-->
×

Warning

JUser: :_load: Unable to load user with ID: 29


Single Mother တွေအတွက် စိတ်ခွန်အားပေး အားဖြစ်စေတဲ့ Apple ၏ ၂၀၂၀ ကြော်ငြာသစ်

Single Mother တွေအတွက် စိတ်ခွန်အားပေး အားဖြစ်စေတဲ့ Apple ၏ ၂၀၂၀ ကြော်ငြာသစ် google

Apple ကုမ္ပဏီဟာ တရုတ်နိုင်ငံရဲ့နှစ်သစ်ကူး ပုံပြင် ကိုသူ့ရဲ့ဖုန်းနည်းပညာကိုပဲ အသုံးပြုပြီး မဟာဗျူဟာမြောက် ကြော်ငြာလေး နဲ့ တင်ဆက်ပြသ လိုက်ပါတယ်။


ဒီနှစ်မှာတော့ Apple ဟာ မိသားစုမှာ မျိုးဆက်သုံးဆက်အတွက်အမျိုးသမီးတွေကို ရည်ရွယ် ပစ်မှတ်ထား ပြီး ယဉ်ကျေးမှုဓလေ့ထုံးစံကနေချိုးဖောက်တာက တရုတ်နှစ်သစ်ကူးအပေါ်ဘယ်လိုသက်ရောက်မှုရှိသလဲ ဆိုတာလေးကို ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။

 

Apple Company သည်တရုတ်နှစ်သစ်ကူးအကြောင်းကို မိသားစုဘဝ အဖြစ်အပျက်တစ်ခုကိုရေးသားခဲ့ပြီး သူတို့ရဲ့ဖုန်းနဲ့ပဲ လုံးဝ Professional အမိုက်စားဆန်ဆန် ရိုက်ကူး နိုင်တာ ( ဖုန်းအရည်အသွေးကောင်းမွန်မှု ) ကိုပြသလိုတာဖြစ်ပါတယ်။

ဒီကြော်ငြာလေးဟာ ၂၀၂၀ ခုနှစ်နှစ်ဆန်း တရုတ်နှစ်သစ်ကူးကာလတွင် ပြသရန်ရည်ရွယ် ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ထိုဇာတ်လမ်းဆန်ဆန်ကြော်ငြာလေးကို 'သမီး' လို့အမည်ပေးထားပါတယ်။

ထိုကြော်ငြာလေးမှာ Single Mom အမျိုးသမီးတစ်ဦး၏ ဖြစ်ရပ်မှန်အကြောင်းလေးကို ဇာတ်လမ်းဆန်ဆန် ရိုက်ကူးထားတာ ဖြစ်ပါတယ်။


ထို Single Mom အမျိူးသမီးက ယဉ်ကျေးမှု စံ နှုန်းများကို ဆန့်ကျင်ပြီး သူမသမီးလေးရဲ့ဘဝကို သူမတစ်ယောက်ထဲအားနဲ့ ကြိုးစား ဘဝမြှင့်တင်ပေးတာကို ပြသထားပါတယ်။ဒီအဖြစ်အပျက်ကြောင့် သူမ မိခင်နှင့်တင်းမာမှုများဖြစ်ပေါ်လာရပြီး တရုတ်နှစ်သစ်ကူးတွင် သူမ Sigle Mother အဖြစ်နဲ့ ခလေးထိန်းကျောင်းရတဲ့အခါ သူမရင်ဆိုင်နေရသောစိန်ခေါ်မှုများကို ကြော်ငြာမှာ ထည့်သွင်း ပြသထားပါတယ်။

 

ထိုကြော်ငြာ ရုပ်ရှင်ကို Apple ၏ iPhone 4 Pro တွင် 4K နည်းပညာဖြင့်ရိုက်ကူးထားတာဖြစ်ပါတယ်။ အကယ်ဒမီဆုချီးမြှင့်ခံရသည့် ဒါရိုက်တာ Theodore Melfi နှင့် အကယ်ဒမီဆုရ ရုပ်ရှင်ရိုက်ကူးသူ Lawrence Sher တို့နှစ် ဦး စလုံး ကြော်ငြာတွင်ပါဝင်ခဲ့ပြီး တရုတ်မင်းသမီး အကယ်ဒမီ Zhou Xun သည်အဓိကဇာတ်ကောင်ဖြစ်ချေသည်။

 

တရုတ်နှစ်သစ်ကူးအတွက် ထွက်ရှိထားသော နာမည်ကြီး Brand များရဲ့ ကြော်ငြာများ

 

