-->
×

Warning

JUser: :_load: Unable to load user with ID: 29


လူများတိုင်း ပွဲမစည်တဲ့ ကြော်ငြာအေဂျင်စီလောက

ကြော်ငြာကမ်ပိန်း အများစုက သိပ်ရှုပ်ထွေးပါတယ်။ လုပ်စရာတွေက တစ်ပုံတစ်ပင်၊ အမှုဆောင်တစ်သိုက်ရဲ့ တစ်ယောက်တစ်မျိုးအမြင်တွေကိုလည်း

ညှိရနှိုင်းရတယ်။ အဲ့ဒါတွေအကုန် လျှောက်လုပ်နေရတာနဲ့တင် ဘာအလုပ်မှမဖြစ်တော့။


ရုပ်မြင်သံကြားတွေနဲ့ အခြားကြော်ငြာတွေဟာ ကော်မတီဖွဲ့ပြီး လူအများရဲ့အားထုတ်မှုလို့ ထင်ရပါတယ်။ ကျွန်တော့်အတွေ့အကြုံအရတော့၊ လူများတာက ဝေဖန်လေကန်ပဲ၊ ဝိုင်းကူကြတာမဟုတ်ဘူး။


“ ခင်ဗျားတို့မြို့က ပန်းခြံတွေကို ကြည့်လေ၊ ကော်မတီ (လူစု) ရုပ်ထုများ ရှိလားလို့ ” အေဂျင်စီတွေမှာ ကော်မတီဖွဲ့ပြီး ကမ်ပိန်းတွေ ဖန်တီးဖို့ နည်းလမ်းလည်းရှိပါတယ်။ ဒါကို Teamwork လို့ ခေါ်ပါတယ်။ ဘယ်သူက Teamwork နဲ့ပတ်သက်လို့ ငြင်းချက် ထုတ်နိုင်မလဲ။


ကြော်ငြာလုပ်ငန်းကမ်ပိန်းရဲ့ထုတ်လုပ်ရေး လုပ်ငန်းစဉ်တွေက ခရုသွားသလို တဖြေးဖြေးခြင်း သွားတယ်။ နည်းဗျူဟာနဲ့ ပတ်သက်တဲ့ ခေါင်းစဉ်တွေက အလုပ်အပ်နှံတဲ့ ကုမ္ပဏီဖက်က Brand မန်နေဂျာနဲ့ အေဂျင်စီဖက်က Accout Executive တို့ ကော်မတီဖွဲ့ပြီး ငြင်းကြခုန်ကြတာ ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းငယ်များကို လုပ်ငန်းဖွံ့ဖြိုးရေးဆိုင်ရာ အကြံဥာဏ်များ အခမဲ့ ပေးမည်

 


တတ်နိုင်သလောက်ထိ ကြာကြာ ငြင်းရခုန်ရစေဖို့၊ စိတ်ပါဝင်စားစွာ မြုပ်နှံထားတဲ့သူတွေပေါ့။ သူတို့ကတော့ အဲ့ဒီလိုပုံစံနဲ့ အလုပ်လုပ်နေကြတာပါပဲ။ သုတေသနသမားတွေကလည်း အခြေခံမေးခွန်းတွေရဲ့ အဖြေထွက်ဖို့ လနဲ့ချီပြီး အချိန်ယူတယ်။


နောက်ဆုံး စာစီသမားက အလုပ်လုပ်မယ်လည်း ကြံရော၊ brain-storming နဲ့အခြားဟာတွေဖက် ရွာလည်အောင်ပြန်လှည့်ပြီး အချိန် မကြာကြာအောင် လုပ်ကြမယ်။ စာစီသမားတစ်ယောက်က တစ်ပတ်ကို တစ်နာရီလောက် စာစီတဲ့ဖက်လှည့်နိုင်ရင် ကံကောင်းလို့သာမှတ်။


ကိုယ်ဝန်ဆောင်ချိန်ကာလမှာ ခွေးအတွေက ရက် ၁၁၀ ကြာပြီး၊ ဆိတ်တွေကတော့ ၁၅၁ ရက်ကြာတယ်။ အေဂျင်စီလောကမှာ မှာ storyboard အတွက် အလုပ်အပ်သူကုမ္ပဏီဖက်က ရာထူး တစ်ဆင့်ပြီးတစ်ဆင့်မှာ ငြင်းကြခုန်ကြ၊ ပြီးတာနဲ့ အေဂျင်စီဖက်က တစ်ဆင့်ပြီးတစ်ဆင့် ငြင်းကြခုန်ကြပြန်ရော။


ဒီပြဿနာတွေက လွတ်ကင်းခဲ့ရင်တော့ ကြော်ငြာလုပ်ဖြစ်ပြီး သုံးဖြစ်တယ်။ ပျမ်းမျှအားဖြင့် စာစီသမား တစ်ယောက်ဟာ တကယ်ကြော်ငြာဖြစ်တဲ့ ကြော်ငြာ ၃ ခုလောက်သာ တစ်နှစ်မှာ ပြီးစီးတယ်။


Peter Soe Moe ( Ogilvy on Advertising by David Ogilvy )

Myanmar Advertising Directory

Read times
Rate this item
(1 Vote)