-->
×

Warning

JUser: :_load: Unable to load user with ID: 29


အလုပ်ခွင်ထဲမှာ စိတ်ဖိဆီးမှုတွေကို ပြင်းပြင်းထန်ထန် ခံစားနေရပြီလား

အလုပ်ခွင်ထဲမှာ စိတ်ဖိဆီးမှုတွေကို ပြင်းပြင်းထန်ထန် ခံစားနေရပြီလား google.com

အလုပ်ခွင်ထဲမှာ စိတ်ဖိဆီးမှုတွေကို ပြင်းပြင်းထန်ထန် ခံစားနေရပြီလား
တစ်ခါတစ်ရံအလုပ်မှာ စိတ်ဖိစီးမှုနည်းနည်းရှိတာ ကောင်းပါတယ်။ သင်ကိုယ်တိုင် ထကြွမှုရှိအောင်၊ အကောင်းဆုံးတွေဖန်တီးနိုင်အောင် ကူညီပေးပါတယ်။ ဒါပေမဲ့တခြားတစ်ဖက်ကနေဆိုရင်တော့

အမြဲတမ်းစိတ်ဖိစီးနေမယ်ဆိုရင် သင့်ကျန်းမာရေးနှင့် သင့်ဘ၀နေထိုင်မှုအတွက် အန္တရာယ်ရှိတဲ့အချက် ဖြစ်ပါတယ်။
အောက်မှာဖော်ပြထားတဲ့အချက်များကတော့ လုပ်ငန်းခွင်တွင် စိတ်ဖိစီးမှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေရပြီဆိုတာ သိနိုင်တဲ့အရာများဖြစ်ပါတယ်။
မရပ်မနားအလုပ်လုပ်ခြင်း
သင်နေ့လည်စာစားဖို့အတွက် နှစ်ခါစဉ်းစားနေရင် သင်စိတ်ဖိစီးနေမှုရှိနေပါလိမ့်မယ်။ သင်နေ့လည်စာမစားဘဲ snackပဲစားပြီး ကွန်ပျူတာရှေ့တွင် နာရီပေါင်းများစွာ အလုပ်လုပ်ချင်နေပါလိမ့်မယ်။


မေ့တတ်လာခြင်း
ငွေရေးကြေရေးနှင့်ပတ်သတ်တဲ့သတင်းပို့ချက်တင်ဖို့ မေ့နေခဲ့တာလား။ ဌာနမှာရှိတဲ့ မိတ်ဆွေများရဲ့ နာမည်ကို ပြန်စဉ်းစားနေရပြီလား။ အိမ်သော့မေ့နေပြီလား။ သင်တစ်ခုခုကိုအာရုံစိုက်ဖို့ မေ့တတ်နေပြီဆိုရင် သင်စိတ်ဖိစီးမှု ဖြစ်နေပါလိမ့်မယ်။


မကောင်းမြင်တဲ့စိတ်များဖြစ်လာခြင်း
သင်ကတဖြည်းဖြည်းနဲ့ မကောင်းမြင်တတ်တဲ့သူ ဖြစ်နေတယ်။ သင့်စွမ်းဆောင်ရည်ကို သံသယဖြစ်ပြီး ဆုံးဖြတ်ချက်ချဖို့ ခက်ခဲနေတယ်။ ထကြွမှုလဲနည်းနေတယ်။ အရာအားလုံးနဲ့ဝေးရာကို ထွက်ပြေးချင်သလို ခံစားနေရတယ်။ အဲလိုဖြစ်နေပြီဆိုရင်သင်စိတ်ဖိစီမှုဝင်နေပါပြီ။


အိပ်စက်ခြင်းပြသနာများကြုံတွေ့လာရခြင်း
သင်တစ်နေ့လုံးအလုပ်လုပ်ပြီးအမြဲတမ်းပင်ပန်းနေတယ်။ သင်ရဲ့အိပ်ချိန်တောင် မမှန်တော့ဘူး။ အိပ်ပျော်ဖို့ ခက်ခဲလာတယ်။ ဒါမှမဟုတ်အိပ်နေကျအချိန်ထက် ပိုအိပ်ရသလို မခံစားနေရပါတယ်။ ညလယ်တွင် ပြန်နိုးလာခြင်းများ ဖြစ်နေပါက သင်စိတ်ဖိစီးမှုဖြစ်နေပါတယ်။

သင်ကိုယ့်ကိုယ်ကိုဂရုမစိုက်ခြင်း
ရုံးအတွက်အ၀တ်အစားလှလှပပမ၀တ်ချင်တော့ဘူး။ သင့်ကျန်းမာရေးကိုဂရုမစိုက်သလိုဖြစ်နေတယ်။ လက်သည်းကိုက်ခြင်း၊ တစ်ချိန်လုံးသရေစာစားခြင်း၊(ဒါမှမဟုတ်) ဘာမှမစားချင်တော့ခြင်း စတဲ့အလေ့အကျင့်များ ဖြစ်နေရင်တော့ သေချာပေါက် သင်စိတ်ဖိစီးနေပါတယ်။

အဲလိုအချက်များဖြစ်နေရင်သင်လုပ်ဖို့လိုအပ်တဲ့အရာများ
သင့်စိတ်ဖိစီးမှုဖြစ်ခြင်းရဲ့နောက်ကွယ်ကအကြောင်းအရင်းကိုရှာဖို့ကြိုးစားကြည့်ပါ။ သင့်မန်နေဂျာကို စကားပြောဖို့ ကြိုးစားကြည့်ပြီး အဖြေရှာကြည့်ပါ။
စိုးရိမ်မှုများဖြစ်တဲ့အခါတိုင်း အသက်ပြင်းပြင်းရှုဖို့လေ့ကျင့်ကြည့်ပြီး ခဏနားခြင်းကို မကျော်ပစ်ပါနဲ့။ လေ့လာတွေ့ရှိချက်များအရ လမ်းလျှောက်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ခဏအနားယူခြင်းများက ဟော်မုန်းcortisolထုတ်လုပ်မှုကိုလျော့ချပေးပါတယ်။

Read-အလုပ်ထဲမှာ ကိုယ့်ရဲ့ကိုယ်ပိုင် Brand ကို ဘယ်လိုဖန်တီးယူမလဲ?


Source; Mingalarbar Morning

Read times
Rate this item
(3 votes)