ဇာတ်လမ်း၏နောက်ကွယ်အယူအဆမှာ အထူးသဖြင့်မိသားစု၏အယူအဆနှင့် ပတ်သက်၍ တရုတ်တွင်မျိုးဆက်ကွဲပြားမှုများမည်မျှရှိသည်ကို ပြရန်ဖြစ်သည်။ ထိုကြော်ငြာမှ ပေးချင်တဲ့ Message လေးက လူဆိုပြီးဖြစ်လာရင် လူသားဆန်မှု ( Humanity )လေးရှိဖို့လိုကြောင်း ဆိုတာပဲဖြစ်ပါတယ်။ အဲ့ဒါကိုလူတွေလယ်လိုပဲကွဲပြားနေပါစေ လူသားဆန်မှု ( Humanity ) လေးက လုူတွေအားလုံးကို တသွေးတသားတည်း စုစည်းပူးပေါင်းစေပါတယ် ဆိုတဲ့စာသားလေးနဲ့ Apple က ဖော်ပြခဲ့ပါတယ်။

 

Apple ရဲ့ ထို ကြော်ငြာဇာတ်လမ်းလေး ဟာ Sigle Mom တွေကို အားဖြစ်စေရုံမက ကြည့်ရှုသူတိုင်းရဲ့အမြင်ကို ဆန်းသစ်စေပြီး ရင်ထဲ တစ်ခုခုကျန်ခဲ့မှာတော့ အသေအချာပါပဲ။

ကဲအခု အားလုံးပဲ ကျွန်တော်နဲ့အတူတူ ကြော်ငြာလေးကိုကြည့်လိုက်ရအောင်!!!

 

https://player.youku.com/embed/XNDUwMzU3MTgwNA==?client_id=5f2d33a388ac6a1e&password=&autoplay=true&_time=100.986

Ref; The Drum 

 

<<<zawgyi>>>

 

Single Mother ေတြအတြက္ စိတ္ခြန္အားေပး အားျဖစ္ေစတဲ့ Apple ၏ ၂၀၂၀ ေၾကာ္ျငာသစ္

==================================================

Apple ကုမၸဏီဟာ တ႐ုတ္ႏိုင္ငံရဲ႕ႏွစ္သစ္ကူး ပုံျပင္ ကိုသူ႔ရဲ႕ဖုန္းနည္းပညာကိုပဲ အသုံးျပဳၿပီး မဟာဗ်ဴဟာေၿမာက္ ေၾကာ္ျငာေလး နဲ႔ တင္ဆက္ျပသ လိုက္ပါတယ္။
ဒီႏွစ္မွာေတာ့ Apple ဟာ မိသားစုမွာ မ်ိဳးဆက္သုံးဆက္အတြက္အမ်ိဳးသမီးေတြကို ရည္ရြယ္ ပစ္မွတ္ထား ျပီး ယဥ္ေက်းမႈဓေလ့ထုံးစံကေနခ်ိဳးေဖာက္တာက တ႐ုတ္ႏွစ္သစ္ကူးအေပၚဘယ္လိုသက္ေရာက္မႈရွိသလဲ ဆိုတာေလးကို ရုိက္ကူးပုံေဖာ္ထားတာ ျဖစ္ပါတယ္။

 

Apple Company သည္တ႐ုတ္ႏွစ္သစ္ကူးအေၾကာင္းကို မိသားစုဘဝ အျဖစ္အပ်က္တစ္ခုကိုေရးသားခဲ့ၿပီး သူတို႕ရဲ႕ဖုန္းနဲ႕ပဲ လုံးဝ Professional အမိုက္စားဆန္ဆန္ ရုိက္ကူး နိုင္တာ ( ဖုန္းအရည္အေသြးေကာင္းမြန္မႈ ) ကိုျပသလိုတာျဖစ္ပါတယ္။

ဒီေၾကာ္ျငာေလးဟာ ၂၀၂၀ ခုႏွစ္နွစ္ဆန္း တရုတ္နွစ္သစ္ကူးကာလတြင္ ျပသရန္ရည္ရြယ္ ရုိက္ကူးခဲ့ျခင္းျဖစ္ျပီး ထိုဇာတ္လမ္းဆန္ဆန္ေၾကာ္ျငာေလးကို 'သမီး' လို႕အမည္ေပးထားပါတယ္။

 

