လူငယ္အခ်ိဳ႕ရဲ႕စိတ္ထဲမွာ ဘြဲ႔လက္မွတ္နဲ႔ကုိယ္ကအရည္အခ်င္း ႏွစ္ခုယွဥ္ေတြးၾကည့္လာရင္ ဘယ္ဟာ ပုိအေရးႀကီးလဲဆိုတာ ေ၀ခြဲရခက္လာပါတယ္။ အလုပ္ရွင္ေတြရဲ႕ အလုပ္ေခၚစာ အမ်ားစုမွာက အနည္းဆံုး ဘြဲ႔ရျဖစ္ရမည္ဆုိတာက ပါလာတာကိုး။ ဘြဲ႔မရတဲ႔လူငယ္ေတြက ဒါမွမဟုတ္မဟာဘြဲ႔မရလို႔၊ ေက်ာင္းေကာင္း ေကာင္းက ဘြဲပမရခဲ့လို႔ဆိုၿပီး စိတ္ညစ္ေနတဲ႔ လူငယ္ေတြအတြက္ ဒီစာကုိေရးပါတယ္။
ဘြဲ႔လက္မွတ္တစ္ေစာင္ဟာ ကိုယ့္အတြက္ အာမခံခ်က္လား
ဟုတ္ကဲ႔။ အာမခံခ်က္ပါ။ အလုပ္ရဖို႔အတြက္ အာမခံခ်က္ပါ။ လူအမ်ားစုေတြးေလ့ရွိတာက အသက္ေမြး၀မ္း ေက်ာင္း ဘြဲ႕လက္မွတ္ ေကာင္းေကာင္းတစ္ခု ရထားရင္ ငါေတာ့အဆင္ေျပၿပီလုိ႔ ေတြးေလ့ရွိပါတယ္။ အဲ့ဒီ လုိလည္း မဟုတ္ေသးပါဘူး။ ဘြဲ႔လက္မွတ္ရွိတာေကာင္းပါတယ္။ ဘြဲ႔လက္မွတ္ဆိုတာအလုပ္ရဖို႔အတြက္ အသံုး၀င္ပါတယ္။ အလုပ္မွာေအာင္ျမင္ဖုိ႔အတြက္ အသံုးမ၀င္ပါဘူး။ ကုန္ကုန္ေျပာရရင္ တကၠသိုလ္ ေက်ာင္းဆင္းတုန္းက ရလာတဲ႔အမွတ္ေတြကေတာင္ အလုပ္မွာ ေအာင္ျမင္ဖို႔ သိပ္ၿပီးေတာ့ အက်ိဳးမျပဳလွပါဘူး။ အဆင့္မေကာင္းတဲ႔ လူငယ္ေတြကိုအားေပးခ်င္တာက စာေမးပြဲေတြမွာ အဆင့္ေကာင္းဖို႔ဆိုတာ မခက္လွပါဘူး။ တေနကုန္ စာထုိင္က်က္ၿပီး အလြတ္ရတာေတြကို ၏ သည္မလြဲ ျပန္ေရးႏုိင္ရင္ ေသခ်ာေပါက္ အဆင္႔ေကာင္း ပါတယ္။မဟာတန္းကို ေအးေအးေဆးေဆး ၀င္ႏုိင္တာေပါ႔။
Read-လုပ္ရမယ့္အလုပ္ေတြကို ဘာေၾကာင့္အခ်ိန္ဆြဲေနၾကတာလဲ
ေနာက္တစ္ခုက ခေလးေတြ၊ လူငယ္ေတြ အမ်ားစု အားငယ္ေလ့ရွိတာ သူတို႔ရဲ႔အဆင့္ေတြေၾကာင့္ပါ။ စဥ္းစားၾကည့္ပါ။ စာသင္ခန္းတစ္ခုထဲမွာ လူ၄၀ရွိတယ္ဆိုပါစို႔။ ဒီအတန္းထဲက လူငယ္ေတြ အၿပိဳင္အဆိုင္ ႀကိဳးစားၾကမယ္။ အားလံုးဟာ လူေတာ္ေတြခ်ည္းပဲ။ Aအဆင့္ေတြခ်ည္းပဲဆုိပါစို႔။ ဒီေတာ့ စာေမးပြဲတစ္ခု ေျဖတုိင္းေျဖတုိင္းမွာ လူ၄၀ထဲက တစ္ေယာက္ကေတာ့ ေနာက္ဆံုးအဆင့္ကို