-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကမၻာ႔ အႀကီးဆံုးကုမၸဳဏီႀကီးေတြ တစ္စကၠန္႔မွာ အျမတ္ေငြဘယ္ေလာက္ရေနလဲ

ကမၻာ႔ အႀကီးဆံုးကုမၸဳဏီႀကီးေတြ တစ္စကၠန္႔မွာ အျမတ္ေငြဘယ္ေလာက္ရေနလဲ google.com

ကမၻာေက်ာ္ လူသိမ်ားတဲ႔ ကုမၸဏီႀကီးေတြ အမ်ားႀကီးရွိပါတယ္။ အစားအေသာက္ထဲမွာ Coca-Colaလို၊ နည္းပညာကုမၸဏီထဲမွာ Apple၊ Samsung စတာေတြ ကားကုမၸဏီထဲမွာ Toyota တို႔ VWတို႔ျဖစ္ပါတယ္။ ဒီ ကုမၸဏီႀကီးေတြ ႏွစ္ခ်ဳပ္မွာ စာရင္းခ်ဳပ္လုိက္ရင္ တစ္ႏွစ္မွာ အျမတ္ ၀င္ေငြဟာ ေဒၚလာဘီလီယံနဲ႔ ခ်ီတယ္ဆိုၿပီး ေတြ႔ရပါတယ္။ ဒါေပမယ့္ အခုေျပာခ်င္တာက အသက္ေလးတစ္ခ်က္ရွဴသြင္းလိုက္တဲ႔ တစ္စကၠန္႔ေလး အတြင္းမွာ ကုမၸဏီႀကီးေတြမွာ ၀င္လာေနတဲ႔ အျမတ္ေငြ ဘယ္ေလာက္ရရွိေနပါသလဲ။

ေလ့လာၾကည့္ရေေအာင္ပါ။

သင့္အေနနဲ႔ တစ္စကၠန္႔ကို ၁ေဒၚလာ ၀င္ေငြရွိမယ္ဆိုရင္ တမိနစ္အတြက္ ေဒၚလာ ၆၀ရမယ္၊ တရက္ကို ၀င္ေငြ ၈၆၄၀၀ ရွိမယ္ေပါ႔။ ဒါဆိုရင္ သင့္ရဲ႕ တစ္ႏွစ္၀င္ေငြဟာ တစ္ႏွစ္မွာ ေဒၚလာ ၃၁သန္းထိေအာင္ ရွိေနပါလိမ့္။

ဒါဟာ ကမၻာေပၚမွာ လူအနည္းငယ္ပဲ ရရွိႏိုင္တဲ႔၀င္ေငြ ပမာဏပဲျဖစ္ပါတယ္။ လူတစ္ဦးခ်င္းစီထက္ လုပ္ငန္း၊ ကုမၸဏီေတြ တစ္ခုခ်င္းစီက ၀င္ေငြရႏုိင္ဖို႔ အခြင့္အလမ္းပိုမ်ားၾကပါတယ္။

အေမရိကန္ရဲ႕ အျမတ္အစြန္း အမ်ားဆံုး ကုမၸဏီစာရင္းကို ျပဳစုထားတဲ႔ ဒီFortune 500 လို႔ေခၚတဲ႔ စာရင္းကို ေငြေၾကးနဲ႔ ပတ္သက္ၿပီး အကူအညီေပးျခင္း၊ အႀကံေပးျခင္းမ်ား ေဆာင္ရြက္ေနတဲ႔  Title Max ရဲ႕ ၀က္ဘ္ဆိုက္ titlemax.com မွာ ေဖာ္ျပထားတာျဖစ္ပါတယ္။

fortune 1

အထူးသျဖင့္ စကၠန္႕အလိုက္ ကမၻာေပၚမွာ အျမတ္ေငြ အမ်ားဆံုး ရရွိေနတဲ႔ ကုမၸဏီက Appleပါ။ အေမရိကန္ အေျခစိုက္တဲ႔ ဒီကုမၸဏီႀကီးက iOS စနစ္ကို တီထြင္ထားတယ္၊ iPhone ေတြေရာင္းတယ္၊ Macေတြ ေရာင္းတယ္၊ iPadေတြလည္းေရာင္းတယ္၊ စာရင္းအရ Apple ကုမၸဏီဟာ တစ္စကၠန္႔ကို အျမတ္ ၁၄၄၄ဒသမ ၇၆ ေဒၚလာ ရေနပါတယ္။ ဒီေတာ့ တစ္နာရီမွာ ကုမၸဏီက  အျမတ္ ၅ဒသမ၂သန္း ရေနၿပီး တစ္ရက္မွာေတာ့ ၁၂၇သန္းထိေအာင္ အျမတ္ရေနကာ  တစ္ႏွစ္မွာေတာ့ အျမတ္ေငြ  ၄၅ဒသမ၇ ဘီလီယံအထိ ရရွိေနတာ ျဖစ္ပါတယ္။ ဒါဟာ ၂၀၁၆ ခုႏွစ္က ႏွစ္ခ်ဳပ္အျမတ္ေငြကို ၾကည္႔ၿပီးတြက္ထားတာပါ။

