-->
×
Warning
JUser: :_load: Unable to load user with ID: 29
2020 Myanmar Digital Trends ပွဲ အကြောင်း
2020 Myanmar Digital Trends ပွဲ အကြောင်း google
၎ . It’s good to talk ( Chat bot သုံးစွဲ သင့်ကြောင်း )
ကြော်ငြာစောင့်ကြည့်သူများကInstagram မှ Vape ထုတ်ကုန် အရောင်းမြှင့်တင်ခြင်းအား ပိတ်ပင်
<<<unicode>>>
2020 Myanmar Digital Trends တွင် Humology မှ CEO ဖြစ်သူ Simon Bailey မှ ယနေ့ခေတ်ရဲ့ ခေတ်စားနေတဲ့ Digital Marketing လောက မှ အကြောင်းအရာများကို ဟောပြောခဲ့ပါတယ်။
အဆိုပါ 2020 Myanmar Digital Trends ပွဲကို ကမ်းနားလမ်းရှိ Seedspaces ရန်ကုန် အဆောက်အဦးတွင် ကျင်းပ ခဲ့ပြီး ဒီဇင်ဘာလ ၁၇ ရက်နေ့ ညနေ ၆ နာရီ မှ ည ၈ နာရီ အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပ ခဲ့ပါတယ်။
Simon Bailey ဟာ ဆိုရင်တော့ဖြင့် Campaign မှ Asia's 40 under 40 rising stars ရဲ့ List ဝင် အရည်အခြင်း ပြည့်ဝတဲံ့ ပညာရှင်တစ်ဦးဖြစ်ပါတယ်။
ပွဲ စစခြင်း Simon တစ်ယောက် ပွဲ လာ ပရိသတ်များနှင့် သူ့ကိုယ်သူ မိတ်ဆက်ခဲ့ပါသည်။ 
Simon ရဲ့ Humology ဆိုတဲ့ Digital Marketing လုပ်ငန်းစု နာမည်ရဲ့ အဓိပ္ပါယ်မှာ Humo ဆိုသည်မှာ
Human ( လူသား ) ကို ဆိုလိုခြင်း ဖြစ်သည်။Technology ( နည်းပညာ ) ကိုဆိုလိုကာ ထို စကားလုံးနှစ်ခုပေါင်း
ရတဲ့ နာမည် Humology ကို ၎င်းတို့ လုပ်ငန်းစု နာမည် ဖြစ်လာ ခြင်းပင်ဖြစ်သည်။
ပွဲ တွင် Simon မှ ယနေ့ ခေတ် တွ င် ခေတ်စားနေတဲ့ Digital Marketing ဆိုင်ရာ အချက် ၁၅ ချက်ကို
ပြောပြခဲ့သည်။အကျယ်တဝင့် ရှင်းပြခဲ့ သည်။ထိုအထဲမှ မှတ်သားဖွယ်ရာ အချို့ အရာများကို အသိပေးချင်ပါသည်။
အဆိုပါ အချက် ၁၅ ချက်မှာ -
၁ . Test . Test . Test ( ပုံ ၊ Brand Colors ၊ စာပုဒ် အရှည် ၊ Font style ၊ Font size ၊ Theme )
Digital Marketing ဖြစ်တဲ့ အတွက်ကြောင့် သင့် ကြော်ငြာ တစ်ခုတွင် စာရေးသားပုံ၊ ဓာတ် ပုံ ၊ Brand Colors ၊ စာပုဒ် အရှည် ၊ Font style ၊ Font size ၊ Theme ကောင်းမွန်နေရမည်ဖြစ်ကြောင်း
ပြောကြားသွားခဲ့သည်။ထို့ပြင် Dynamic Ad ဖြစ်နေသင့် ကြောင်းပြောကြားသွားပါသည်။
Dynamic Advertising ဆိုတာကတော့ ပထမဦးဆုံးလူတွေကို အမြင်လေးနဲ့ တင် ကိုယ့် ကြော်ငြာကို ကြည့်ဖို့ ဆွဲ ဆောင်နိုင် ဖို့ ပုံ ခပ်လန်းလန်း တစ်ပုံနဲ့ Font Style အလန်း ဖြစ်နေရမည် ။
ထို့နောက်မှ တိကျ ထိမိ မည့် စာ အရေး အသား အောက်ဆုံး တွင်မှ သင် ပေးချင်တဲ့ အကြောင်းအရာ ကို ရေးသော နည်းကို Dynamic Advertising လို့ ပြောနိုင်ပါသည်။
