-->
×

Warning

JUser: :_load: Unable to load user with ID: 29


The Complete Guide to Facebook Advertising 2019 (14)

Facebook ပေါ်မှာ business page ကို Business Manager နဲ့ ချိတ်ထားပြီးတဲ့အခါ

ဖုန်းမှာ တင်ထားတဲ့ Facebook app အပြင် အလံအညိုပုံကလေးနဲ့ သင်္ကေတ ပြုထားတဲ့ Facebook Pages app ကိုပါ ဖုန်းမှာ တင်ထားသင့်ပါတယ်။ Facebook Pages app မှာ လုပ်လို့ကိုင်လို့ ရတဲ့ဟာတွေပါတယ်။ ကွန်ပျူတာရှေ့ ထိုင်ပြီးမှ လုပ်ကိုင်နေဖို့ မလိုဘဲ ရောက်ရာအရပ်မှာ ဖုန်းပွတ်ပြီး လုပ်ကိုင်နိုင်သွားစေတယ်။ ဒီတော့ Facebook Pages app ကို သုံးစွဲသူတွေ ပိုပိုများလာတာကို Facebook က မှတ်တမ်းမှတ်ရာများအရ သိရှိရတဲ့အခါ နောက်ထပ် app တစ်ခု ထပ်ချကျွေးလိုက်တယ်။ ၂၀၁၅ ခုနှစ်မှာ Facebook Ads Manager app ကို အိုင်ဖုန်း အင်ဒရွိုက်ဖုန်းတို့အတွက် စတင်သုံးစွဲလို့ရအောင် စီစဉ်ပေးခဲ့တယ်။ tablet နဲ့ သုံးရင်လည်း အဆင်ပြေအောင် လုပ်ပေးထားတာ တွေ့ရတယ်။ ဒီအက်ပ်က သွားရင်းလာရင်း ရောက်ရာအရပ်မှာ ဖုန်းကို အင်တာနက်ချိတ်ပြီး ကြော်ငြာကိစ္စအ၀၀ကို လုပ်ကိုင်လို့ ရနေစေတယ်။  ကြော်ငြာအခြေအနေကို ကြည့်တာ၊ ကြော်ငြာဖန်တီးတာ၊ တည်းဖြတ်ပြင်ဆင်တာ၊ ကြော်ငြာဘတ်ဂျက် သတ်မှတ်ပေးတာ၊ အချိန်ဇယားပေးတာ၊ နိုတီရယူတာ၊ ကြော်ငြာလက်စကို ရပ်တာ၊ ပြန်စတာ တို့ကို လုပ်ကိုင်လို့ ရတာမို့ ကွန်ပျူတာရှေ့မှာ ထိုင်ပြီးမှ လုပ်ရကိုင်ရတဲ့အဖြစ်မှ လွတ်ကင်းစေတယ်။ 

ရယူဖို့ လင့်ခ်တွေက

Google Play - 

https://play.google.com/store/apps/details?id=com.facebook.adsmanager

 

App Store - 

 

https://apps.apple.com/us/app/facebook-ads-manager/id964397083

အဓိကကျတဲ့ အရာ လေးခုပါတယ်။

 

Home page

အကောင့်တွေ၊ ကြော်ငြာတွေ၊ စာမျက်နှာတွေရဲ့ အခြေအနေ အကျဉ်းရုံးကို အလွယ်ဖြင့် ကြည့်လို့ရအောင် ပြသပေးထားတယ်။ 

 

Campaigns

ကြော်ငြာ ပြေးထားတာတွေကို ဘေးချင်းယှဉ်ပြီး ကြည့်လို့ရအောင် လုပ်ပေးထားတာ အတော်လှတဲ့စိတ်ကူး ဖြစ်ပါတယ်။ ဘယ်ကြော်ငာက အလုပ်အဖြစ်ဆုံးလဲဆိုတာ ချက်ချင်း အလွယ်ဖြင့် သိလို့ ရနေစေတယ်။ အလုပ်မဖြစ်တဲ့ ကြော်ငြာကို ရပ်သင့်ရင် ရပ်ဖို့လည်း ဒီအက်ပ်နဲ့ လုပ်လို့ ရတယ်။ 

 

Weekly summary:

တစ်ပတ်တာအတွက် ကြော်ငြာတွေရဲ့ အခြေအနေတွေကို အကျဉ်းချုပ် ဖော်ပြပေးတယ်။ 

 

Recommended actions

ကြော်ငြာအတွက် လုပ်သင့်လုပ်ထိုက်တာတွေ အကြံပေးထားတယ်။ 

အကြံပေးချက်အတိုင်း လုပ်သင့်မလုပ်သင့်ဆိုတာကတော့ ဘတ်ဂျက်အနေအထားနဲ့ ချင့်ချိန်ဖို့ လိုပါလိမ့်မယ်။ 

 