ဒုတိယေနရာက JPMorgan Chase ကုမၸဏီက တစ္စကၠန္႔ကို ၇၆၈၂ဒသမ ၁၄ပဲ ျမတ္ေနလို႔ အျမတ္က်န္ႏွဳန္း ကြာဟခ်က္ ျမင့္မားေနေသးၿပီး ေနာက္ႏွစ္အထိ အျမတ္က်န္ႏွဳန္း အမ်ားဆံုး ကုမၸဏီ အျဖစ္ Appleက ဆက္လက္ရပ္တည္ႏိုင္ဖို႔  ရွိေနပါတယ္။

တတိယေနရာက Berkshire Hathawayက ၇၆၁ ဒသမ၃၀ ေဒၚလာ၊ အဆင့္(၄)မွာ Wells Gergo က ၆၉၃ဒသမ ၇၅ေဒၚလာ၊ အဆင္႔(၅)မွာ Alphabet က ၆၁၅ဒသမ ၉၆ေဒၚလာ၊ အဆင့္(၆)မွာ Bank of America က ၅၆၆ ဒသမ၂၄ ေဒၚလာ၊ အဆင့္(၇)မွာ ကြန္ပ်ဴတာ နည္းပညာ ကုမၸဏီ Microsoftက ၅၃၁ဒသမ ၂၁ေဒၚလာ၊ အဆင့္(၈)မွာ  Johnson & Johnson က ၅၂၃ဒသမ ၀၅ ေဒၚလာ၊ အဆင့္(၉)မွာ Citigroupက ၄၇၁ဒသမ၅၆ ေဒၚလာ၊ အဆင့္(၁၀)မွာ Altria Group က ၄၅၀ဒသမ ၂၈ေဒၚလာႏွင့္ အသီးသီး တစ္စကၠန္႔တုိင္းမွာ  အျမတ္ရေနၾကတာျဖစ္ပါတယ္။

list

ဒါဟာ ၂၀၁၆ ခုႏွစ္က ၀င္ေငြႏွဳန္းေတြကုိ ၾကည့္ၿပီး ၂၀၁၇ ခုႏွစ္က Fortune 500 ကေနရယူတြက္ခ်က္ထားတာ ျဖစ္ၿပီး ၂၀၁၇အတြက္ Appleကေန ရွင္းတမ္းအသစ္ကို  ၿပီးခဲ႔တဲ႔ ရက္ပုိင္းကပဲ ထုတ္ျပန္ထားပါတယ္။ ဒီထုတ္ျပန္ခ်က္အရ ၂၀၁၇အတြင္းမွာ Appleက အျမတ္ေငြ တစ္ႏွစ္အတြင္း ၄၈.၄ ဘီလီယံရရွိပါတယ္။ ဒါဆိုရင္ေတာ့ အထက္မွာ ေျပာခဲ႔သလုိ Appleက တစ္စကၠန္႔ကို ၁၅၃၃ ေဒၚလာေက်ာ္အထိ အျမတ္ ရလာတာလည္း ျဖစ္ပါတယ္။

က်န္တဲ႔ ၿပိဳင္ဘက္ကုမၸႀကီးေတြျဖစ္တဲ႔ JPMorgan Chase, Alphabet နဲ႔ Berkshire Hathaway ေတြက၂၀၁၇ ႏွစ္ခ်ဳပ္စာရင္းမထုတ္ျပန္ေသးလို႔ တိုးတက္လာမွဳ ဘယ္ေလာက္ရွိလဲ မသိရေသးပါဘူး။ ဒါဆိုရင္ေတာ့ ကုမၸဏီနဲ႔ လူက အိပ္ေနေပမယ့္ ကုမၸဏီေတြရဲ႕ အျမတ္က်န္ရွိမွဳေတြကေတာ့ အိပ္မေနဘဲ စကၠန္႔တိုင္း ၀င္လာမစဲတသဲသဲ ျဖစ္ေနတဲ႔ အေၾကာင္း ဗဟုသုတ အေနနဲ႔ ေဖာ္ျပေပးလိုက္ပါတယ္။