၂ . The Art Of Intelligence ( လူတွေဆီ ကို ဘယ်လို အရာတွေက ဘယ်လောက်ထိရောက်လဲ )
လူတစ်ယောက် Digital Marketing လုပ်ကိုင်တယ်ဆိုပါစို့ ရန်ကုန်မှာ ရှိတဲ့ လူတွေရဲ့ အထာကို သိထားသင့်တယ်။ထို့ပြင် Artificial Intelligence ( AL ) မှာလဲ Digital Marketing တွင် အရေးပါကြောင်း
ပြောကြားသွားခဲ့ပါတယ်။
၃ . Go Programmatic ( နည်းပညာပိုင်းဆိုင်ရာများကို အစီအစဉ်တကျ သွားပါ )
မြန်မာ ပြည် ရဲ့ Digital Market မှာဆိုရင် Consumers တွေဟာ တစ်နေ့မှာ App ၆ ခု ( သို့ )
Site ၆ ခုကို သုံးစွဲတာတွေ့ရပါတယ်။ကျန်တာက မိမိ ဘာသာ ညဏ်ကွန့် ပြီး ဇယား ဆက်ဆွဲ ရမည့်ကိစ္စတွေပါ။
၄ . It’s good to talk ( Chat bot သုံးစွဲ သင့်ကြောင်း )
63 ရာခိုင်နှုန်းသော စိတ်ဝင်စားမှု့တွေက Chatbot ကြောင့်လို့သိရပါတယ်။
Chat bot အသုံးပြုခြင်းကလဲ Marketing ရေးရာမှာ အတော်အရေးပါတယ်လို့ ပြောကြားခဲ့ပါတယ်။
၅ . Reap the rewards ( Rewards များမှ တစ်ဆင့်ကြော်ငြာသင့် )
ဂိမ်း များမှ တစ်ဆင့် ကြော်ငြာ Video များကိုကြည့် ပါက Rewards အဖြစ် ဂိမ်းမှ Gems များရရှိပါသည်။
ထိုကြော်ငြာများကို ကြည့်မှ သာ လျှင် Rewards ရပါသည်ထို့ကြောင့် ဂိမ်း Rewards လိုချင်သူအဖို့ သင့် ကြော်ငြာကို ကြည့်ပါလိမ့်မည်။
( ဥပမာ Subway Surfers ဂိမ်းမှာ သင်ဆော့ ကစား ရင်း ဂိမ်းဇာတ်ကောင်က တိုက်မိလို့ သေတယ်ဆိုပါတော့ သင့် အနေနဲ့ ကြော်ငြာ Video ကြည့်ပါက သင် အနေနဲ့ ထို သေသွားသောနေရာမှ
ပြန် ဆော့လို့ ရပါလိမ့်မည် )
၆ . Make it so engage ( တက်နိုင်သမျှ လူတွေဆီ ရောက်အောင်လုပ်ပါ )
Lux ဆပ်ပြာက လုပ်တဲ့ Marketing ဆိုဖုန်း လေးကို လှုပ်လိုက်ရင် ဆပ်ပြာဗူး တစ်ဗူး လက်ဆောင်ရတာတို့ ဘာတို့ဆို သင့် Product ကို လုံးဝ လူတွေဆီကို ရောက်စေလိမ့်မယ်။
၇ . Let’s the games begin ( Game နဲ့ လူတွေကို ဖမ်းစားပါ )
မြန်မာနိုင်ငံမှာ Social Media ပြီးရင် လူတွေ အလုပ် အများဆုံးက ဂိမ်းဆော့တာပဲ ။ဒီတော့ကား သင့် Product အတွက် ဂိမ်းထုတ် ပါ။မြန်မာပြည်မှာ ဂိမ်းဆော့တဲ့ လူအများဟာ အသက် ၁၈ နှစ်အောက်က ၂၇ ရာခိုင်နှုန်းရှိပြီး ၊
၁၈ မှ ၂၇ အောက်က ၃၁ ရာခိုင်နှုန်းရှိပါတယ်၊၃၆ မှ ၄၉ က ၃၀ ရာခိုင်နှုန်း ရှိပါတယ်၊ အသက် ၅၀ အထက် ဂိမ်းဆော့သူ က တော့ ၁၂ ရာခိုင်နှုန်းသာ ရှိတယ်လို့သိရပါတယ်။လူကြိုက်အများဆုံး ဂိမ်းအမျိုးအစား က Action ဂိမ်း အမျိုးအစားပါ။
( Pepsi လူသား ဂိမ်းဆိုရင် ဒါက Game နဲ့ လုပ်တဲ့ Marketing ပါပဲ )
ကြော်ငြာ Influencer လေး Zendaya အကြောင်း
၈ . Use the influence ( Influencer ဖြင့် Marketing လုပ်ကိုင်ပါ )
