-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဖေ့ဘွတ်ခ်ကနေ Brand တစ်ခုထိုးဖောက်တဲ့အခါ လူသုံးများတဲ့ကြော်ငြာနည်း(၂)ခု

ဖေ့ဘွတ်ခ်ကနေ Brand တစ်ခုထိုးဖောက်တဲ့အခါ လူသုံးများတဲ့ကြော်ငြာနည်း(၂)ခု Google

မြန်မာနိုင်ငံအနေနဲ့ကတော့ Effective အဖြစ်ဆုံး Social Media တစ်ခုဖြစ်တဲ့ Facebook ပေါ်မှာ ပစ္စည်းကြော်ငြာတွေ၊ ဝန်ဆောင်မှုပိုင်းဆိုင်ရာ ကြော်ငြာတွေကို အခုနောက်ပိုင်းမှာ အသုံးများလာတာတွေ့လာကြရမှာပါ။

Facebook ရဲ့ အားသာချက်တော့ ကုန်ကျစရိတ်သက်သာခြင်း၊ ကိုယ်လိုချင်တဲ့ Target Customer ကို အချိန်တိုတိုအတွင်းမှာ ထိထိရောက်ရောက် ကြော်ငြာနိုင်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ယနေ့ခေတ်မှာ Facebook ကို စီးပွားရေးလုပ်ငန်းတွေအနေနဲ့ အရင်ကထက် တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတာပါ။ ဖေ့ဘွတ်မှာ ကြော်ငြာတဲ့အခါ တစ်နည်းအားဖြင့် ကိုယ့် Brand တစ်ခုကိုထိုးဖောက်တဲ့အခါမှာ လူသုံးအများဆုံးကြော်ငြာနည်းဖြစ်တဲ့ Page Like နဲ့ Post Enagement အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

Page Like

ကျွန်တော်တို့ Facebook ပေါ်က Page တစ်ခုကို ဝင်ကြည့်မယ်ဆိုရင် Page ရဲ့ ဘယ်ဘက် Profile Picture ရဲ့ အောက်မှာ Like သင်္ကေတနဲ့ ဒီ Page ကို လူဘယ်နှစ်ယောက် Like လုပ်ထားတယ်ဆိုတာ တွေ့နိုင်ပါတယ်။ Page ထဲကိုဝင်ကြည့်ပြီး သဘောကျထဲသွားတဲ့ သူတွေကပြုလုပ်သွားတဲ့ သင်္ကေတလို့ပြောနိုင်ပါတယ်။ ဒါကြောင့် Page Like ကို ကြည့်ခြင်းဖြင့် ဒီ Page မှာ Fan ဘယ်နှစ်ယောက်ရှိလည်းဆိုတာ ကျွန်တော်တို့သိနိုင်ပါတယ်။ ဒါပေမယ့် စိတ်ဝင်စားစရာကောင်းတာတစ်ခုက Page Like လုပ်ထားပေမယ့်လည်း Page မှာတင်ထားတဲ့ အကြောင်းအရာတွေဟာ Fan တွေအားလုံးရဲ့ News Feed မှာ သွားပေါ်တာမဟုတ်ပါဘူး။ ဒါဟာလည်း Facebook ရဲ့ သတ်မှတ်ချက်ဖြစ်ပြီး Facebook ရဲ့ နောက်ဆုံး Algorithm အရဆိုရင် Page Like လုပ်ထားတဲ့ သူရဲ့ (၁)ရာခိုင်နှုန်းလောက်ရဲ့ News Feed ကိုပဲ ကိုယ့် Page ပေါ်မှာတင်လိုက်တဲ့ အကြောင်းအရာ Post အသစ်တွေ သွားပြပေးပါတယ်။ ဥပမာ ခင်ဗျားရဲ့ Page မှာ Like လုပ်ထားတဲ့ သူ ၁၀,၀၀၀ ရှိမယ်ဆိုရင် ကိုယ်တင်ထားတဲ့ Post ကို ကိုယ့် Fan ထဲက မြင်ရမယ့်သူ ၁၀၀ လောက်ပဲရှိပါတယ်။