Credit; ခ်စ္ေဖ(ေတာင္တြင္းေျမ)

Source; Irrawaddy

(Unicode Version)

ကမ္ဘာကျော် လူသိများတဲ့ ကုမ္ပဏီကြီးတွေ အများကြီးရှိပါတယ်။ အစားအသောက်ထဲမှာ Coca-Colaလို၊ နည်းပညာကုမ္ပဏီထဲမှာ Apple၊ Samsung စတာတွေ ကားကုမ္ပဏီထဲမှာ Toyota တို့ VWတို့ဖြစ်ပါတယ်။ ဒီ ကုမ္ပဏီကြီးတွေ နှစ်ချုပ်မှာ စာရင်းချုပ်လိုက်ရင် တစ်နှစ်မှာ အမြတ် ၀င်ငွေဟာ ဒေါ်လာဘီလီယံနဲ့ ချီတယ်ဆိုပြီး တွေ့ရပါတယ်။ ဒါပေမယ့် အခုပြောချင်တာက အသက်လေးတစ်ချက်ရှူသွင်းလိုက်တဲ့ တစ်စက္ကန့်လေး အတွင်းမှာ ကုမ္ပဏီကြီးတွေမှာ ၀င်လာနေတဲ့ အမြတ်ငွေ ဘယ်လောက်ရရှိနေပါသလဲ။
လေ့လာကြည့်ရေအောင်ပါ။
သင့်အနေနဲ့ တစ်စက္ကန့်ကို ၁ဒေါ်လာ ၀င်ငွေရှိမယ်ဆိုရင် တမိနစ်အတွက် ဒေါ်လာ ၆၀ရမယ်၊ တရက်ကို ၀င်ငွေ ၈၆၄၀၀ ရှိမယ်ပေါ့။ ဒါဆိုရင် သင့်ရဲ့ တစ်နှစ်ဝင်ငွေဟာ တစ်နှစ်မှာ ဒေါ်လာ ၃ဒသမသန်းထိအောင် ရှိနေပါလိမ့်။
ဒါဟာ ကမ္ဘာပေါ်မှာ လူအနည်းငယ်ပဲ ရရှိနိုင်တဲ့ဝင်ငွေ ပမာဏပဲဖြစ်ပါတယ်။ လူတစ်ဦးချင်းစီထက် လုပ်ငန်း၊ ကုမ္ပဏီတွေ တစ်ခုချင်းစီက ၀င်ငွေရနိုင်ဖို့ အခွင့်အလမ်းပိုများကြပါတယ်။
အမေရိကန်ရဲ့ အမြတ်အစွန်း အများဆုံး ကုမ္ပဏီစာရင်းကို ပြုစုထားတဲ့ ဒီFortune 500 လို့ခေါ်တဲ့ စာရင်းကို ငွေကြေးနဲ့ ပတ်သက်ပြီး အကူအညီပေးခြင်း၊ အကြံပေးခြင်းများ ဆောင်ရွက်နေတဲ့ Title Max ရဲ့ ၀က်ဘ်ဆိုက် titlemax.com မှာ ဖော်ပြထားတာဖြစ်ပါတယ်။
အထူးသဖြင့် စက္ကန့်အလိုက် ကမ္ဘာပေါ်မှာ အမြတ်ငွေ အများဆုံး ရရှိနေတဲ့ ကုမ္ပဏီက Appleပါ။ အမေရိကန် အခြေစိုက်တဲ့ ဒီကုမ္ပဏီကြီးက iOS စနစ်ကို တီထွင်ထားတယ်၊ iPhone တွေရောင်းတယ်၊ Macတွေ ရောင်းတယ်၊ iPadတွေလည်းရောင်းတယ်၊ စာရင်းအရ Apple ကုမ္ပဏီဟာ တစ်စက္ကန့်ကို အမြတ် ၁၄၄၄ဒသမ ရ၆ ဒေါ်လာ ရနေပါတယ်။ ဒီတော့ တစ်နာရီမှာ ကုမ္ပဏီက အမြတ် ၅ဒသမ၂သန်း ရနေပြီး တစ်ရက်မှာတော့ ၁၂၇သန်းထိအောင် အမြတ်ရနေကာ တစ်နှစ်မှာတော့ အမြတ်ငွေ ၄၅ဒသမရ ဘီလီယံအထိ ရရှိနေတာ ဖြစ်ပါတယ်။ ဒါဟာ ၂၀၁၆ ခုနှစ်က နှစ်ချုပ်အမြတ်ငွေကို ကြည့်ပြီးတွက်ထားတာပါ။