ကျော်ကြားသူများကို အသုံးပြု ဈေးကွက် စီးပွားချဲ့ ထွင်ရေးနည်းလမ်းကလည်းအဆင် ချောနေပါသည်။၂၀၂၀ မှာ သာမန်ကျော်ကြားသူ နှင့် အနည်းငယ်ကျော်ကြားရဲ့ Influencer Marketing လည်းပဲ ပိုမို အင်အားကြီးလာမည်လို့ ခန့်မှန်းရမိပါတယ်။
၉ . All about performance ( သင့်ရဲ့ အလုပ်နဲ့ သာ သက်ဆိုင် )
ပြောရရင် တော့ Performance ကောင်းကောင်း Marketing Campaign တွေ ဟာ Brand Awareness ပို မိုရရှိပါတယ် ၊ ဒါကြောင့် တီထွင်ဖန် တီးနိုင်မှု့ နဲ့ လုပ်ဆောင်ချက် ကောင်းကောင်းလို အပ်ပါတယ် လို့ ပြောချင်ပုံပါ။
၁၀ . Think location ( နေရာကို တွေးတောပါ )
နေရာ ဒေသ အလိုက် လူတွေရဲ့ အခြေ အနေက ကွဲ ပြားခြားနားပါတယ်
ဒါကြောင့် နေရာဒေသ ကို Marketing သမားတိုင်း တွေးတော စရာကိစ္စ တစ်ခုပါ။
၁၁ . The Small Screen ( ဗီဒီယိုတင်သော အခါ တွင် သတိပြုရမည် )
မြန်မာ ပြည်မှာ Video ကြော်ငြာလေးတွေကို အလျားလိုက် ကြည့် သူမရှိသလောက်ပါပဲ
ဒေါင်လိုက်သာ ဖုန်းသုံးသလိုအကြည့်များပါတယ် ဒါကြောင့် ကြော်ငြာ Video များအား ဒေါင်လိုက်တွင်ကြည့်ကောင်းနေစေရန် ရည်ရွယ်ထားသင့်သည်။
၁၂ . Get Personal ( Users တွေအား ထဲထဲဝင်ဝင်ဖြစ်နေပါစေ )
Amazon ကို ဒါမျိုးဆို အတော်လေး အတု ယူသင့်တယ်၊ နောက်တစ်ခု က Netflix နဲ့ Youtube ပေါ့
Users တွေရဲ့ အတည်ပြု ချက်တွေ ကို အမြဲတောင်းတယ်။နောက် Users တွေရဲ့ Data တွေကို သိမ်းထားတတ်တယ်။
၁၃ . Play It Safe ( လုံခြုံ စ ွာ လှုပ်ရှားနိုင်ပါစေ )
အချို့ အမုန်းစကားတွေ ၊ အရွယ်ရောက်ပြီး သူများရဲ့ ကိစ္စရပ်တွေက သင့် ကြော်ငြာကို
ဒုက္ခ ရောက်စေနိုင်ပါတယ်။
၁၄ . Track Footfall ( အမြဲ တမ်း သိရှိနေပါစေ )
ဥပမာ Consumer က သင့် ဈေးဆိုင်ထဲ ဝင်တယ်ကိုယ့် Consumer ရဲ့ ဈေးဆိုင်ထဲ မဝင်ခင်နဲ့
ဝင်ပြီးတဲ့ ခံစားချက်ကို သိရှိနိုင်အောင်ကြိုးစားပါ ။
၁၅ . Leverage Audio ( အသံဖြင့် လူအများဆီ ရောက်ပါစေ )
Nielsen ရဲ့ အတည် ပြုချက်အရ အသံဟာ ၇၉ ရာခိုင်နှုန်း လူတွေဆီကို ရောက်ပါတယ်၊ တခါ တလေ လူတွေဆီကို အမြင်ရုပ် ထက်ကို အသံက ပိုရောက်ပါတယ်။ထပ်တိုးပြောရရင် အသံ နဲ့ ဆွဲဆောင်တဲ့ ကြော် ငြာတွေဟာ ၂ ဆ လူကြိုက်များပါတယ်။
Humology မှ Simon ရဲ့ ဟောပြောပွဲလေး ဟာ Digital Marketing သမားတွေ အတွက် အင်မတန် မှ သင့်လျော်ပြီး တက်ရောက်သင့်တဲ့ ပွဲ တစ်ပွဲ ပါပဲ။
ဒါ့ထက် သတင်းကောင်းက လ ၁ လရဲ့ ပထမ အပတ် ကြာသာပတေး နေ့တွေကို Digital Tuesday ဆိုကာ Humology မှ ဆွေးနွေး ပွဲ ထပ်မံ ပြု လုပ်သွားမည်သိရပါတယ်။
အချိန်ပေး ဖတ်ရှု ပေးလို့ ကျေးဇူးတင်ပါတယ်။
Myanmar Advertising Directory 
Read times
Rate this item
(0 votes)