-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင်အလုပ်မှာ ပိတ်မိနေရင် ဒါတွေလုပ်ပါ!

သင်အလုပ်မှာ ပိတ်မိနေရင် ဒါတွေလုပ်ပါ! google.com

Work On လုပ်ငန်းအပေါ်ကနေ လုပ်ဆောင်ပါ ... Not In Your Business လုပ်ငန်းအတွင်းထဲကနေ မလုပ်ဆောင်ပါနဲ့ ...။

စွန့်ဦးတီထွင် လုပ်ငန်းရှင်တိုင်း စီးပွားရေးလုပ်ငန်းတစ်ခုကို သေချာတဲ့ အမှတ်တစ်ခုထက် ကျော်လွန်သည်အထိ ကြီးထွားအောင်မြင်လာဖို့အတွက် ဖြတ်သန်းရမယ့် အရာတစ်ခုရှိပါတယ်။

အဲဒါကတော့က လုပ်ဆောင်ခြင်း (Doing) ကနေ ဦးဆောင်ခြင်း (Leading) ဆိုတဲ့ အပြောင်းအလဲကို ဆိုလိုပါတယ်။

ဆိုလိုတာကတော့ နိစ္စဓူဝလုပ်နေရတဲ့ လုပ်ငန်းစဉ်တွေကနေ နောက်ကို တစ်လှမ်းဆုတ်ပြီး သင့်အဖွဲ့အစည်းထဲမှာ လုပ်ပုံကိုင်ပုံတွေကို အပေါ်စီးကနေ စောင့်ကြည့်တဲ့ကဏ္ဍကို စတင်လုပ်ကြည့်ဖို့ လိုပါတယ်။

ပိုမိုအရေးကြီးတဲ့ တာဝန်ယူမှုတွေကို သင့်ဝန်ထမ်းတွေအား ယုံကြည်စွာ လွှဲအပ်ခြင်းဟာလည်း သင့်အတွက်ရော သူတို့အတွက်ရော လေ့လာသင်ယူမှုတစ်ခုဖြစ်တယ်ဆိုတာကို သင်လက်ခံရပါမယ်။

ဒါပေမယ့် ဒါဟာ သူတို့စီးပွားရေးကို သူတို့ရဲ့ ကလေးလေးတစ်ယောက်လို မြင်ပြီး ဂရုစိုက်ချင်တဲ့ စွန့်ဦးတီထွင်သူတွေ အများစုအတွက်တော့ တော်တော်မလွယ်ကူတဲ့ ကိစ္စတစ်ခု ဖြစ်ပါလိမ့်မယ်။

သင့်ကုမ္ပဏီကို စတင်တည်ထောင်ခဲ့တုန်းက သင့်လုပ်ငန်းကြီး လည်ပတ်ဖို့အတွက် သင်ကိုယ်တိုင် ထောင့်ပေါင်းစုံကနေ ပါဝင်ဆောင်ရွက်ခဲ့တဲ့ အချိန်ကို ပြန်သွားကြည့်ကြရအောင်။

လုပ်ငန်းစတင်ကာစက အရာအရာကို သင်ပဲ လုပ်ခဲ့ပေမယ့် လုပ်ငန်းတိုးတက်လာမယ်လို့ ယုံကြည်မှုတွေ သင့်မှာ ပိုပြီးများပြားလာတာနဲ့ အမျှ အလုပ်တွေပြီးမြောက်နိုင်ဖို့ အကူအညီတွေလိုလာတဲ့ အတွက် သင် ၀န်ထမ်းတွေ စပြီး ခေါ်ခဲ့တယ်။

အလုပ်တာဝန်အချို့ကို သင့်ဝန်ထမ်းအသစ်တွေကို စတင်ပြီး လွှဲအပ်ခဲ့တယ်။

သူတို့တွေဟာ သင့်အတွက် အလုပ်လုပ်ကြကြောင်းကို သက်သေပြလာတာကို တွေ့ရတဲ့အခါမှာ ပိုမိုကြီးမားတဲ့ အလုပ်တာဝန်တွေကို သူတို့ကို စပြီးပေးခဲ့တယ်။