ဒုတိယနေရာက JPMorgan Chase ကုမ္ပဏီက တစ်စက္ကန့်ကို ရ၆၈၂ဒသမ ၁၄ပဲ မြတ်နေလို့ အမြတ်ကျန်နှုန်း ကွာဟချက် မြင့်မားနေသေးပြီး နောက်နှစ်အထိ အမြတ်ကျန်နှုန်း အများဆုံး ကုမ္ပဏီ အဖြစ် Appleက ဆက်လက်ရပ်တည်နိုင်ဖို့ ရှိနေပါတယ်။
တတိယနေရာက Berkshire Hathawayက ရ၆၁ ဒသမ၃၀ ဒေါ်လာ၊ အဆင့်(၄)မှာ Wells Gergo က ၆၉၃ဒသမ ရ၅ဒေါ်လာ၊ အဆင့်(၅)မှာ Alphabet က ၆၁၅ဒသမ ၉၆ဒေါ်လာ၊ အဆင့်(၆)မှာ Bank of America က ၅၆၆ ဒသမ၂၄ ဒေါ်လာ၊ အဆင့်(၇)မှာ ကွန်ပျူတာ နည်းပညာ ကုမ္ပဏီ Microsoftက ၅၃၁ဒသမ ၂၁ဒေါ်လာ၊ အဆင့်(၈)မှာ Johnson & Johnson က ၅၂၃ဒသမ ၀၅ ဒေါ်လာ၊ အဆင့်(၉)မှာ Citigroupက ၄၇၁ဒသမ၅၆ ဒေါ်လာ၊ အဆင့်(၁၀)မှာ Altria Group က ၄၅၀ဒသမ ၂၈ဒေါ်လာနှင့် အသီးသီး တစ်စက္ကန့်တိုင်းမှာ အမြတ်ရနေကြတာဖြစ်ပါတယ်။
ဒါဟာ ၂၀၁၆ ခုနှစ်က ၀င်ငွေနှုန်းတွေကို ကြည့်ပြီး ၂၀၁၇ ခုနှစ်က Fortune 500 ကနေရယူတွက်ချက်ထားတာ ဖြစ်ပြီး ၂၀၁၇အတွက် Appleကနေ ရှင်းတမ်းအသစ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ထုတ်ပြန်ထားပါတယ်။ ဒီထုတ်ပြန်ချက်အရ ၂၀၁၇အတွင်းမှာ Appleက အမြတ်ငွေ တစ်နှစ်အတွင်း ၄၈.၄ ဘီလီယံရရှိပါတယ်။ ဒါဆိုရင်တော့ အထက်မှာ ပြောခဲ့သလို Appleက တစ်စက္ကန့်ကို ၁၅၃၃ ဒေါ်လာကျော်အထိ အမြတ် ရလာတာလည်း ဖြစ်ပါတယ်။
ကျန်တဲ့ ပြိုင်ဘက်ကုမ္ပကြီးတွေဖြစ်တဲ့ JPMorgan Chase, Alphabet နဲ့ Berkshire Hathaway တွေက၂၀၁၇ နှစ်ချုပ်စာရင်းမထုတ်ပြန်သေးလို့ တိုးတက်လာမှု ဘယ်လောက်ရှိလဲ မသိရသေးပါဘူး။ ဒါဆိုရင်တော့ ကုမ္ပဏီနဲ့ လူက အိပ်နေပေမယ့် ကုမ္ပဏီတွေရဲ့ အမြတ်ကျန်ရှိမှုတွေကတော့ အိပ်မနေဘဲ စက္ကန့်တိုင်း ၀င်လာမစဲတသဲသဲ ဖြစ်နေတဲ့ အကြောင်း ဗဟုသုတ အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
Credit; ချစ်ဖေ(တောင်တွင်းမြေ)
Source; Irrawaddy

Read times
Rate this item
(0 votes)