-->
×

Warning

JUser: :_load: Unable to load user with ID: 29


Pepsi မှ အသစ်ထုတ်လုပ်ထားတဲ့ Pepsi cafe ကြော်ငြာ

Pepsi မှ အသစ်ထုတ်လုပ်ထားတဲ့ Pepsi cafe ကြော်ငြာ Google









 

ကြော်ငြာ Influencer လေး Finn Wolfhard

 








 

 

<<< Unicode >>> 

 

ဒီတစ်ခါ မှာ တော့ Pepsi မှ ကိုလာ အရသာနဲ့ ကော်ဖီ အရသာ အရော ပေါင်းဆက်ထုတ်လုပ်ထားတဲ့ soft drink ရဲ့ ကြော်ငြာကို Pepsi ရဲ့ ကိုယ်ပိုင် အရောင်ဖြစ်တဲ့ နက်ပြာရောင် နောက်ခံ အရောင်ဖြင့် Poster ထွက်ရှိထားပါတယ်။

ကြော်ငြာလေးမှာ လူအများစိတ်ဝင်စားဖွယ် စာတန်းလေးထည့်သွင်း အသုံးပြုထားတာကိုတွေ့ရတယ် Cola Meet Coffee ဆိုတဲ့ စာတန်းလေးကို အသုံးပြုထားတာတွေ့ရတယ်။

Cola ရဲ့ Soda ဆန်ဆန် ဆူး ရှရှ အရသာကိုမှ ကော်ဖီ အရသာ နဲ့ ရနံ့ ထည့်ထားတယ် အရသာ ကို အော်ရဂျင်နယ် နဲ့ ဗနီလာ အရသာနှစ်မျိုးထုတ်လုပ်ထားတာတွေ့ရတယ်။

ဧပြီလ တွင် စတင်ရောင်းချမယ်သိရပြီး အရောင်းမြှင့်တင်ရေးကို ယခုကတည်းကလုပ်ဆောင်နေတယ်သိရပါတယ်။

မီးကင်ထားသော တောင်ပေါ်က ရရှိတဲ့ နူးညံ့သိမ်မွှေ့သော Arabica coffee စေ့ရဲ့အရသာကို ကိုလာရဲ့ လန်းဆန်းတက်ကြွှတဲ့ အရသာနဲ့ ရောထားပြီး ကဖိန်းဓာတ် ၂ ဆ ပါဝင်ထားတယ်လို့ သိရပါတယ်။

Pepsi က ထို Pepsi cafe ရဲ့ ကြော်ငြာကို အများနဲ့ မတူ အောင် ကြော်ငြာ Plan ကိုရေးစွဲ နေတာမို့ ယခု အချိန် ထိ တီဗီကြော်ငြာအတွက်ကိုစဉ်းစားနေပါတယ်လို့သိရပါတယ်။

“ ကျွန်တော်တို့ Pepsi အနေနဲ့ ယခု အသစ်ထွက်ရှိမဲ့ Product အတွက် ကြော်ငြာ လုပ်ငန်းစဉ် ရေးစွဲနေပါတယ်။ပြောရရင်တော့ ကိုယ်တွေသိထားတာက ယနေ့ခေတ် သောက်သုံးသူများဟာ ခွန်အားတွေနဲ့ လန်းဆန်းတက်ကြွမှု့ တွေပိုပြီးလိုအပ်တယ်။ပြောရရင်တော့ ဒါက ဒီ Product ကို ကြော်ငြာဖို့ အကောင်းဆုံးနည်းလမ်း က လူငယ်တွေကို လန်းဆန်းတက်ကြွ စေတယ်ဆိုတဲ့ အချက်နဲ့တင် ကြော်ငြာကောင်းတစ်ခု ဖန်တီးဖို့ လုံလောက်ပြီ ။ကျွန်တော်တို့ အနေနဲ့ ရှေ့နှစ်ထဲမှာ ဝမ်းမြှောက်ဝမ်းသာစွာ Pepsi Cafe ကို ဈေးကွက် ထဲ ခြေဦးလှည့်ဖို့ကြိုးစားနေပါပြီ “ ဟု Pepsi မှ ဈေးကွက်စီးပွားရေး ဆိုင်ရာ အကြီးအကဲဖြစ်သူ Todd Kaplan မှ နယူးရောဇ့်မြို့ရဲ့ စာနယ်ဇင်း ရှင်းလင်းပွဲ တစ်ခုတွင်ပြောပြသွားခဲ့ပါတယ်။

Pepsi ရဲ့ Marketing လှုပ်ရှားမှုကိုပြောပြရရင် Pepsi က အအေး လုပ်ငန်းမှာ ပိုမိုဆန်းသစ်ချင်နေပုံရပါတယ်။

 

Ginvera ကြော်ငြာလေးက လူမသိတဲ့ နောက်ကွယ်အကြောင်းအရာလေးများ

 

Pepsi အနေနဲ့ ဒီနှစ်အစော ပိုင်းမှာ Pepsi Sparkling Rosé ကို ဆန်းသစ်တီထွင်ခဲ့တယ်သိရပါတယ်။ပြီးနောက်သူ့သောက်သုံးသူတွေနဲ့ အတူ ဒီလ အစောပိုင်းမှာ ၃ ရက် တိတိ မိတ်ဆက်ပွဲ ကျင်းပါ့ ပြုလုပ်ခဲ့ ပါတယ်။

ဒါကို အားကျ မခံ Pepsi ရဲ့ ပြိုင်ဘက် လုပ်ငန်းစုဖြစ်တဲ့ Coke ဟာ Coke Energy Drink ဆိုပြီး ထုတ်လုပ်ကာ Pepsi နဲ့ အပြိုင် အမေရိက တွက် ပွဲလုပ်ပြီး ကြော်ငြာများကို အပြိုင်လိုက်ဖန်တီးကျအုံးမှာပါ။
Coke က ကော်ဖီဆိုဒါ ဆိုပြီး Soft Drink တစ်မျိုးကို ရောင်းပြီးသားပါ။အဆိုပါ Product နာမည်က Coke with Coffee ပါ။ဒါပေမဲ့ သြစတေးလျ ၊ အီတလီ ၊ စပိန် ၊ ယိုးဒယား နဲ့ ပိုလန် အစရှိတဲ့ နိုင်ငံတွေမှာသာ ဖြန့်ချီ ရောင်းချခဲ့ပါတယ်။

Coco cola ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦး ၏ ပြောဆိုချက်အရတော့ ၎င်းတို့ အနေနှင့် ထို Coke with Coffee ကို အမေရိက မှာ ရောင်းချ ခဲ့ ခြင်းတော့ မရှိခဲ့ပါဘူး၊ဒါပေမဲ့ ရောင်းဖို့ အလားအလာတော့ ရှိတယ် သိရပါတယ်။

ဒီ Pepsi cafe ဟာ Pepsi ရဲ့ ပထမ ဦးဆုံးထုတ်လုပ်တဲ့ ကိုလာ အရသာ နဲ့ အအေး မဟုတ်ပါဘူး ၁၉၉၆ က Pepsi မှ Pepsi Kona ဆိုကာ ယခုကဲ့သို့သောကိုလာ နဲ့ ကော်ဖီ အရော Soft Drink ကို ထုတ်လုပ်ခဲ့ပါသေးတယ်။

ထို ကြော်ငြာကို Tom Jones နဲ့ ရိုက်ကူးခဲ့တယ်သိရပါတယ်။

Pepsi ရဲ့ ဈေးကွက်စီးပွားရေး ဆိုင်ရာ အကြီးအကဲဖြစ်သူ Todd Kaplan ထပ်မံ့ ပြောကြားချက်အရတော့ " ထိုခေတ်က အသစ်အဆန်းကို လူအများက စိတ်ဝင်စားနေတဲ့ ခေတ်မို့ အသစ်အဆန်းဦးစားပေး ကြော်ငြာကို ရိုက်ကူးခဲ့ပုံပါ
ယနေ့ခေတ်မှာ ကျတော့ အသစ်အဆန်းက များလွန်းတာမို့ အခြား လူငယ်တွေ အကြိုက် လန်းဆန်း မှုအသားပေး ရိုက်ကူး ချင်တယ် " လို့ ပြောခဲ့ပါတယ်။

ယခု Pepsi cafe ကြော်ငြာ ကတော့ လုံးဝ ဖန်တီးမှု့ကွဲထွက်လာမှာပါ သို့ပေမယ့် ၁၉၉၀ နှစ်များဆီက ရိုက်ကူးခဲ့ တဲ့ Pepsi ရဲ့ ကြော်ငြာ ရိုက်ကူးပုံကို ပြန်ကြည့် ကြရအောင် ......

 

Myanmar Advertising Directory 

Read times
Rate this item
(0 votes)