တဖြည်းဖြည်းနဲ့ အဲဒါတွေဟာ သူတို့တွေရဲ့ တကယ် တာဝန်ယူ ဆောင်ရွက်ရတဲ့ အလုပ်တွေအဖြစ် ပြောင်းလဲသွားခဲ့တယ်။

ယုံကြည်စွာ လွှဲအပ်နိုင်ဖို့ လေ့လာသင်ယူခြင်းဟာ အမြဲတမ်း စဉ်ဆက်မပြတ် လုပ်ဆောင်နေရမယ့် ခရီးစဉ်တစ်ခုပါပဲ။

သင်လုပ်ရမှာက နှစ်ပိုင်းရှိပါတယ်။

ပထမတစ်ပိုင်းကတော့ ယုံကြည်စွာ လွှဲအပ်နိုင်လောက်အောင် သင့်တော်မယ်ထင်တဲ့ သူတွေကို ရွေးချယ် ခန့်အပ်ပါ။

နောက်ထပ်တစ်ပိုင်းကတော့ ဘယ်သူမဆို ဖတ်ကြည့်ပြီး လုပ်လို့ရမယ့် အမှားအယွင်း ကင်းတဲ့ လုပ်ငန်းစဉ်တွေကို ဖန်တီးဖို့ ဖြစ်ပါတယ်။ သင် Operation Manual ပြုစုရပါလိမ့်မယ်။

အဲဒီအလုပ်ဟာ သင့်ဝန်ထမ်းတွေနဲ့ သင်နဲ့ ကြားက ကောင်းမွန်တဲ့ ဆက်ဆံရေးကနေ စတင်ပါတယ်။

လုပ်ငန်းသေးသေးလေးတွေ အများစုမှာ ၀န်ထမ်းတွေဟာ ကဏ္ဍစုံမှာ ပါဝင် လုပ်ဆောင် နေကြရတယ်။

ရလဒ်ကတော့ သူတို့တွေအတွက် ထိပ်တန်းဦးစားပေးသင့်တာ ဘာလဲဆိုတာကို သေချာမသိတာပဲ ဖြစ်ပါတယ်။

လုပ်ငန်းရှင် တစ်ယောက်အနေနဲ့ သူတို့တွေကို ပြောပြဖို့က သင့်ရဲ့တာဝန်ပါပဲ။

• သူတို့ရဲ့အလုပ်တွေ တာဝန်တွေက ဘာတွေလဲ၊ ဘယ်ဟာတွေက ပိုပြီး ဦးစားပေး ဆောင်ရွက်သင့်တာလဲ ဆိုတာတွေ သင် သူတို့ကို ပြောပြထားရမယ်။

• အောင်မြင်တဲ့ လုပ်ငန်းတစ်ခု ဖြစ်မြောက်အောင် လုပ်ဆောင်ခြင်းဟာ ဘာနဲ့တူသလဲ။

သင့်ဝန်ထမ်းတေမှာ ဒါတွေကို သိရှိနားလည်ဖို့အတွက် ပင်ကိုယ်အရည်အချင်း ပါလာပြီးသားလို့ မျှော်လင့်မထားပါနဲ့။

အလုပ်တာဝန်တစ်ခု အောင်မြင်ခြင်းဆိုတာကို အဓိပ္ပာယ် ဘယ်လိုသတ်မှတ်မလဲ၊ ဖွင့်ဆိုမလဲ ဆိုတာကတော့ သင့်သဘောပါပဲ။

သင့်ဘက်က ကောင်းမွန်မှန်ကန်တဲ့ လမ်းကြောင်းချပြရမယ်၊ တိကျခိုင်မာရမယ်၊ ဥပမာပေး ဆုံးမရမယ်။

