-->
×

Warning

JUser: :_load: Unable to load user with ID: 29


Travis Scott ရဲ့ မျက်စေ့လည်ပြီး နားမလည်တဲ့ PS5 ဂိမ်းစက်ကြော်ငြာ ဗီဒီယို

PS5 ကို စရောင်းလိုက်ချိန်မှာ အသားတင်တန်ဖိုး ဒေါ်လာ သန်း ၄၀ နီးပါးရှိသူ အမေရိကန်ရက်ပ်အဆိုကျော် Travis Scott က၁၀ မိနစ် epic ဗီဒီယိုတစ်ကားကို ဂိမ်းစက် အသစ်အတွက် တင်ဆက်လိုက်တယ်။

 

ဗီဒီယိုကို “A Travis Scott + Cactus Jack Experience - PS5: Unboxing Reimagined” လို့ အမည်ပေးထားပေမဲ့လည်း Unboxing ဘူးဖွင့်တာကို လုံးဝမပြသဘဲ ကားတိုတစ်ကားအဖြစ်ဖြင့်သာ ရိုက်ထားတာ ဖြစ်နေတယ်။ Travis Scott နဲ့ PS5 ဆိုတဲ့ အရှိန်အဝါတွေကြောင့် Travis Scott ရဲ့ ယူကျု့အကောင့်မှာ တင်ထားတဲ့ အဲဒီဗီဒီယိုကို ၂ ရက်အတွင်းမှာ ကြည့်ရှုကြိမ်ရေ ၂ သန်းကျော်သွားခဲ့ပါတယ်။

 

ဘူးထဲကနေ ဂိမ်းစက်ကို ထုတ်ပြပြီး အကျိုးအကြောင်း ပြောပြရမယ့်အစား မည်သို့ ဖြစ်သည် မသိ ကန္တာရထဲမှာ အင်မတန်ကြီးမားတဲ့ တီဗီကြီးနဲ့ ဂိမ်းကစားမယ့်အဖြစ်ကို ရောက်သွားတယ်။ Spider-Man: Miles Morales, Ratchet & Clank: Rift Apart, Astro’s Playroom, Horizon Forbidden West အစရှိတဲ့ ဂိမ်းနမူနာတွေကို တင်ပြထားတယ်။ လူငယ်‌လေးနှစ်ဦးကို ဂိမ်းစက် လက်ဆောင်ပေးတဲ့အခန်း လည်း ပါတယ်။ James Blake သီချင်းဆိုတာ လည်း ပါတယ်။ ဂိမ်းကစားတဲ့ ကန္တာရထဲမှာ အပြီးသတ်တယ်။


ဗီဒီယိုပဲလား ဆိုတော့ မဟုတ်သေးဘူး။ ENTRY PERIOD: 11/12/20 - 11/13/20 လို့ သတ်မှတ်ထားတဲ့ ကံစမ်းမဲ အစီအစဉ်ပါတယ်။ ဂိမ်းစက် ဝယ်တဲ့သူတွေကိုပဲ မဲဖောက်ပေးတာလားဆိုတော့ မဟုတ်ပြန်ဘူး။မည်သူမဆို အသက် ၁၈ နှစ်ပြည့်ပြီးရင် စာရင်းသွင်းထားလိုက်၊ ကံထူးရှင် ရွေးချယ်ခံရတဲ့သူဆီကို အကြောင်းကြားပေးမယ်။ ဂိမ်းစက် မဲဖောက်ပေးတာလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ပလေးစတေးရှင် လိုဂိုပါတဲ့NIKE ရှူးဖိနပ်တစ်ရံကို ပေးမှာ ဖြစ်ပါတယ်။ 


ဘယ်နှယောက်ကို ကံထူးရှင် ရွေးမှာလဲဆိုတာလည်း အသိပေးမထားဘူး။ Travis Scott က PlayStation မိသားစုမှာ strategic creative partner အဖြစ် ပါဝင်ကြောင်း Sony က ပြီးခဲ့တဲ့ အောက်တိုဘာလက ကြေညာခဲ့ပြီး ယခု နိုဝင်ဘာလမှာ သူ့လက်ရာ ဂိမ်းစက်ကြော်ငြာ ဗီဒီယိုကို တင်ဆက်လိုက်တာ ဖြစ်ပါတယ်။ တကယ်ကို မျက်စိလည်ပြီး နားမလည် ဖြစ်သွားရတဲ့ ဂိမ်းစက်ကြော်ငြာ ဗီဒီယိုဖြစ်ပါတယ်။

 

 

Myanmar Advertising Directory 


Read times
Rate this item
(0 votes)