ဒါကြောင့်လည်း Page Like ဟာ အခုနောက်ပိုင်းမှာ အကျိုးသိပ်မရှိဘူးဆိုပြီး အသုံးနည်းလာခြင်းပါ။ တစ်ခြားတစ်ဖက်က ပြန်ကြည့်မယ်ဆိုရင် စီးပွားရေးလုပ်ငန်း Page တစ်ခုအနေနဲ့ အခြားသူတစ်ဦးယုံကြည်ရလောက်တဲ့ သင့်တင့်တဲ့ Like အရေအတွက်တော့ ရှိသင့်ပါတယ်။ လူ့သဘာဝအရပြောရမယ်ဆိုရင် လူအများကြီးသဘောကျတဲ့အရာတစ်ခုကိုမြင်ရင် သူတို့လည်းအဲဒီထဲက တစ်စိတ်တစ်ပိုင်းဖြစ်ချင်တတ်ကြပါတယ်။ ဒါကြောင့် Page တစ်ခုရဲ့ Image အတွက်ကော၊ အသစ်အသစ်သော Fan တွေကို ဆွဲဆောင်ဖို့အတွက်ဆိုရင်တော့ သင့်တင့်တဲ့ Page Like ပမာဏ တစ်ခုတော့ ရှိဖို့လိုအပ်ပါတယ်။ Facebook မှာ Page Like ရအောင် ပြုလုပ်တဲ့နည်းအနေနဲ့ကတော့ Generic Page Like နဲ့ Third Party Page Like ဆိုပြီး နှစ်မျိုးရှိပါတယ်။

Generic Page Like ဆိုတာကတော့ ကိုယ့် Page ကို Like လုပ်စေဖို့အတွက် Facebook ကတစ်ဆင့် ကြော်ငြာတာပါ။ ကိုယ့် Target ထားချင်တဲ့ Customer အသက်အရွယ်အပိုင်းအခြား၊ ကျား၊ မ အစရှိသဖြင့် ရွေးချယ်ပြီး တစ်ရက်ကိုဘယ်လောက်ဖိုး ကြော်ငြာမယ်ဆိုပြီး သတ်မှတ်နိုင်ပါတယ်။ သတ်မှတ်ထားတဲ့ Target Group နဲ့ ကြော်ငြာခပေါ်မူတည်ပြီး လူဘယ်နှစ်ယောက်ဆီရောက်မယ်၊ အကြိမ်ရေ ယ်လောက်ရောက်မယ်ဆိုတာကိုတော့ ပြန်ကြည့်နိုင်ပါတယ်။ နောက်တစ်ခုကတော့ Third Party Page Like ပါ။ ဒါကတော့ Facebook မှာ ကြော်ငြာတာမျိုးမဟုတ်ဘဲ တစ်ခြားလူတစ်ဦးဆီက Page Like 100 ကို ဘယ်လောက်နဲ့ ဝယ်မယ်ဆိုတာမျိုးပေါ့။