ရကိုရမွာပဲ။ ဘာလို႔လဲဆုိေတာ့ သတ္မွတ္ခ်က္ရွိၿပီးသားေလ။ ရမွတ္အလုိက္ ၁ကေနတန္းစီေရတြက္သြားရင္ အနည္းဆံုးရမွတ္က ေနာက္ဆံုးအဆင့္ပါပဲ။ ဒါဆို အဆင့္ဘိတ္ဆံုးမွာ ရတာနဲ႔ သူည႔ံသြားၿပီလား။ ကိုယ့္သားသမီးေတြကို အခန္းထဲမွာ အဆင့္တစ္မွ တစ္ဆိုတဲ့ မိဘေတြ နည္းနည္းေတာ့ စဥ္းစားသင့္ပါတယ္။
ေျပာခ်င္တာကေတာ့ ဘြဲ႔လက္မွတ္ေတြရွိလုိ႔ အလုပ္ရလာၿပီ။ ဒါေပမဲ႔ ကိုယ္ႀကိဳးစားမွ ကိုယ္တုိးတက္မွာပါ။ တကယ္က်ြမ္းက်င္မွဳမရွိဘူး။ မႀကိဳးစားဘူးဆိုရင္အလုပ္မွာ အမွားအယြင္းေတြျဖစ္ၿပီး အလုပ္ေတာင္ ျဖဳတ္ခံရႏုိင္ပါတယ္။
အရည္အခ်င္းဆိုတာ
အရည္အခ်င္းဆုိတာ အဓိပၸာယ္ဖြင့္ရင္ ဆံုးမွာမဟုတ္ပါဘူး။ အလြယ္ကူဆံုးေျပာရမယ္ဆိုရင္ အလုပ္ကို က်ြမး္က်ြမ္းက်င္က်င္ ေသေသသပ္သပ္ေအာင္ျမင္ ၿပီးေျမာက္ေအာင္လုပ္ႏုိင္ရင္ အဲ့ဒါအရည္အခ်င္းပါပဲ။ အလုပ္ကုိ က်ြမ္းက်င္ၿပီးေျမာက္ေအာင္ လုပ္ႏုိင္ဖို႔ရာအတြက္ က်ြမ္းက်င္လိမၼာမွဳဆိုတဲ့ (skill)ေတြ လုိအပ္တယ္။ အဲ့ဒီSkillေတြရလာဖို႔အတြက္ ေလ့က်င့္မွဳ၊ ႀကိဳးပမ္းအားထုတ္မွဳဆိုတဲ႔ (Practice)လိုပါတယ္။ တကယ္ ႀကိဳးပမ္းအားထုတ္ဖို႔အတြက္ ႀကိဳးပမ္းအားထုတ္ခ်င္စိတ္ (Desire) လိုအပ္ပါတယ္။ ႀကိဳးပမ္းအားထုတ္ ခ်င္စိတ္ရွိမရွိဆုိတာကေတာ့ လူ(Men)ေပၚမွာပဲ လုိအပ္ပါေတာ့တယ္။
Men……Desire…..Practice…..Skill….Action….Work Done(Finish)
ဒါ႔ေၾကာင့္မို့လို႔လည္း Project Management ေတြမွာအဓိကထားၿပီး စဥ္းစားတာ လူျဖစ္ပါတယ္။
က်ြန္ေတာ္ေတြ႔ဖူးတဲ့ လူတစ္ေယာက္ဆုိရင္ သူဘြဲ႔ရလာေတာ့ အဆင့္မေကာင္းဘူး။ သူက တကၠသိုလ္ တက္လာတဲ႔ တစ္ေလ်ွာက္မွာ သူစိတ္၀င္စားတဲ႔ စာေတြပဲ ဖတ္ေနခဲ့သူျဖစ္တယ္။ သူ႔အတြက္ လုိအပ္မယ္ ထင္တဲ့ သင္ခန္းစာေတြကိုပဲ သင္ယူတဲ့သူမ်ိဳးျဖစ္ၿပီးေတာ့ စာကိုအလြတ္က်က္ျပန္ေရးရတာကို မုန္းတဲ့သူ တစ္ေယာက္ပါ။ အလုပ္ေလွ်ာက္ေတာ့ ကံအားေလွ်ာ္စြာ အလုပ္တစ္ခုရခဲ့တယ္။ သူ႔ရဲ႔အဆင့္အတြက္ အလုပ္ရွင္က သိပ္ေတာ့အထင္မႀကီးဘူးေပါ့။ ဒါေပမယ့္ သူ႔မွာအလုပ္ကိုေအာင္ျမင္ခ်င္တဲ့ စိတ္ရွိတယ္။ ဒီလိုေအာင္ျမင္ခ်င္တဲ့ အတြက္ အလုပ္ကို တာ၀န္ေက်ေအာင္ႀကိဳးစားတယ္။ ေနာက္တစ္ခုက သူ႔မွာ skillေတြရွိတယ္။ အဂၤလိပ္စကားေျပာႏုိင္တယ္။ ကြန္ပ်ဴတာကို က်ြမ္းက်ြမး္က်င္က်င္သံုးႏုိင္တယ္။ အလုပ္နဲ႔ပတ္သက္တဲ႔ေဆာ့ဖ္၀ဲေတြကို သူေကာငး္ေကာင္းကိုင္တြယ္ႏုိင္တယ္။ အလုပ္ကို တိတိက်က် လုပ္ႏိုင္တယ္။ သို့ေသာ္ သူလစာေတာ့မေကာင္းဘူး။ပထမ အလုပ္မွာ ႏွစ္လေလာက္လုပ္ၿပီးခ်ိန္မွာ အနီးအနားမွာရွိတဲ့ ကုမၸဏီတစ္ခုရဲ႔ ကမ္းလွမ္းျခင္းကုိ ခံခဲ့ရတယ္။ လစာလည္းတုိး၊ ရာထူးအဆင့္လည္းတိုးၿပီး ေခၚယူခဲ့တယ္။ခုဆိုရင္သူ႔ကို ကုမၸဏီရဲ႔ လုပ္ငန္းခြဲရွိတဲ႔ေနရာကို တာ၀န္ခံတစ္ဦးအေနနဲ႔ ေစလႊတ္ေတာ့မယ္လို႔ သိရပါတယ္။ ဒါျဖစ္ရပ္မွန္ပါ။ ေကာင္ေလးက ဘြဲ႔ရတယ္။ အဆင့္မေကာင္းဘူး။ ဒါေပမယ့္ သူ႔မွာအရည္အခ်င္း ရွိတဲ့အခါ ဒုတိယအလုပ္ရွင္က လစာတုိးေပးၿပီးေခၚခဲ့တယ္။ သတိျပဳရမွာက ဒုတိယအလုပ္ရွင္ကေကာင္ေလးကုိ အလုပ္ကမ္းလွမ္းစဥ္မွာ သူ႔ရဲ႔ေက်ာင္းတုန္းက အဆင့္ကို မေမးခဲ့တာပါပဲ။
လူငယ္ေတြဒီအခ်က္ေလးကို ေကာင္းေကာင္းသိေစခ်င္ပါတယ္။ “ပထမအလုပ္မွာ ကိုယ့္ရဲ႕ရမွတ္ေတြ အေမးခံခ်င္ခံရလိမ့္မယ္။ ဒုတိယအလုပ္ေခၚစာေတြမွာေတာ့ ကိုယ့္အမွတ္ထက္ ကိုယ္ဘာေတြလုပ္ျပ ႏုိင္လဲဆုိတာ ကိုပဲအေလးထားၾကပါလိမ့္မယ္”။
ဘြဲ႔လက္မွတ္ရယူဖို႔ဆုိတာကိုပဲ အာရံုမထားပါနဲ႔။ တကယ္နားလည္ေအာင္သင္ယူပါ။ ျဖန္႔ၾကက္ပါ။ အလုပ္ေပၚမွာေစတနာထားပါ။ အထက္လူႀကီးက အားကိုးစိတ္ခ်ရတဲ႔လူျဖစ္ေအာင္ႀကိဳးစားပါ။ ရိုးသားေျဖာင့္မတ္ပါ။ ဒါဆုိရင္မေအာင္ျမင္ပါနဲ႕လုိ႔ေတာင္တားလုိ႔ မရေတာ့ပါဘူး။ ေအာင္ျမင္မွဳက မလြဲမေသြကို ေရာက္ရွိလာမွာ ဧကန္မုခ်ပါ။
Credit;ေနသစ္
Source; Myanmar-Network