• လုပ်ပိုင်ခွင့်ကို အတိုင်းအတာနဲ့ သတ်မှတ်ပေးထားရပါမယ်။

ငွေရေးကြေးရေး ၊ အချိန်ကိုက်ပြီးစီးမှု ၊ အလုပ်ချိန်တွင်း အပြောအဆို၊ အမူအကျင့် စသည့်တို့ကို သတ်မှတ်ပေးထားရပါမည်။

• သင်ရဲ့စံနှုန်းအတိုင်းပြည့်မှီဖို့ report တင်ခိုင်းတဲ့နေရာမှာလည်း update ဖြစ်တဲ့ report ကို သင့်ဘက်က ဘယ်လောက်ကြာရင် တစ်ခါလိုချင်တယ် ဆိုတာ၊

ဘယ်လို အချက်တွေ ပါဝင်ရမယ် ဆိုတာ ၊ သင်က ရေးထားတဲ့ report ကို လိုချင်တာလား ဒါမှမဟုတ် ပါးစပ်နဲ့ တင်ပြရင် ရော သင့်ဘက်က လက်ခံသလားဆိုတာတွေ သေချာပြောထားရမယ်။

• လုပ်ငန်း လုပ်ဆောင်ချက်တွေနဲ့ ပတ်သတ်ပြီး ၀န်ထမ်းတွေ ဘယ်နေရာမှာ တိုးတက်မှု အားနည်းနေလဲ။

သင့်ဘက်က တုံ့ပြန်မှု (feedback) မပေးပဲနဲ့ လူတွေက တိုးတက်မှုတွေ လုပ်ဆောင်နိုင်ဖို့ကို မမျှော်လင့်ပါနဲ့။

သင့်အနေနဲ့ လုပ်ငန်းသေးသေးလေးတွေမှာ လုပ်လေ့မရှိတဲ့ တိကျမှန်ကန်စွာ ရေးစွဲထားတဲ့ အလုပ်ဖော်ပြချက်တွေ၊ လုပ်ဆောင်ချက် review တွေ မလုပ်ထားရသေးရင်တောင်မှ

ဒီ information တွေနဲ့ ၀န်ထမ်းတွေကို ကောင်းကောင်းဆက်ဆံနိုင်ပါတယ်။ အကယ်၍ သင့်မှာ လူမှန်နေရာမှန် မရှိခဲ့ဘူး၊

ဒါ့အပြင် တိကျသေချာတဲ့ အလုပ်တာဝန်တွေ ယုံကြည်စွာ လွှဲအပ်ဖို့ စိတ်ထဲမှာ မသက်မသာ ဖြစ်နေတယ်ဆိုရင် ဘယ်လိုဖြစ်မလဲ။

ဝန်ထမ်းတွေရဲ့ skill တွေကို မျှော်လင့်ထားတဲ့ စံနှုန်းအတိုင်း ရသည်အထိ သင်က training ပေးတာမျိုး ၀န်ထမ်းတွေရဲ့ တာဝန်ယူမှုတွေကို အလှည့်အပြောင်းလုပ်ပေးတာမျိုး လုပ်ပေးရမယ်။

တချို့ဝန်ထမ်းတွေက စဉ်းစားတွေးခေါ်တဲ့ အပိုင်းကို တာဝန်မယူချင်ကြဘူး။

သူတို့တွေဟာ စဉ်းစားစရာ မလိုတဲ့နေရာတွေမှာပဲ အလုပ်လုပ်ချင်ကြတယ်။

လုပ်သားပျားတွေလို အလုပ်ပဲ လုပ်ချင်နေသူတွေ ၀န်ထမ်းတွေ သင့်အဖွဲ့အစည်းထဲမှာ ရှိလား သင်စစ်ဆေးကြည့်ရမယ်။

အဲဒီလို မရှိဘူးဆိုရင် နောက်ပြီး ဘယ်ဟာကမှ အလုပ်မဖြစ်တော့ဘူးဆိုရင် တာဝန်ယူမှုတွေကို စိတ်အားထက်သန်စွာ လက်ခံမယ့် သူတွေနဲ့ အစားထိုးခြင်းဆိုတဲ့ ခက်ခဲတဲ့ အဆင့်ကို သင်ကျော်ဖြတ်ရပါလိမ့်မယ်။

