အခုလက်ရှိမှာနာမည်ကြီးနေတဲ့ အစားအသောက် Brand တွေဟာ အမှတ်မထင်နာမည်ပေးခဲ့ရာကနေ နာမည်ကြီးအမှတ်တံဆိပ်တွေဖြစ်လာခဲ့တာပါ။
ဒီ Brand တွေကို ဘယ်လိုစိတ်ကူးအကြံဥာဏ်တွေနဲ နာမည်ပေးခဲ့တယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
(၁) Pepsi

ပက်စီကို အမေရိကန်မှာ ၁၈၉၃ ခုနှစ်က ကားလက်ဘရက်ဟမ်ဆိုတဲ့သူက သူ့ရဲ့ဆေးဆိုင်မှာပဲတီထွင်ခဲ့ပြီး ဘရက်အချိုရည်လို့နာမည်ပေးခဲ့ပါတယ်။ အစာခြေလမ်းကြောင်းကိုကောင်းမွန်စေသော အင်ဇိုင်းတွေဖြစ်တဲ့ ပက်စင်းနဲ့ ကိုလာစေ့ တို့ပါဝင်တာကြောင့် ၁၈၉၈ ခုနှစ်မှာ “ပက်စီ-ကိုလာ” လို့ပြောင်းလဲခေါ်ဝေါ်ခဲ့ပါတယ်။ တဖြည်းဖြည်း အချိန်ကာလတွေရွေ့လျားလာပြီး ၁၉၆၁ ခုနှစ်နောက်ပိုင်းမှာတော့ “ကိုလာ” ပြုတ်သွားပြီး “ပက်စီ” ဖြစ်လာခဲ့ပါတယ်။
(၂) Coca-Cola

ကိုကာကိုလာကို ၁၈၈၆ ခုနှစ်မှာ ဂျွန်ပမ်ဘာတန်ဆိုတဲ့သူက ဆေးအဖြစ်တီထွင်ခဲ့တာပါ။ ကိုကာကိုလာဆိုတဲ့နာမည်က အဓိကပါဝင်ပစ္စည်းနှစ်မျိုးဖြစ်တဲ့ ကိုလာစေ့နဲ့ကိုကာရွက် ကနေဆင်းသက်လာတာပါ။ အခုချိန်ထိ ကိုကာကိုလာအရသာဖော်စပ်နည်းက လျှို့ဝှက်ချက်တစ်ခုဖြစ်နေဆဲပါပဲ။
(၃) KFC

KFC ကြက်ကြော်ကို ဟာလမ်းစန်ဒါဆိုတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်က တည်ထောင်ခဲ့ပြီး ကန်တာကီပြည်နယ်၊ ကော်ဘင်မြို့နယ်ရဲ့ လမ်းဘေးတစ်နေရာမှာ စတင်ရောင်းချခဲ့ပါတယ်။ ၁၉၅၂ခုနှစ်က စတင်ပြီး နိုင်ငံတကာမှာဆိုင်ခွဲတွေစဖွင့်ခဲ့ပါတယ်။ ကန်တာကီပြည်နယ်ကိုအစွဲပြုပြီး ကန်တာကီကြက်ကြော် (Kentucky Fried Chicken) လို့နာမည်ပေးခဲ့ပြီး ၁၉၉၁ခုနှစ်မှာ အတိုကောက် “KFC” လို့ပြောင်းလဲခေါ်ဝေါ်ခဲ့ပါတယ်။
(၄) Starbucks

“Starbucks” ကော်ဖီကို ၁၉၇၁ ခုနှစ်က ဂျော်ဒန်ဘောင်ကာ၊ ဂျယ်ရီဘော်ဝင်း နဲ့ ဇေ့ဗ်ဆီးလ် ဆိုတဲ့ ဆိပ်ကမ်းမြို့လေးတစ်မြို့မှာနေထိုင်တဲ့ လူသုံးယောက်က စတင်တည်ထောင်ခဲ့ တာပါ။ “စတားဘတ်(Starbuck)” ဆိုတာ မွန်ဘီဒစ်က ဝေလငါးဖမ်းသဘောင်္ရဲ့ အရာရှိတစ်ဦးရဲ့နာမည်ပါ။ သူငယ်ချင်းသုံးယောက်တည်ထောင်တဲ့ အနေနဲ့ နောက် “s” ထည့်ပြီး Starbucks လို့ဖြစ်လာတာပါ။
Read More >>>နိုင်ငံသားတွေကို စွန့်ဦးတီထွင်နိုင်စွမ်းတွေတိုးတက်လာအောင် အခွင်းအလမ်းတွေပေးနေတဲ့နိုင်ငံများ
(၅) Subway

၁၉၆၅ ခုနှစ်မှာ ဖရက်ဒီလူကာက သူငယ်ချင်းဖြစ်သူ ပီတီဘတ်ဆီက ပိုက်ဆံချေးပြီးစတင်ဖွင့်လှစ်ခဲ့ပါတယ်။ Submarine Sandwiches တွေရောင်းချတာမို့ “Pete’s Submarine” လို့စတင်ပေးခဲ့ပါတယ်။ ရေဒီယိုတွေမှာ ကြေညာတဲ့ အခါ အသံထွက်က “Pizza Submarine” နဲ့ ဆင်တူနေပါတယ်။ အဲ့ဒါကြောင့် Pete’s Subs လို့ အတိုကောက်ပြောင်းလဲခဲ့ပါတယ်။ ၁၉၆၈ ခုနှစ်မှာတော့ Subway လို့ပြောင်းလဲခဲ့ပြီး ဆိုင်အပြင်အဆင်ကိုလည်း နယူးယောက်ရဲ့ မြေအောက်ရထားလမ်းစနစ် ပုံစံပြင်ဆင်ခဲ့ပါတယ်။
(၆) Mc Donald’s

၁၉၄၀ က ရစ်ချက်နဲ့ မြူးရစ်မက်ဒေါနယ် ညီအစ်ကိုနှစ်ယောက်က စတင်တည်ထောင်ခဲ့တာပါ။ ၁၉၄၈မှာ ရေးခရော့စ် ဆိုတဲ့ Milkshake အတွက်ကုန်ကြမ်းသွင်းတဲ့လူက ဝင်ရောက်လာခဲ့ပါတယ်။ ရေးခရော့စ်က စီမံခန့်ခွဲမှုနဲ့ Franchise လုပ်ငန်းအကြောင်းကို နှံ့နှံ့စပ်စပ်သိသူတစ်ယောက်ဖြစ်တာမို့ ဆိုင်နာမည်ကို တည်ထောင်သူနာမည် မက်ဒေါနယ် လို့ပေးပြီး ဆိုင်ခွဲတွေအများကြီးဖွင့်ခဲ့ပါတယ်။
(၇) Kit Kat

Kit Kat ချောကလက်ကို ၁၉၃၅ စက်တင်ဘာလမှာ ရောင်းထရီး (Rowntree) က လန်ဒန် နဲ့ အင်္ဂလန်အရှေ့တောင်ပိုင်းမှာ Rowntree’s Chocolate Criisp နာမည်နဲ့ စတင်မိတ်ဆက်ခဲ့ပါတယ်။ ၁၉၃၇ ခုနှစ်မှာ Kit Kat လို့ပြောင်းလဲခဲ့ပါတယ်။ Kit Kat နာမည်က ၁၉၂၀ ခုနှစ်လောက်တုန်းက ကျော်ကြားခဲ့တဲ့ စာပေအသင်းအဖွဲ့တစ်ခုရဲ့ နာမည်ကိုယူထားတာပါ။
Source; Eainchat




