-->
×
Warning
JUser: :_load: Unable to load user with ID: 29
လုပ်ငန်းတစ်ခု စတင်တဲ့အခါ ဘာတွေစဉ်းစားသင့်လဲ
လုပ်ငန်းတစ်ခု စတင်တဲ့အခါ ဘာတွေစဉ်းစားသင့်လဲ google.com
Read-အောင်မြင်သူတို့ရဲ့ လုပ်ဆောင်ချက်အပိုင်းအစ
အထပ်ထပ် ပြင်ဆင်ပြောင်းလဲမှုတွေ လုပ်ဆောင်ပြီး နောက်ထပ်တစ်ကြိမ် သုံးစွဲသူတွေ မိမိထုတ်ကုန်ကို ပုံမှန်သုံးစွဲသည်အထိ ထပ်မံမိတ်ဆက်ပါ။
(Unicode Version)
အနာဂါတ်မှာ နေထိုင်သလိုတွေးတောပါ။ ကိုယ်လက်ရှိ အချိန်ထက် နောက်လာမယ့် အချိန်မှာ ဘာတွေဖြစ်လာနိုင်တယ်ဆိုတာကို တွေးတောပါ။
ကမ္ဘာပေါ်မှာ ဘယ်လိုအရာတွေက ပျောက်ဆုံးနေတယ်ဆိုတာ။ တစ်နည်း ဘယ်လိုအရာတွေက ပတ်ဝန်းကျင်မှာ တကယ်လိုအပ်နေလညး်ဆိုတာ ရှာဖွေပါ။
မိမိပတ်ဝန်းကျင်နှင့် အံဝင်ခွင်ကျဖြစ်နိုင်တဲ့ လုပ်ငန်းအိုင်ဒီယာ တွေကို ချရေးပါ။
လုပ်ငန်းနဲ့ပတ်သက်တဲ့ မူကြမ်းနမူနာပုံစံတစ်ခု တည်ဆောက်ကြည့်ပါ။
ကိုယ်တိုင်တည်ဆောက်ထားတဲ့ နမူနာမူကြမ်းကို လူအယောက်၁၀၀ ကိုပြသပါ။
မိမိလုပ်ဆောင်နေတာကို အများသိအောင် စတင်မိတ်ဆက်ပါ။
တစ်ချိန်တည်းမှာ ငွေကြေးအထောက်အပံ့နှင့် လုပ်ငန်းစတင် လုပ်ကိုင်ဆောင်ရွက်တာတွေကို တစ်ပြိုင်နက်တည်း စတင်ပါ။
မိမိအကောင်အထည်ဖော်လုပ်ဆောင်မယ့် လုပ်ငန်းကို မှတ်ပုံတင်ပါ။ ရှယ်ယာတန်ဖိုးကို အညီအမျှ ခွဲဝေထားပါ။
တွဲဖက်လုပ်ဆောင်မယ့် ၀ါသနာတူတစ်ယောက်ကို ရှာဖွေပါ။
နမူနာပုံစံကို တကယ့်အစစ်ပုံစံအထိ ဖြစ်လာအောင် ထပ်ခါထပ်ခါ ပြောင်းလဲမှုတွေ စဉ်ဆက်မပြတ် လုပ်ဆောင်ပါ။
သုံးစွဲသူတွေကို မျက်ခြေမပြတ် စောင့်ကြည့်လေ့လာမှုတွေ လုပ်ဆောင်ပါ။ မိမိရဲ့လုပ်ငန်းပေါ်မှာ သုံးစွဲသူတွေ နှစ်သက်မှုရှိမရှိ ဆက်လက်သုံးစွဲမှုရှိမရှိိကို အမြဲဆန်းစစ်ပါ။
သုံးစွဲသူတွေအနေနဲ့ ဆက်လက်သုံးစွဲမှု ရှိတယ်ဆိုရင်
သုံးစွဲသူအယောက် ၁၀၀၀ထိရောက်ရှိအောင် ဆက်လက်လုပ်ဆောင်ပါ။
တစ်ပတ်လျှင် သုံးစွဲသူဦးရေ ၅ရာခိုင်နှုန်းအထိ တိုးတက်အောင် လုပ်ဆောင်ပါ။(ခက်ခဲပေမယ့် ဒီပမာဏက ဖြစ်နိုင်တယ်ဆိုတာကို သက်သေပြလုပ်ဆောင်ပါ)
နောက်ထပ်လေးနှစ်တာကာလအထိ ဒီရာခိုင်နှုန်းအတိုင်း ဆက်လက်တိုးတက်အောင် လုပ်ဆောင်ပါ။ ဒီကာလအတွင်း သုံးစွဲသူဦးရေ ၂၅မီလီယံအထိ ရောက်ရှိလာပါလိမ့်မယ်။
သုံးစွဲသူတွေအနေနဲ့ ဆက်လက်သုံးစွဲမှု မရှိတော့ဘူးဆိုရင်
အထပ်ထပ် ပြင်ဆင်ပြောင်းလဲမှုတွေ လုပ်ဆောင်ပြီး နောက်ထပ်တစ်ကြိမ် သုံးစွဲသူတွေ မိမိထုုတ်ကုန်ကို ပုံမှန်သုံးစွဲသည်အထိ ထပ်မံမိတ်ဆက်ပါ။ (Air BnB ကခုလိုမိတ်ဆက်ခြင်းကို သုံးကြိမ်အထိ လုပ်ဆာင်ခဲ့ပါတယ်။
Source; Internet Journal
Read times
Rate this item
(0 votes)