-->
×

Warning

JUser: :_load: Unable to load user with ID: 29





 


 


 


 


 


 



 

 

<<< Unicode >>>

 

Billboard တပ်ဆင်သူများထောင်ကျမည် …

-----------------

 

ယခုလိုကိုရိုနာဗိုင်းရစ် ရောဂါ ဖြစ်ပွားနေတဲ့ အချိန်မှာ ကမ္ဘာ တစ်ဝှမ်းမှာ လူအများ အပြင်ထွက်သွားလာခွင့် မရှိပါဘူး ထိုနည်းတူ အပြင်ပိုင်းကြော်ငြာ တပ်ဆင်တဲ့ အဖွဲ့ တွေကို လည်း အနောက်နိုင်ငံ အာဏာပိုင် အစိုးရအသီးသီးက တားမြစ်ထားကာ ထောင်ဒဏ် သို့ ငွေဒဏ် ကျသင့်မယ်သိရပါတယ်။

 

Out Of Home ( Advertising ) နေအိမ် ပြင်ပ ကြော်ငြာ ခြင်းတွေက အတော်လေး အခြေအနေဆိုးရွားကာ ကြော်ငြာ ရေးရာ နယ်ပယ် ထိခိုက်လုနီးနီး ဖြစ်နေပါတယ်။ တကယ်တန်းမှာ Billboard ကြော်ငြာ တီထွင် ဖန်တီးသူ ဒါရိုက်တာများ အလုပ်လက်မဲ့ ဖြစ်နေတယ်သိရပါတယ်။

 

မတ်လ အစောပိုင်းက ဥရောပရဲ့ အောင်မြင် ကျော်ကြားဆုံး နေအိမ် ပြင်ပ ကြော်ငြာ ခြင်း လုပ်ငန်းမှ တီထောင်သူ Udo Mueller ပြောကြားချက်က တော့ ယခု ကြော်ငြာ ရေးရာ နယ်ပယ်ကတော့ ကို စကားလုံးတစ်လုံး ဖြင့် တင်စားမယ်ဆို မချိပြုံးပြုံးနေရသလိုပါပဲတဲ့ ။

 

အခုဆိုရင် လမ်းမတွေပေါ်မှာ လူတွေ မရှိတော့ ပါဘူး တကယ်တန်း Out Of Home ကြော်ငြာ ကိစ္စရပ်တွေမှာ အရေး အကြီး ဆုံးက လူရှုပ်နေတဲ့ လမ်းမတွေ ၊ ကားအပြည့်ရပ်ထားတဲ့ ကားပါကင်တွေပါ ထို့အပြင် လူအပြည့်နဲ့ ဘတ်စ် ကားဂိတ်တွေပေါ့။

 

အခုတော့ လူက မရှိမှ တော့ Billboard ထောင်နေရင်လဲ အသက် အန္တရာယ် များသလို အစိုးရမှ ထောင်ချမှာက လွဲ ၍ ကျန်တဲ့ အကျိုးအမြတ် ရရှိမှာ မသေချာပေ ဒါက တကယ်ကိုပဲ ကြော်ငြာ ရေးရာ နယ်ပယ်အတွက် စိုးရိမ်ပူပင်စရာ ပင်ဖြစ်သည်။

 

စီးပွားရေး လုပ်ငန်းတွေမှာလဲ အခုချိန်မှာ ကမ္ဘာ စီးပွားရေး သိသိသာသာ ကျဆင်း မှုကြောင့် ဒေဝါလီမခံရရေးသာ အရေးစိုက်နေရသဖြင့် မားကတ်တင်း ကိစ္စရပ်များကို ရပ်တန့်ထားသည်မှာ သိသာလှသည်။

 

Out Of Home ( Advertising ) နေအိမ် ပြင်ပ ကြော်ငြာ ခြင်းဟာ ရှေးယခင် ပုံမပြောင်း ကြော်ငြာ ခြင်းပင်ဖြစ်သော်လဲ ယခင်အခါမှာ မှောင်မိုက်တဲ့ဘက်သို့ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။နေအိမ်ပြင်ပ ကြော်ငြာ ခြင်း လုပ်ငန်းတွေ ဖြစ်တဲ့ Ströer, JCDecaux နဲ့ Clear Channel တို့ ကတော့ ယခုလိုအနေအထား မှာ တောင့်ခံ နိုင်အောင် တိုက်ပွဲ ဝင်ကြရတော့ မှာပါ။

 


ယခုအချိန်မှာဆိုရင် Macquarie Research ရဲ့ လေ့လာချက် အရ ကိုရိုနာ ဗိုင်းရစ် ဖြစ်ပွားနေချိန်မို့ ခရီးအသွား အလာတွေ လုံးဝ မရှိတော့ပါဘူး ဒီတော့ကားနေအိမ်ပြင်ပ ကြော်ငြာရေး လောက မှာ ရတဲ့ ဝင်ငွေ အတော်များများ ကလေကြောင်းလိုင်းတွေ ကနေ လာတာပါလို့လည်းသိရပါတယ်။

 

 

Myanmar Advertising Directory 

 

Read times
Rate this item
(0 votes)