-->
×

Warning

JUser: :_load: Unable to load user with ID: 29


Audience တွေ အကြိုက်တွေ့စေနိုင်မယ့် Content အမျိုးအစား(၆)ခု

Audience တွေ အကြိုက်တွေ့စေနိုင်မယ့် Content အမျိုးအစား(၆)ခု Google

Content ဆိုတာကတော့ မိမိကြော်ငြာချင်တဲ့အကြောင်းအရာကို လူကြိုက်များစိတ်ဝင်စားလာအောင် ဆွဲဆောင်နိုင်တဲ့ ကြော်ငြာနည်းလမ်းတစ်မျိုးပဲဖြစ်ပါတယ်။

ဒါကြောင့် မိမိလုပ်ငန်းကိုကြော်ငြာဖို့ Content တွေ ဖန်တီးတဲ့နေရာမှာ ဘယ်လိုအမျိုးအစားတွေကို Audience တွေအကြိုက်များတယ်ဆိုတာကို သင့်အနေနဲ့သိထားဖို့လိုပါတယ်။ ဒီ Content အမျိုးအစားတွေက လူကြိုက်များမှာသေချာပါတယ်။

(၁) ဖျော်ဖြေရေးနဲ့ ဆိုင်တဲ့ Content များ

ပျော်စရာ၊ စိတ်ဝင်စားစရာနေ့လေးတွေ တင်လို့ရပါတယ်။ Memes လေးတွေ၊ စိတ်ဝင်စားစရာ Video တွေ၊ Comics လေးတွေ၊ ဟာသတွေ၊ ပျော်စရာ puzzle လေးတွေ၊ Throwback အရင်က ပို့စ်တွေပြန်တင်တာမျိုး၊ Contest တွေ ပြိုင်ပွဲလေးတွေလည်း တင်လို့ရပါတယ်။

(၂) လူတွေကို inspired ဖြစ်စေမယ့် Content များ

Quotes လေးတွေ၊ Amazing ဖြစ်စေမယ့် Facts တွေ၊ ပုံကောင်းကောင်း အလန်းတွေ၊ သင် (သို့) သင့် client ရဲ့ အောင်မြင်မှုကို ပြန်လည်မျှဝေတာမျိုးတွေ တင်လို့ရတယ်။

(၃) လူတွေကို အသိပညာ ရစေမယ့်၊ ဖြန့်ဝေပေးမယ့် Content များ

ဖတ်မိတဲ့အထဲ၊ ရေးမိတဲ့အထဲက မှတ်သားဖွယ်ကောင်းတဲ့ ဆောင်းပါး၊ post အကြောင်း ပြန်ပြောတာမျိုး၊ Tips & Tricks တွေ၊ Case Studies လေးတွေ၊ Research လုပ်ထားတဲ့အကြောင်းတွေ ပြန်မျှဝေတာမျိုး၊ အခမဲ့ ရတဲ့ Resource တွေ၊ FAQ မေးနေကျ မေးခွန်းတွေအတွက် အဖြေတွေတင်ပေးတာမျိုး၊ Video တွေ Live Training လေးတွေလုပ်တာမျိုး။

(၄) စကားဝိုင်းကို ဖြစ်ပေါ်စေမယ့် Content များ

မေးခွန်းမေးတာမျိုးတွေ၊ Fill in the blank လိုမျိုး လူတွေကို ဖြည့်ခိုင်းတာမျိုး၊ Vote ပေးခိုင်းတာ၊ တစ်ခုခုအတွက် အကြံဥာဏ်တောင်းတာ ဖြစ်နိုင်ရင်ပို့စ်အားလုံးမှာ Conversation ထည့်နိုင်ဖို့ ကြိုးစားပါ။

(၅) သင့် brand နဲ့ Audience ကြား ချိတ်ဆက်ပေးနိုင်မယ့် Content များ

Behind the scenes ပစ္စည်းတွေကို Review လုပ်တာမျိုး၊ Event ရဲ့ ပုံရိပ်တွေ ဓာတ်ပုံဗွီဒီယိုတွေ၊ ဝန်ထမ်းတွေအကြောင်း၊ တည်ထောင်သူတွေအကြောင်း၊ သင့်အကြောင်း ဖန်တီးထားတဲ့ Content မျိုးတွေ ဥပမာ အင်တာဗျူး၊ ဗွီဒီယို အဲဒါမျိုးတွေပေါ့။

(၆) အထူးလျှော့ဈေးနဲ့ Offer အကြောင်း Content များ

ပရိုမိုးရှင်းပွဲတွေအကြောင်း၊ လျှော့ဈေးပေးထားတဲ့အကြောင်း၊ Discount ရတဲ့အကြောင်း၊ Free giveaway တွေအကြောင်း တင်တာမျိုးတွေ တင်လို့ရနိုင်ပါတယ်။

Read More>>> Video Content ဖန်တီးဖို့ Idea ကောင်း (၉)ခု

Source; အောင်မွန်ချမ်း

 

Read times
Rate this item
(1 Vote)