်းကို လုပ်ကိုင်နေပေမည့် လုံးဝလူသိမခံ ထင်ပေါ်ကြော်ကြားမှု့နှင့်ဝေးဝေးနေသူ ဖြစ်သည်။သူသည် လူတွေ တွေ့မြင်ထောပနာ ပြုခြင်းကို ခံမယ့်အစား ရလာဒ်ကို သာ အာရုံထားသူတစ်ဦးဖြစ်သည်။

 

Facebook ဟာ ကြော်ငြာ ရေးရာ ကိစ္စရပ်တွေကို အဆိုပါ လူသုံးဦးနဲ့ သာ အဓိကထား လုပ်ဆောင်တယ် သိရပြီး အမြတ်ငွေကိုလည်းကြော်ငြာ ရေးရာ ကိစ္စပိုင်းဆိုင်ရာတွေကနေအဓိကထားရယူတယ်သိရပါတယ်။

 

<<< Zawgyi >>>

 

Facebook ရဲ႕ ေၾကာ္ျငာ ေရးရာကို အဓိကထားတာ၀န္ယူေနသည့္လူမ်ား

---------------------------------------------------------------------------------------

 

အခုဆုိရင္ ဆိုရွယ္မီဒီယာ ေၾကာ္ျငာေရးရာ ေခတ္စားလာတဲ့ အခါမွာ လူေတြက ေဖ့ဘုတ္မွာေၾကာ္ျငာ ထည့္ဖို႕ကို အေတာ္ေလးစိတ္၀င္စားၾကပါတယ္။ဘာလို႕ဆို Digital Marketing ရဲ႕ အဓိက ေသာ့ခ်က္က Facebook ကိုး။

 

Facebook ေၾကာ္ျငာ ေရးရာ ကိစၥရပ္ေတြကို အဓိက ကိုင္တြယ္တဲ့ သူက တကယ္တန္းမွာ သံုးေယာက္သာ ရွိတယ္ ၎တို႕ရဲ႕ COO ျဖစ္တဲ့ Sheryl Sandberg ( ရွရယ္ ဆန္႕ဘက္သ္ ) ရယ္ ၊ Andrew Bosworth ( အန္ဒရႈး ေဘာ့စ္၀သ္ ) ရယ္ နဲ႕ David Fischer ( ေဒးဗစ္ ဖစ္ရွာ ) တို႕ကသာ ထိန္းခ်ဳပ္တာပါ။

 

ပထမဦးစြာ Sheryl Sandberg ( ရွရယ္ ဆန္႕ဘက္သ္ ) အေၾကာင္းစေျပာပါမယ္ - ဆန္႕ဘက္သ္ ဟာ Facebook ကို ၂၀၀၈ ခုနွစ္ကစတင္ျပီး Facebook မွာလုပ္ကိုင္ခဲ့သူျဖစ္ျပီး ဇူကာဘက္ရဲ႕ အားအထားရဆုံး နံပါတ္ ၂ ပါ။သူမဟာ ဇူကာဘက္ရဲ႕ စီးပြားေရးဆုိင္ရာကိစၥ ေတြကို အျမဲတာ၀န္ယူ ကိုင္တြယ္ေနသူတစ္ဦးပါ သည့္ထက္ Facebook ရဲ႕ ေၾကာ္ျငာ ပိုင္းဆုိင္ရာစီးပြားေရးနွင့္ အျခားကိစၥ ရပ္မ်ားကုိ အဓိက တာ၀န္ယူေျဖရွင္းသူပါ။

 

ဆန္႕ဘက္သ္ က Facebook ကို Google မွေရာက္လာသူျဖစ္ျပီး သူမက ဒုဥကၠထ ရာထူးျဖင့္ အြန္လိုင္းအေရာင္းနွင့္ စီမံခန္႕ခြဲေရးအပိုင္းေတြကို ကိုင္တြယ္ခဲ့တာပါ။ထို႕အျပင္ ဆန္႕ဘက္သ္ က Facebook ရဲ႕ အျမတ္ေငြေတြတိုးလာဖုိ႕ ေၾကာ္ျငာပိုင္း စီးပြားေရးကို အေသအခ်ာကိုင္တြယ္ခဲ့သူပါ။သူမ မေရာက္ခင္က Facebook က ၂၀၀၇ မွာ အျမတ္ေငြ ၁၅၀ မီလီယံ ပဲရွိခဲ့ျပီး ၂၀၁၁ သူမေရာက္လာခ်ိန္မွာ Facebook က အျမတ္ေငြ ၃၇၀ ဘီလီယံ ထိတက္လာခဲ့ပါတယ္။

 

၂၀၁၃ မွာ သူမရဲ႕ နာမည္ကလည္း Facebook နွင့္ အတူတူ ၾကီးထြားလာတာ Lean In: Women, Work, and the Will to Lead နာမည္ျဖင့္ စာအုပ္တစ္အုပ္ထုတ္ေ၀ခဲ့ပါတယ္။အခုခ်ိန္ထိ သူမဟာ လုပ္ေဖာ္ကိုင္ဖက္မ်ားရဲ႕ ခ်ီးမြမ္း ၾသ၀ါဒ ျပဳ ျခင္းကို ခံရတဲ့ သူတစ္ဦးပါ။ဇူကာဘက္ရဲ႕ ယခုေနာက္ပိုင္းေငြေၾကးပိုင္းဆို္င္ရာ တိုးတက္မႈ႕ေတြက ဆန္႕ဘက္သ္ ေၾကာင့္ရယ္လို႕ လူအမ်ားကလက္ခံထားပါတယ္။

