-->
×

Warning

JUser: :_load: Unable to load user with ID: 29


Meta ကြော်ငြာဝင်ငွေလျော့ကျပြီး စရိတ်ထောင်းနေ

Meta ကြော်ငြာဝင်ငွေလျော့ကျပြီး စရိတ်ထောင်းနေ

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

ယခုနှစ်အစပိုင်းမှစပြီး Meta ရဲ့ ဘဏ္ဍာရေးအခြေအနေ သိသိသာသာဆိုးရွားလာခဲ့ပါတယ်။

ကုမ္ပဏီ အကြီးအကျယ် ကျဆင်းတာကို မြင်တွေ့ရပါတယ်။

ကုမ္ပဏီဟာ တစ်နှစ်အတွင်းမှာ ၎င်းရတဲ့ အမြတ်ငွေရဲ့ ထက်ဝက်ကျော် (၅၂%) ဆုံးရှုံးခဲ့ပါတယ်။

 Meta အခြေအနေက မျှော်လင့်ချက်မဲ့နေပြီလို့ သုံးသပ်ကြတာကြောင့် ကုမ္ပဏီရဲ့ ရှယ်ယာတွေ ဈေးကျကုန်တဲ့အတွက် ကုမ္ပဏီရဲ့ အကြီးအကဲ Mark Zuckerberg ပိုင်ဆိုင်တဲ့ ရှယ်ယာတွေရဲ့ စုစုပေါင်းတန်ဖိုး ကျဆင်းသွားလို့ Mark Zuckerberg ရဲ့ ချမ်းသာကြွယ်ဝမှုလည်း လျော့ကျနေပါတယ်။

 Meta ရဲ့ ဘဏ္ဍာရေး ရလဒ်များကို ထုတ်ပြန်ကြေညာခဲ့ပြီး နောက်တစ်နေ့  နယူးယောက် စတော့အိပ်ချိန်း ဈေးပိတ်ချိန်မှာ Meta ရဲ့ရှယ်ယာဈေးနှုန်း ၂၀% ကျဆင်းပါတယ်။

 ကုမ္ပဏီက ချွေတာဖို့ ခက်နေတာက metaverse ထဲမှာ Horizon လို့ အမည်ပေးထားတဲ့ လောကတစ်ခုကို Meta က တည်ဆောက်နေတဲ့အတွက် ကုန်ကျစရိတ်‌ေတွ ကြီးမားနေဆဲ ဖြစ်ပါတယ်။ 

 .

အကယ်စင်စစ် ၂၀၂၂ ခုနှစ်စ၍ ယခုအထိ ကာလအတွင်း  Meta ၏ ရှယ်ယာပေါက်ဈေး 

  $338 မှ $129.82 သို့ သိသိသာသာကျဆင်းခဲ့ပါတယ်။ ရာခိုင်နှုန်းအားဖြင့် ၆၁.၇% ကျဆင်းပါတယ်။ ကုမ္ပဏီတန်ဖိုး ကန်ဒေါ်လာ ၂၈၀ ဘီလီယံ ဖြစ်သွားပါတယ်။ ၂၀၁၆ နောက်ပိုင်း အနည်းဆုံး တန်ဖိုး ဖြစ်ပါတယ်။ ရှယ်ယာဈေးနှုန်း ဆက်လက်ကျဆင်းလျက်ရှိရာ $100 အောက်ကို ရောက်ရှိသွားပါလိမ့်မယ်။

.

metaverse မှာ တိုးတက်ဖွံ့ဖြိုးရေး လုပ်ကိုင်နေတဲ့အတွက် အကုန်အကျ ကြီးမားနေပြီး နှစ်အတန်ကြာအထိ အမြတ်ရဖို့ လမ်းမမြင်သေးပါ။

Facebook ကလည်း အခြေအနေ ကျဆင်းနေပါတယ်။ Facebook သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် သုံးစွဲသူ တစ်သန်း လျော့နည်းသွားတာကို ပထမ ၃လပတ်မှာ ကြုံခဲ့ပါတယ်။

နောက်ဆုံးသုံးလပတ်တွင် Meta ဝင်ငွေသည် ထက်ဝက်ကျဆင်းသွားခဲ့ပါတယ်။ လုပ်ငန်း လည်ပတ်ငွေသား စီးဆင်းမှုမှာ ပို၍ပင်ကျဆင်းသွားခဲ့ပါတယ်။

Meta ဝင်ငွေကို အဓိကအားဖြင့်  ကြော်ငြာရောင်းချခြင်းမှ ရရှိပါတယ်။ ကြော်ငြာဝင်ငွေ ကျဆင်းနေတဲ့အတွက် Meta ဝင်ငွေ ကျဆင်းပါတယ်။

ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ဝင်ငွေ ၄% ကျဆင်းခဲ့ပြီး အသုံးစရိတ်က ၁၉% ပိုများခဲ့ပါတယ်။ 

ကုမ္ပဏီ ကြွေးမြီပေးဆပ်ရန်၊ ရှယ်ယာပိုင်ရှင်များ အပါအဝင် ရင်းနှီးမြှုပ်နှံထားသူများကို အမြတ်ဝေစု ပေးရန်၊ အတိုးပေးရန် ငွေ Free cash flow (FCF) ပမာဏ ယမန်နှစ်မှာ ကန်ဒေါ်လာ ၉.၆ ဘီလီယံ ရှိခဲ့ရာမှ ယခုအခါ ကန်ဒေါ်လာ ၁၇၃ သန်းမျှသာ ရှိပါတော့တယ်။

Source market watch

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)