Read More>>> ကြော်ငြာခြင်းရဲ့အကျိုးကျေးဇူးနဲ့ အေဂျင်စီတွေရဲ့အရေးပါပုံ

Post Engagement

Page တစ်ခုမှာ တင်ထားတဲ့အကြောင်းအရာ Post တွေနဲ့ ပတ်သက်ပြီး Like , Comment နဲ့ Share လုပ်တဲ့ အရာမှန်သမျှကို Post Engagement လို့ သတ်မှတ်ပါတယ်။ ကိုယ့်တင်ထားတဲ့ post နဲ့ ပတ်သက်ပြီး ကိုယ့် Fan တွေက ဘယ်လောက်ထိတုံ့ပြန်မှုပေးလည်းဆိုတာ ဒီ Post Engagement ကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ ဒီမှာ ရရှိလာတဲ့ Customer ရဲ့ တုံ့ပြန်မှုရလာဒ်ဟာ စီးပွားရေးလုပ်ငန်းတိုင်းအတွက် တကယ့်ကိုအရေးကြီးပါတယ်။ စီးပွားရေးလုပ်ငန်းတွေရဲ့ အဓိကဦးတည်ချက်ဖြစ်တဲ့ Customer တွေရဲ့ Awareness နဲ့ Trust ကို ရရှိဖို့၊ Actual Sales ကို ဦးတည်သွားဖို့အတွက် ဒီနေရာမှာ လုပ်ဆောင်နိုင်ပါတယ်။ တင်လိုက်တဲ့ Post နဲ့ ပတ်သက်ပြီး Engagement နှုန်းမြင့်လာပြီဆိုရင် ခင်ဗျားတို့နဲ့ Customer တွေကြားမှာရှိတဲ့ ဆက်သွယ်မှုဟာကောင်းမွန်ပြီး ခင်ဗျားတို့ဟာ Customer Value ကို ဖန်တီးပေးနေပြီဆိုတာ သိနိုင်ပါတယ်။ ဒီလို ဖြစ်စေဖို့အတွက်ကတော့ Customer တွေအတွက် အမှန်တကယ်အကျိုးရှိစေတဲ့ Content (အကြောင်းအရာ) တွေကို ဖန်တီးပေးဖို့လိုအပ်ပါတယ်။

ဒါလို အမြဲဖန်တီးပေးနေမှလည်း ခင်ဗျားတို့ရဲ့ Customer တွေဟာ ခင်ဗျားတို့ Page မှာ တင်လိုက်တဲ့ Post အားလုံးအပေါ်မှာ စိတ်ဝင်တစားနဲ့ အမြဲတမ်းစောင့်ကြည့်ပြီး တုံ့ပြန်မှုတွေပေးချင်ကြမှာပါ။ ဒီလိုမျိုး တုံ့ပြန်မှုတွေ ပေးနေပြီဆိုရင်တော့။ သူတို့နဲ့ အမှန်တကယ် အလုပ်တွဲလုပ်တဲ့အခါမှာ သူတို့ရဲ့ကိုယ့်လုပ်ငန်းအပေါ်မှာ Trust (ယုံကြည်မှု)ဟာ တော်တော်လေး ခိုင်မာနေပါပြီ။ ဒီလို Customer နဲ့ အပြန်အလှန် (Interactive) ဖြစ်ပြီး ကောင်းမွန်တဲ့ Relationship ကိုတည်ဆောက်ဖို့အတွက် Social Media က အကောင်းဆုံးနဲ့ အထိရောက်ဆုံးဆိုတာ ကျွန်တော်တို့ယုံကြည်ပါတယ်။ ဒီနေရာမှာ အရေးကြီးတာ တစ်ခုကတော့ ကျွန်တောတို့အနေနဲ့ Customer ရဲ့ တုံ့ပြန်မှုကို လျစ်လျူမရှုမိဖို့ပါပဲ၊ Like၊ Comment၊ Share ဘာပဲလုပ်လုပ် အပြုသဘောဆောင်တဲ့ အရာတွေဆိုတာ ကျွန်တော်တို့သိထားရပါမယ်။ Comment တွေအားလုံး(အကောင်း၊အဆိုး) ကို အချိန်မှန် တုံ့ပြန်ဖို့လိုအပ်ပါတယ်။ ခင်ဗျားတင်လိုက်တဲ့ Post တွေမှာ Engage လာလုပ်ထားတဲ့ Customer များကို ဆက်ဆံပုံမှ တဆင့် Customer ကိုဘယ်လောက်ထိ Care လုပ်ကြောင်းပြသနိုင်ပါတယ်။

Source; Mynameistutorial

 

Read times
Rate this item
(0 votes)