တစ်ခါတစ်ရံမှာ အလုပ်မလုပ်တာမျိုးလည်း ရှိတတ်ပါတယ်။ Facebook က ကြော်ငာကိစ္စတွေကို ပြုပြင်မှုတွေ လုပ်နေချိန်မှာ သုံးလို့ မရတာမျိုး ဖြစ်တတ်ပါတယ်။ 

 

 

 

Business Manager ထဲမှာ Settings ထဲကို ဝင်ပြီး ad account settings ကို ကြည့်လို့ရတယ်။ ပြင်စရာရှိရင် ပြင်လို့ ရတယ်။ ခင်ဗျားရဲ့ account name ၊ ကြော်ငြာလုပ်ကိုင်မယ့် လုပ်ငန်းတည်ရှိရာ နိုင်ငံ၊ ခင်ဗျား ကြော်ငြာလုပ်ကိုင်မယ့် လုပ်ငန်းလိပ်စာ စတာတွေ ဖြည့်သွင်းတာ၊ ပြင်ဆင်ချက် ပြုတာတွေ လုပ်ကိုင်လို့ ရတယ်။ notification settings ကိုလည်း ပြင်ဆင်သတ်မှတ်လို့ ရတယ်။ ad account role တွေကို ကြည့်တာ၊ လူထပ်ထည့်တာ၊ ဖယ်ရှားတာတွေလည်း လုပ်လို့ ရတယ်။

ကြော်ငြာကိစ္စ အ၀၀ အတွက်ကတော့ Ads Manager ကို ဝင်ပါ။ ဝင်ပေါက်ခလုတ်က ဘယ်ဘက်ထောင့်မှာ ရှိတဲ့ မျဉ်းတိုသုံးကြောင်း Pages လို့ ပြထားတဲ့နေရာကို ကလစ်လုပ်ရမှာ ဖြစ်ပါတယ်။ ကလစ်လုပ်လိုက်ရင် ခေါင်းစဉ်တွေ အုပ်စုလိုက် တစ်သီတစ်သန်း ပွင့်ကျလာပါလိမ့်မယ်။

သူတစ်ပါးရဲ့ အကောင့်ကို မိမိမှ တာဝန်ယူ လုပ်ကိုင်ပေးမယ်ဆိုရင် သူနဲ့ကိုယ်နဲ့ ပါတနာ partner အဖြစ် လုပ်ကိုင်တာ ဖြစ်ပြီး သူ့အကောင့်ကို ခင်ဗျားက စီမံလုပ်ကိုင်ပေးမှာ ဖြစ်ပါတယ်။
အဲဒီအတွက် အရင်ဆုံး ကိုယ့်ရဲ့ ad account ID ကို ကူးယူထားရပါမယ်။
ယာဘက် အစွန်ဆုံး အုပ်စုဖြစ်တဲ့ Settings ဆိုတဲ့ ခေါင်းစဉ်ခွဲအောက်မှာ Business Settings ရှိပါတယ်။ ကလစ်လုပ်ပြီး ဝင်လိုက်ပါ။
အဲဒီခေါင်းစဉ်အောက်မှာ Ad Accounts ဆိုတာ တွေ့မယ်။ ကလစ်လုပ်လိုက်ရင် Ad Accounts ကိစ္စတွေအတွက် စီစဉ်ပေးထားတာတွေ တွေ့ရမှာ ဖြစ်ပါတယ်။ Ad Accounts ထဲ မဝင်ဘဲ Business Settings ဝင်ပြီးတာနဲ့ လုပ်လို့ရအောင်လည်း ခလုတ်တွေ ခင်းကျင်းပေးထားပါတယ်။ ကောင်းတာကတော့ Ad Accounts ကို ကလစ်လုပ်ပြီး ဝင်ရောက်လုပ်ကိုင်တာ ဖြစ်ပါတယ်။

ဝဲဘက်ခြမ်း ကော်လံမှာ Account ဆိုတာ ရှိတယ်။ အပေါ်ပိုင်း အလယ်နားမှာ ID ရှိတယ်။
အဲဒီ ID ကို ပါတနာဆီ ပေးပို့ပြီး ခင်ဗျားကို လုပ်ကိုင်ခွင့် သူ့စာမျက်နှာမှာ Assign Partner ကို ဝင်ပြီး ခင်ဗျားပေးတဲ့ ID ဖြင့် ခွင့်ပြုပေးရမှာ ဖြစ်ပါတယ်။ အဲဒါက Business ID ဖြင့် ပါတနာ ပြုတာ ဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ Link ပေးတဲ့နည်း ဖြစ်ပါတယ်။
နောက်ထပ်တစ်နည်းကတော့ ပါတနာရဲ့ ad account ကို ရယူပြီး လုပ်ကိုင်တဲ့နည်း ဖြစ်ပါတယ်။
ပါတနာကနေ ခင်ဗျားကို လုပ်ကိုင်ခွင့် ပေးတာနဲ့ ခင်ဗျားက သူ့ကြော်ငြာအကောင့်ကို ရယူပြီး လုပ်ကိုင်တာ ပါဝါ ကွာခြားပါတယ်။ သူက ခင်ဗျားကို ပေးရင် ဘယ်အဆင့်မျိုး ပေးမလဲဆိုတာ သူက ရွေးချယ်ပြီး ပေးလို့ရတယ်။
Admin ပေးရင် ad accounts နဲ့ pages တွေကို အပြည့်အ၀ စီမံလုပ်ကိုင်ခွင့် ရမယ်။
ad campaigns တွေ ပြင်တာ၊ လူတွေ တာဝန်ခန့်အပ်တာ၊ settings တွေ ပြောင်းတာ စတာတွေ အကုန်လုံး လုပ်ကိုင်ခွင့် ရလိုက်တာ ဖြစ်ပါတယ်။