ဒါဟာ ခေါင်းဆောင်မှုပုံစံတွေထဲမှာ အခက်ခဲဆုံးပါပဲ။

သင့်လုပ်ငန်းမှာ လူရွေးချယ်မှုမှန်ကန်မယ်၊ Program တွေ၊ Process တွေကို စနစ်တကျ စီစဉ်မှုတွေလုပ်ဆောင်မယ်ဆိုရင် သင့်လုပ်ငန်းဟာ အားလုံးနီးပါး အဆင်ပြေပြေ လည်ပတ် နေမှာပါ။

ဒီလိုမှ မဟုတ်ရင်တော့ ရေရှည်အတွက် သင်ချမှတ်ထားတဲ့ ရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ တော်တော်ခက်ခဲပါလိမ့်မယ်။

ယုံကြည်စွာ လွှဲအပ်နိုင်ခြင်းဟာ တာဝန်ယူမှုကို စွန့်လွှတ်ဖို့ လုံးဝမဟုတ်ပါဘူး။

လုပ်ငန်းထဲမှာ ၀င်ပြီးလုပ်နေမယ့်အစား လုပ်ငန်းအပေါ်ကနေ မြင်ကြည့်ခြင်းကို လေ့လာသင်ယူဖို့ပဲဖြစ်တယ်။

ထက်မြက်တဲ့ ခေါင်းဆောင်တွေဟာ ဘယ်အချိန်မှာ ၀င်ပါရမယ်၊ ဘယ်အချိန်မှာ သူတို့ရဲ့လမ်းကြောင်းကနေ ဘေးဖယ်ပေးရမယ်ဆိုတာ ကောင်းကောင်းသိကြတယ်။

လုပ်ငန်းတစ်ခုကို အဲဒီလို လည်ပတ်နိုင်ဖို့အတွက် အဓိက လိုအပ်တဲ့ အချက် ၂ ခု ရှိပါတယ်။

တစ်ခုက System စနစ် ပါ။

နောက်တစ်ခုက Leadership ခေါင်းဆောင်မှုပါ။

အဖွဲ့အစည်းတစ်ခုမှာ

ခေါင်းဆောင်ကောင်းရင် အဲဒီအချိန်မှာ မြင့်မြင့်တက်နိုင်ပါတယ်။

စနစ်ကောင်းရင် ကြာကြာနဲ့ ဝေးဝေး ပြေးနိုင်ပါတယ်။

ခေါင်းဆောင်ရော စနစ်ရော ကောင်းရင် မြင့်မြင့်မှာ ကြာကြာနဲ့ ဝေးဝေး ပြေးနိုင်ပါလိမ့်မယ်။

ဒါပေမယ့် အဲဒီလို ဖြစ်လာအောင် တိုးတက်ပြောင်းလဲမှု (Transformation) လိုအပ်ပါတယ်။

၁။ သင့်ကိုယ်သင် တိုးတက်ပြောင်းလဲအောင် လုပ်ရမယ်။

၂။ သင့်လူတွေကို တိုးတက်ပြောင်းလဲအောင် လုပ်ရမယ်။

၃။ သင့်အဖွဲ့အစည်းကို တိုးတက်ပြောင်းလဲအောင် လုပ်ရမယ်။

သင်တစ်ခု မှတ်ထားရမှာက တိုးတက်ပြောင်းလဲမှုဆိုတာဟာ သင့်ရဲ့ သိစိတ်နဲ့ ရွေးချယ်ရမယ့် အရာ ဖြစ်ပါတယ်။

Recommended for you-သင်တစ်ယောက်တည်း အထီးကျန်ဆန်စွာ ဦးဆောင်နေရတာလား?

Credit; Business & Executive Coach

Read times
Rate this item
(1 Vote)