-->
×

Warning

JUser: :_load: Unable to load user with ID: 29


ပွဲဖိတ်စာတွေမှာ တွေ့ရတတ်တဲ့ R.S.V.P ဆိုတာ ဘာကိုပြောတာလဲ

R.S.V.P ဆိုတာ ပြင်သစ်စကား Répondez s'il vous plaît ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာတာ ဖြစ်ပြီး အင်္ဂလိပ်လိုဆိုရင်တော့ Please Response လို့ အဓိပ္ပါယ် ရပါတယ်။

မင်္ဂလာဆောင်၊ မွေးနေ့၊ အခမ်းအနား၊ ပြပွဲ၊ ပါတီ စသဖြင့် ပွဲတွေ ဖိတ်တဲ့အခါမျိုးမှာ အသုံးပြုကြပါတယ်။

တစ်စုံတစ်ယောက်က သင့်ကို ပွဲတစ်ခုခု ဖိတ်လာတဲ့အခါ ဖိတ်စာပေါ်မှာ R.S.V.P လို့ ရေးထားရင် သင့်အနေနဲ့ ဒီပွဲကို လာနိုင်၊ မလာနိုင် တုန့်ပြန်ပေးရမှာ ဖြစ်ပါတယ်။ သင်က လာမယ်၊ မလာဘူးဆိုတာကို ကြိုတင် အသိပေး အကြောင်းကြားထားမှ ပွဲစီစဉ်သူတွေက ကြိုတင်ပြင်ဆင်မှုတွေ လုပ်နိုင်ပြီး လိုအပ်တာတွေကို စီစဉ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ပုံမှန်ပွဲတစ်ခုဆိုရင် သိပ်ပြဿနာမရှိပေမဲ့ လူဦးရေ၊ ထိုင်ခုံနေရာ၊ အစားအသောက်နဲ့ လက်ဆောင်တွေကို ကွက်တိလုပ်ထားတဲ့ ပွဲတွေဆိုရင်တော့ ဂရုစိုက်ပြီး အကြောင်းပြန်ပေးဖို့ လိုပါတယ်။ လာမယ် မလာဘူး မပြောထားပဲ သွားလိုက်တဲ့ အခါမျိုးမှာ သင့်အတွက် အဆင်မပြေ ဖြစ်နိုင်သလို ပွဲစီစဉ်သူတွေ အနေနဲ့လည်း အခက်တွေ့ရပါလိမ့်မယ်။

စီးပွားရေးလုပ်ငန်းတိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ မြန်မာကြော်ငြာလမ်းညွှန် 

တစ်ခါတစ်လေ လာမယ် ပြောပြီးကာမှ အရေးကြီးကိစ္စ ပေါ်လာတာမျိုး၊ နေမကောင်းတာမျိုး ဖြစ်တတ်ကြပါတယ်။ ဒါပေမဲ့ သိသိချင်းမှာ မလာဖြစ်တော့တဲ့အကြောင်း လှမ်းပြောလိုက်တာကလည်း ပွဲစီစဉ်တဲ့ သူတွေအတွက် တစ်ခါတစ်ရံ အဆင်ပြေသွားတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လာမယ်ဆိုပြီး မလာဖြစ်တဲ့သူနဲ့ လာမယ်၊ မလာဘူး မပြောထားပဲ ရောက်လာတဲ့သူကို အစားထိုးပေးလိုက်လို့ ရတာကြောင့်ပါ။

R.S.V.P ဆိုတာက သင့်အတွက်ရော ပွဲစီစဉ်သူတွေအတွက်ပါ အဆင်ပြေအောင် လုပ်ဆောင်ပေးတဲ့ ပေါင်းကူးတံတားတစ်ခု ဖြစ်ပါတယ်။ အချို့သော ပွဲစီစဉ်သူတွေကတော့ R.S.V.P လို့ ဖိတ်စာမှာ ထည့်ရေးပေးထားသည့်တိုင်အောင် မသေချာမှာစိုးလို့ သူတို့ကိုယ်တိုင် ဖုန်းဆက်ပြီး လာမလာကို အတည်ပြု မေးမြန်းတာမျိုး လုပ်ပါတယ်။

တချို့ဖိတ်စာတွေမှာဆိုရင် R.S.V.P နဲ့အတူ Regrets Only ဆိုတာပါ ထည့်ရေးပါတယ်။ အဓိပ္ပါယ်က အကြောင်းမပြန်ရင် လာဖြစ်တယ်လို့ အလိုလို မှတ်ယူတယ်လို့ ဆိုလိုတာပါ။ R.S.V.P ကတော့ မလာဖြစ်မှ ပြောရတာမျိုး မဟုတ်ပဲ လာမယ်ဆိုရင်ပဲဖြစ်ဖြစ်၊ မလာဖြစ်ဘူး ဆိုရင်ပဲဖြစ်ဖြစ် အကြောင်းကြားပေးရတာမျိုး ဖြစ်ပါတယ်။

ဒီလောက်ဆိုရင် ဘာကြောင့် R.S.V.P ကို ပွဲဖိတ်စာတွေမှာ တကူးတက ထည့်ထားပြီး အကြောင်းပြန်ပေးဖို့ ပြောကြတာလဲဆိုတာ နားလည်လောက်ပြီလို့ ထင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ပွဲဖိတ်စာတွေ လက်ခံ ရရှိတဲ့အခါ R.S.V.P လို့ ရေးထားတာတွေ့ရင် လာမယ်၊ မလာဘူးဆိုတာ အကြောင်းပြန်ပေးလိုက်ပါနော်။ ပွဲသွားတဲ့အခါ သင်ရော ပွဲစီစဉ်တဲ့သူရော ပွဲရော အဆင်ပြေ ချောမွေ့စွာ ပြီးဆုံးသွားပါလိမ့်မယ်။

 

Su Mon Oo

Myanmar Advertising Directory


Read times
Rate this item
(1 Vote)