Unicode Version
လူငယ်အချို့ရဲ့စိတ်ထဲမှာ ဘွဲ့လက်မှတ်နဲ့ကိုယ်ကအရည်အချင်း နှစ်ခုယှဉ်တွေးကြည့်လာရင် ဘယ်ဟာ ပိုအရေးကြီးလဲဆိုတာ ဝေခွဲရခက်လာပါတယ်။ အလုပ်ရှင်တွေရဲ့ အလုပ်ခေါ်စာ အများစုမှာက အနည်းဆုံး ဘွဲ့ရဖြစ်ရမည်ဆိုတာက ပါလာတာကိုး။ ဘွဲ့မရတဲ့လူငယ်တွေက ဒါမှမဟုတ်မဟာဘွဲ့မရလို့၊ ကျောင်းကောင်း ကောင်းက ဘွဲပမရခဲ့လို့ဆိုပြီး စိတ်ညစ်နေတဲ့ လူငယ်တွေအတွက် ဒီစာကိုရေးပါတယ်။
ဘွဲ့လက်မှတ်တစ်စောင်ဟာ ကိုယ့်အတွက် အာမခံချက်လား
ဟုတ်ကဲ့။ အာမခံချက်ပါ။ အလုပ်ရဖို့အတွက် အာမခံချက်ပါ။ လူအများစုတွေးလေ့ရှိတာက အသက်မွေးဝမ်း ကျောင်း ဘွဲ့လက်မှတ် ကောင်းကောင်းတစ်ခု ရထားရင် ငါတော့အဆင်ပြေပြီလို့ တွေးလေ့ရှိပါတယ်။ အဲ့ဒီ လိုလည်း မဟုတ်သေးပါဘူး။ ဘွဲ့လက်မှတ်ရှိတာကောင်းပါတယ်။ ဘွဲ့လက်မှတ်ဆိုတာအလုပ်ရဖို့အတွက် အသုံးဝင်ပါတယ်။ အလုပ်မှာအောင်မြင်ဖို့အတွက် အသုံးမဝင်ပါဘူး။ ကုန်ကုန်ပြောရရင် တက္ကသိုလ် ကျောင်းဆင်းတုန်းက ရလာတဲ့အမှတ်တွေကတောင် အလုပ်မှာ အောင်မြင်ဖို့ သိပ်ပြီးတော့ အကျိုးမပြုလှပါဘူး။ အဆင့်မကောင်းတဲ့ လူငယ်တွေကိုအားပေးချင်တာက စာမေးပွဲတွေမှာ အဆင့်ကောင်းဖို့ဆိုတာ မခက်လှပါဘူး။ တနေကုန် စာထိုင်ကျက်ပြီး အလွတ်ရတာတွေကို ၏ သည်မလွဲ ပြန်ရေးနိုင်ရင် သေချာပေါက် အဆင့်ကောင်း ပါတယ်။မဟာတန်းကို အေးအေးဆေးဆေး ၀င်နိုင်တာပေါ့။
နောက်တစ်ခုက ခလေးတွေ၊ လူငယ်တွေ အများစု အားငယ်လေ့ရှိတာ သူတို့ရဲ့အဆင့်တွေကြောင့်ပါ။ စဉ်းစားကြည့်ပါ။ စာသင်ခန်းတစ်ခုထဲမှာ လူ၄၀ရှိတယ်ဆိုပါစို့။ ဒီအတန်းထဲက လူငယ်တွေ အပြိုင်အဆိုင် ကြိုးစားကြမယ်။ အားလုံးဟာ လူတော်တွေချည်းပဲ။ Aအဆင့်တွေချည်းပဲဆိုပါစို့။ ဒီတော့ စာမေးပွဲတစ်ခု ဖြေတိုင်းဖြေတိုင်းမှာ လူ၄၀ထဲက တစ်ယောက်ကတော့ နောက်ဆုံးအဆင့်ကို ရကိုရမှာပဲ။ ဘာလို့လဲဆိုတော့ သတ်မှတ်ချက်ရှိပြီးသားလေ။ ရမှတ်အလိုက် ၁ကနေတန်းစီရေတွက်သွားရင် အနည်းဆုံးရမှတ်က နောက်ဆုံးအဆင့်ပါပဲ။ ဒါဆို အဆင့်ဘိတ်ဆုံးမှာ ရတာနဲ့ သူည့ံသွားပြီလား။ ကိုယ့်သားသမီးတွေကို အခန်းထဲမှာ အဆင့်တစ်မှ တစ်ဆိုတဲ့ မိဘတွေ နည်းနည်းတော့ စဉ်းစားသင့်ပါတယ်။
ပြောချင်တာကတော့ ဘွဲ့လက်မှတ်တွေရှိလို့ အလုပ်ရလာပြီ။ ဒါပေမဲ့ ကိုယ်ကြိုးစားမှ ကိုယ်တိုးတက်မှာပါ။ တကယ်ကျွမ်းကျင်မှုမရှိဘူး။ မကြိုးစားဘူးဆိုရင်အလုပ်မှာ အမှားအယွင်းတွေဖြစ်ပြီး အလုပ်တောင် ဖြုတ်ခံရနိုင်ပါတယ်။
အရည်အချင်းဆိုတာ
အရည်အချင်းဆိုတာ အဓိပ္ပာယ်ဖွင့်ရင် ဆုံးမှာမဟုတ်ပါဘူး။ အလွယ်ကူဆုံးပြောရမယ်ဆိုရင် အလုပ်ကို ကျွမး်ကျွမ်းကျင်ကျင် သေသေသပ်သပ်အောင်မြင် ပြီးမြောက်အောင်လုပ်နိုင်ရင် အဲ့ဒါအရည်အချင်းပါပဲ။ အလုပ်ကို ကျွမ်းကျင်ပြီးမြောက်အောင် လုပ်နိုင်ဖို့ရာအတွက် ကျွမ်းကျင်လိမ္မာမှုဆိုတဲ့ (skill)တွေ လိုအပ်တယ်။ အဲ့ဒီSkillတွေရလာဖို့အတွက် လေ့ကျင့်မှု၊ ကြိုးပမ်းအားထုတ်မှုဆိုတဲ့ (Practice)လိုပါတယ်။ တကယ် ကြိုးပမ်းအားထုတ်ဖို့အတွက် ကြိုးပမ်းအားထုတ်ချင်စိတ် (Desire) လိုအပ်ပါတယ်။ ကြိုးပမ်းအားထုတ် ချင်စိတ်ရှိမရှိဆိုတာကတော့ လူ(Men)ပေါ်မှာပဲ လိုအပ်ပါတော့တယ်။
Men……Desire…..Practice…..Skill….Action….Work Done(Finish)
ဒါ့ကြောင့်မို့လို့လည်း Project Management တွေမှာအဓိကထားပြီး စဉ်းစားတာ လူဖြစ်ပါတယ်။
ကျွန်တော်တွေ့ဖူးတဲ့ လူတစ်ယောက်ဆိုရင် သူဘွဲ့ရလာတော့ အဆင့်မကောင်းဘူး။ သူက တက္ကသိုလ် တက်လာတဲ့ တစ်လျှောက်မှာ သူစိတ်ဝင်စားတဲ့ စာတွေပဲ ဖတ်နေခဲ့သူဖြစ်တယ်။ သူ့အတွက် လိုအပ်မယ် ထင်တဲ့ သင်ခန်းစာတွေကိုပဲ သင်ယူတဲ့သူမျိုးဖြစ်ပြီးတော့ စာကိုအလွတ်ကျက်ပြန်ရေးရတာကို မုန်းတဲ့သူ တစ်ယောက်ပါ။ အလုပ်လျှောက်တော့ ကံအားလျှော်စွာ အလုပ်တစ်ခုရခဲ့တယ်။ သူ့ရဲ့အဆင့်အတွက် အလုပ်ရှင်က သိပ်တော့အထင်မကြီးဘူးပေါ့။ ဒါပေမယ့် သူ့မှာအလုပ်ကိုအောင်မြင်ချင်တဲ့ စိတ်ရှိတယ်။ ဒီလိုအောင်မြင်ချင်တဲ့ အတွက် အလုပ်ကို တာဝန်ကျေအောင်ကြိုးစားတယ်။ နောက်တစ်ခုက သူ့မှာ skillတွေရှိတယ်။ အင်္ဂလိပ်စကားပြောနိုင်တယ်။ ကွန်ပျူတာကို ကျွမ်းကျွမး်ကျင်ကျင်သုံးနိုင်တယ်။ အလုပ်နဲ့ပတ်သက်တဲ့ဆော့ဖ်ဝဲတွေကို သူကောငး်ကောင်းကိုင်တွယ်နိုင်တယ်။ အလုပ်ကို တိတိကျကျ လုပ်နိုင်တယ်။ သို့သော် သူလစာတော့မကောင်းဘူး။ပထမ အလုပ်မှာ နှစ်လလောက်လုပ်ပြီးချိန်မှာ အနီးအနားမှာရှိတဲ့ ကုမ္ပဏီတစ်ခုရဲ့ ကမ်းလှမ်းခြင်းကို ခံခဲ့ရတယ်။ လစာလည်းတိုး၊ ရာထူးအဆင့်လည်းတိုးပြီး ခေါ်ယူခဲ့တယ်။ခုဆိုရင်သူ့ကို ကုမ္ပဏီရဲ့ လုပ်ငန်းခွဲရှိတဲ့နေရာကို တာဝန်ခံတစ်ဦးအနေနဲ့ စေလွှတ်တော့မယ်လို့ သိရပါတယ်။ ဒါဖြစ်ရပ်မှန်ပါ။ ကောင်လေးက ဘွဲ့ရတယ်။ အဆင့်မကောင်းဘူး။ ဒါပေမယ့် သူ့မှာအရည်အချင်း ရှိတဲ့အခါ ဒုတိယအလုပ်ရှင်က လစာတိုးပေးပြီးခေါ်ခဲ့တယ်။ သတိပြုရမှာက ဒုတိယအလုပ်ရှင်ကကောင်လေးကို အလုပ်ကမ်းလှမ်းစဉ်မှာ သူ့ရဲ့ကျောင်းတုန်းက အဆင့်ကို မမေးခဲ့တာပါပဲ။
လူငယ်တွေဒီအချက်လေးကို ကောင်းကောင်းသိစေချင်ပါတယ်။ “ပထမအလုပ်မှာ ကိုယ့်ရဲ့ရမှတ်တွေ အမေးခံချင်ခံရလိမ့်မယ်။ ဒုတိယအလုပ်ခေါ်စာတွေမှာတော့ ကိုယ့်အမှတ်ထက် ကိုယ်ဘာတွေလုပ်ပြ နိုင်လဲဆိုတာ ကိုပဲအလေးထားကြပါလိမ့်မယ်”။
ဘွဲ့လက်မှတ်ရယူဖို့ဆိုတာကိုပဲ အာရုံမထားပါနဲ့။ တကယ်နားလည်အောင်သင်ယူပါ။ ဖြန့်ကြက်ပါ။ အလုပ်ပေါ်မှာစေတနာထားပါ။ အထက်လူကြီးက အားကိုးစိတ်ချရတဲ့လူဖြစ်အောင်ကြိုးစားပါ။ ရိုးသားဖြောင့်မတ်ပါ။ ဒါဆိုရင်မအောင်မြင်ပါနဲ့လို့တောင်တားလို့ မရတော့ပါဘူး။ အောင်မြင်မှုက မလွဲမသွေကို ရောက်ရှိလာမှာ ဧကန်မုချပါ။
Credit;နေသစ်
Source; Myanmar-Network