ထိုေၾကာ္ျငာေလးမွာ Single Mom အမ်ိဳးသမီးတစ္ဦး၏ ျဖစ္ရပ္မွန္အေၾကာင္းေလးကို ဇာတ္လမ္းဆန္ဆန္ ရုိက္ကူးထားတာ ျဖစ္ပါတယ္။
ထို Single Mom အမ်ိဴးသမီးက ယဥ္ေက်းမႈ စံ နွုန္းမ်ားကို ဆန္႕က်င္ျပီး သူမသမီးေလးရဲ႕ဘဝကို သူမတစ္ေယာက္ထဲအားနဲ႕ ၾကိဳးစား ဘဝျမႇင့္တင္ေပးတာကို ျပသထားပါတယ္။ဒီအျဖစ္အပ်က္ေၾကာင့္ သူမ မိခင္ႏွင့္တင္းမာမႈမ်ားျဖစ္ေပၚလာရျပီး တ႐ုတ္ႏွစ္သစ္ကူးတြင္ သူမ Sigle Mother အျဖစ္နဲ႔ ခေလးထိန္းေက်ာင္းရတဲ့အခါ သူမရင္ဆိုင္ေနရေသာစိန္ေခၚမႈမ်ားကို ေၾကာ္ျငာမွာ ထည့္သြင္း ျပသထားပါတယ္။

 

ေစ်းကြက္ကို ထိုးေဖာက္ေနတဲ့ ၂၀၂၀ ခုႏွစ္ရဲ႕ ဖက္ရွင္ Brand အမွတ္တံဆိပ္မ်ား

 

ထိုေၾကာ္ျငာ ႐ုပ္ရွင္ကို Apple ၏ iPhone 4 Pro တြင္ 4K နည္းပညာျဖင့္႐ိုက္ကူးထားတာျဖစ္ပါတယ္။ အကယ္ဒမီဆုခ်ီးျမႇင့္ခံရသည့္ ဒါ႐ိုက္တာ Theodore Melfi ႏွင့္ အကယ္ဒမီဆုရ ႐ုပ္ရွင္႐ိုက္ကူးသူ Lawrence Sher တို႔ႏွစ္ ဦး စလုံး ေၾကာ္ျငာတြင္ပါဝင္ခဲ့ၿပီး တ႐ုတ္မင္းသမီး အကယ္ဒမီ Zhou Xun သည္အဓိကဇာတ္ေကာင္ျဖစ္ေခ်သည္။

 

ဇာတ္လမ္း၏ေနာက္ကြယ္အယူအဆမွာ အထူးသျဖင့္မိသားစု၏အယူအဆႏွင့္ ပတ္သက္၍ တ႐ုတ္တြင္မ်ိဳးဆက္ကြဲျပားမႈမ်ားမည္မွ်ရွိသည္ကို ျပရန္ျဖစ္သည္။ ထိုေၾကာ္ျငာမွ ေပးခ်င္တဲ့ Message ေလးက လူဆိုျပီးျဖစ္လာရင္ လူသားဆန္မႈ ( Humanity )ေလးရွိဖို႕လိုေၾကာင္း ဆိုတာပဲျဖစ္ပါတယ္။ အဲ့ဒါကိုလူေတြလယ္လိုပဲကြဲျပားေနပါေစ လူသားဆန္မႈ ( Humanity ) ေလးက လုူေတြအားလုံးကို တေသြးတသားတည္း စုစည္းပူးေပါင္းေစပါတယ္ ဆိုတဲ့စာသားေလးနဲ႔ Apple က ေဖာ္ျပခဲ့ပါတယ္။



Apple ရဲ႕ ထို ေၾကာ္ျငာဇာတ္လမ္းေလး ဟာ Sigle Mom ေတြကို အားျဖစ္ေစရုံမက ၾကည့္ရႈသူတိုင္းရဲ႕အျမင္ကို ဆန္းသစ္ေစျပီး ရင္ထဲ တစ္ခုခုက်န္ခဲ့မွာေတာ့ အေသအခ်ာပါပဲ။

ကဲအခု အားလုံးပဲ က်ြန္ေတာ္နဲ႔အတူတူ ေၾကာ္ျငာေလးကိုၾကည့္လိုက္ရေအာင္!!!   

 

https://player.youku.com/embed/XNDUwMzU3MTgwNA==?client_id=5f2d33a388ac6a1e&password=&autoplay=true&_time=100.986

 

Ref; The Drum

Myanmar Advertising Directory

Read times
Rate this item
(0 votes)