-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဖွင့်လှစ်လုပ်ကိုင်ခွင့်မရှိသော လုပ်ငန်းများအနေဖြင့် Stay at home နေအိမ်တွင်သာနေထိုင်ရမည်

ဖွင့်လှစ်လုပ်ကိုင်ခွင့်မရှိသော လုပ်ငန်းများအနေဖြင့် Stay at home နေအိမ်တွင်သာနေထိုင်ရမည်

လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Coronavirus Disease 2019 - COVID - 19) ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့် တပြေးညီ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံး (ကိုကိုးကျွန်း မြို့နယ်မပါ)တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး ( Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၂၀−၉−၂၀၂၀ ရက်စွဲပါ အမိန့်အမှတ် ၁၀၇/၂၀၂၀ ဖြင့်ကြေညာခဲ့ပါသည်။
ယမန်နေ့တွင်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အောက်တိုဘာလ ၅ ရက်နေ့ စွဲပါ အမိန့်အမှတ် (၁၁၃/၂၀၂၀) ထုတ်ပြန်ကြေညာချက်တစ်ရပ်ကိုထုတ်ပြန်ကြေညာခဲ့ပါသည်။ ထိုထုတ်ပြန်ချက်အရကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ၂၀−၉−၂၀၂၀ ရက်စွဲပါ အမိန့်အမှတ် ၁၀၇/၂၀၂၀ ဖြင့်ကြေငြာချက်အား ၂၁−၁၀−၂၀၂၀ အထိ သက်တမ်းတိုးထုတ်ပြန်ကြေညာခြင်းဖြစ်သဖြင့် ယခင်ကြေညာချက်တွင်ပါဝင်သော ဖွင့်လှစ်လုပ်ကိုင်ခွင့်မရှိသော လုပ်ငန်းများအနေဖြင့် Stay at home နေအိမ်တွင်သာနေထိုင်ရမည့်အစီအစဉ်တွင် အကျုံးဝင်ကြောင်း သိရှိရပါသည်။

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)

Read times
Rate this item
(0 votes)