Advertiser အနေဖြင့် ပေးတယ်ဆိုရင် ad accounts ကို အပြည့်အ၀ သုံးခွင့် မရဘူး။ ကြော်ငြာကိစ္စအ၀၀ကိုသာ လုပ်ကိုင်ခွင့် ရတာ ဖြစ်ပါတယ်။ ကြော်ငြာဖန်တီးတာ၊ ကြော်ငြာဖိုး ဘယ်လောက်သုံးမယ် ဆုံးဖြတ်တာ၊ ကြော်ငြာခ တောင်းခံလွှာ ပြင်ဆင်ချက် ပြုတာ စတာမျိုးတွေ လုပ်ကိုင်ခွင့် ရရှိပါတယ်။

Analyst အနေဖြင့် ပေးတာဆိုရင် ကြော်ငြာကမ်ပိန်းတွေ အခြေအနေ ဘယ်လိုရှိသလဲ ကြည့်ရှုသုံးသပ်လို့ ရမယ်။ ဒါပေမဲ့ ကြောြ်ငာနဲ့ ပတ်သက်တာတွေ ကိုင်တွယ်ခွင့် မရှိဘူး။ ကြော်ငြာရဲ့ ရလဒ်တွေကို ကြည့်ရှုခွင့် ရတာသက်သက်ပဲ ဖြစ်ပါတယ်။

ပါတနာဆီမှ Ad Account ကို ရယူပြီး လုပ်ကိုင်တာဆိုရင်တော့ အဲဒီအကောင့်ရဲ့ အပြည့်အ၀ ပိုင်ရှင်အဖြစ် ရယူလိုက်တာ ဖြစ်ပါတယ်။ အဲဒီ ကြော်ငြာအကောင့်ဟာ ခင်ဗျားရဲ့ဟာ ဖြစ်ပါတယ်လို့ သဘောသက်ရောက်တဲ့ ရယူပိုင်ဆိုင်မှု ဖြစ်ပါတယ်။

ဒီတော့ ပါတနာက လုပ်ကိုင်ခွင့်ပေးတာဆိုရင် လုပ်ကိုင်ခွင့်ကိုပဲ ရရှိတာဖြစ်ပြီး ပိုင်ဆိုင်ခွင့်ကို မရပါဘူး။ ပါတနာဆီမှာ ကြော်ငြာအကောင့်ကို ရယူလုပ်ကိုင်တာဆိုရင်တော့ အဲဒီ ကြော်ငြာအကောင့်ရဲ့ ပိုင်ရှင်အဖြစ်ကို ရောက်ရှိသွားတာ ဖြစ်ပါတယ်။

ဒီတော့ ကြောက်တတ်ဝန်ကင်း ဆိုတဲ့အတိုင်း ပထမနည်းဖြစ်တဲ့ လုပ်ကိုင်ခွင့်ကိုပဲ ရယူပြီး လုပ်ကိုင်သင့်ပါတယ်။ ပိုင်ရှင်အဖြစ် လုပ်ကိုင်ရင် တာဝန်ကြီးပါတယ်။
ဒါပေမဲ့ ဘယ်လိုလုပ်ရသလဲဆိုတာတော့ သိထားသင့်ပါတယ်။ တကယ်လို့ လိုအပ်လာရင် (ဥပမာ သူ့စာမျက်နှာကို ဝယ်ယူပြီး လုပ်ကိုင်တာမျိုး) လုပ်နိုင်ဖို့ သိထားသင့်တာဖြစ်ပါတယ်။

သွားရမယ့် လမ်းကြောင်း အဆင့်ဆင့်က
Accounts >> Ad Accounts >> Add >> Request Access to an Ad Account

ကိုယ်စားပြုမယ့် အဓိက စာမျက်နှာကို ရွေးချယ်ပေးပြီး Next ကို ဆက်ရင် ပါတနာရဲ့ ID ထည့်သွင်း ပေးရမယ့်ဆီကို ရောက်ရှိသွားပါလိမ့်မယ်။ Account ID ထည့်ပြီးတဲ့အခါမှာ ad account role သတ်မှတ်ပေးပြီး Confirm ကို ကလစ်လုပ်ရမှာ ဖြစ်ပါတယ်။

ဆက်လက်ပြီးတော့ ad account အသစ်တစ်ခု ဖန်တီးတာကို တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

Read times
Rate this item
(0 votes)