 

Facebook ေၾကာ္ျငာ ဖန္တီးမႈ႕ အၾကီးအကဲ ကေတာ့ Andrew Bosworth ( အန္ဒရႈး ေဘာ့စ္၀သ္ ) ျဖစ္ျပီးသူ႕လုပ္ေဆာင္ခ်က္ေတြကေတာ့ ေဘာ့စ္၀သ္ နဲ႕ ဇူကာဘက္တို႕ဟာ ဟားဗတ္ တကၠသိုလ္မွာတူတူ တက္လာၾကတာပါ။သည့္အျပင္ ၂၀၀၆ ထဲက Facebook မွာ သူက ရွိနွင့္ေနခဲ့တာပါ။ ေဘာ့စ္၀သ္ ကို လူေတြက အလုပ္လုပ္ကိုင္ရာမွာ တိက်တဲ့ သူအျဖစ္ လူသိမ်ားပါတယ္။ ေဘာ့စ္၀သ္ ဟာ ေဖ့ဘုတ္ရဲ႕ ေဆာ့၀ဲလ္ပိုင္းဆိုင္ရာေတြမွာ တိုးတက္ေအာင္လုပ္ကိုင္သူျဖစ္သည့္အျပင္ ေဖ့ဘုတ္ေၾကာ္ျငာ ပိုင္းဆိုင္ရာ ကိုလည္း သူက အားတက္သေရာလုပ္ကိုင္သူပါ သည့္ထက္ အျမတ္ေငြ ၉၈ ရာခိုင္နႈန္းကို သူတို႕ Team မွ ဖန္တီးပါသတဲ့။

 

ဇူကာဘက္က အစက ေဘာ့စ္၀သ္ ကို သူ႕ရဲ႕ ့Hardware ပိုင္းဆိုင္ရာ အၾကီးအကဲ အျဖစ္ ၾသဂုတ္လ ၂၀၁၇ မွာ ခန္႕အပ္ခဲ့ပါတယ္။သူဟာ ေဖ့ဘုတ္ အျပင္ Oculus ကိုပါ တြဲဖက္လုပ္ကိုင္ေနရတဲ့သူပါ။အခုခ်ိန္ ေဖ့ဘုတ္ေပၚမွာ သင္တို႔ ခပ္ၾကည္ၾကည္ ဗီဒီယို ဖုန္းေတြေျပာနိုင္ေနတာသူ႕တို႕ေၾကာင့္ဆိုလဲမမွားပါဘူး။အျခား ဆိုရွယ္မီဒီယာ ေတြက အေတာ္ေလး ေဘာ့စ္၀သ္ ရဲ႕ လုပ္ရည္ကိုင္ရည္ကိုေၾကာက္ၾကပါတယ္။

 

အဆိုပါ ေၾကာ္ျငာ ေတြရဲ႕ အျမတ္ေငြ ဦးစီးဌာနမႈး ကေတာ့ David Fischer ( ေဒးဗစ္ ဖစ္ရွာ ) ပဲ သူ႕လုပ္ေဆာင္ခ်က္ေတြကေတာ့ - Facebook သည္ေၾကာ္ျငာ မ်ားကို ရည္မွန္းခ်က္ရွိရွိ လူေတြအေပၚ ျမင္နိုင္ေစရန္ အဓိက ထားျပီးေၾကာ္ျငာ ျခင္းျဖင့္ ေငြကိုရွာသည္။ထိုတစ္ကမၻာလုံးဆုိင္ရာ အျမတ္ေငြမ်ားကို ၾကီးၾကပ္သူမွာ ဖစ္ရွာ ပင္ျဖစ္သည္။

 

ဖစ္ရွာ သည္ ဆန႔္ဘက္သ္ လိုပင္ ဂူဂဲလ္မွ ေဖ့ဘုတ္ ကိုေရာက္လာသူပင္ျဖစ္သည္၊သူဟာ ေဖ့ဘုတ္ရဲ႕ ေၾကာ္ျငာ လုပ္ငန္းကို လုပ္ကိုင္ေနေပမည့္ လုံး၀လူသိမခံ ထင္ေပၚေၾကာ္ျကားမႈ႕နွင့္ေ၀းေ၀းေနသူ ျဖစ္သည္။သူသည္ လူေတြ ေတြ႕ျမင္ေထာပနာ ျပဳျခင္းကို ခံမယ့္အစား ရလာဒ္ကို သာ အာရုံထားသူတစ္ဦးျဖစ္သည္။

 

Facebook ဟာ ေၾကာ္ျငာ ေရးရာ ကိစၥရပ္ေတြကို အဆိုပါ လူသံုးဦးနဲ႕ သာ အဓိကထား လုပ္ေဆာင္တယ္ သိရျပီး အျမတ္ေငြကိုလည္းေၾကာ္ျငာ ေရးရာ ကိစၥပိုင္းဆိုင္ရာေတြကေနအဓိကထားရယူတယ္သိရပါတယ္။

 

Ref : The Drum 

Read times
Rate this item
(0 votes)