-->
×

Warning

JUser: :_load: Unable to load user with ID: 29


Billboard ကြော်ငြာများရဲ့နောက်ကွယ် ; ( Outdoor Advertising ရဲ့ ပြောင်းလဲလာခြင်း )


 





 


 


 



 






 









 

(Unciode)

=======

Billboard ကြော်ငြာများရဲ့နောက်ကွယ် ; ( Outdoor Advertising ရဲ့ ပြောင်းလဲလာခြင်း )

 

ကြော်ငြာ စာရွက် ပုံစံ အကြီးစား ဖြစ်တဲ့ Billboard တွေက ပရိသတ် ထောင်သောင်း မက သူ့ တည်ရှိတဲ့ နေရာ ပေါ်မှာ မူတည်ပြီး မြင်တွေ့ တယ်လို့ ထင်ပါသလား ? ထို သမားရိုးကျ ကြော်ငြာ Billboard တွေ က သင့် Billboard ကို လူဘယ်နှစ်ယောက် ကြည့်သွား လဲ မြင်ပြီး သွား ပြီဆိုတာကို တိုင်းတာ လို့ မရနိုင်သလိုသိလည်း မသိနိုင်ပါဘူး။

 

သို့ ပေမဲ့ တိုးတက်လာတဲ့ နည်းပညာ အရ နည်းပညာနဲ့ ဖန်တီးထားတဲ့ Billboard တွေကို လူတွေစိတ်ဝင်စားစေဖို့ သတိထားမိစေဖို့ကား လွယ်ကူစေပါလိမ့်မယ် ထို အချင်းအရာ များကြောင့် ကြော်ငြာ ဖို့ စိတ်ကူးကြမဲ့ လုပ်ငန်းရှင်တွေရှိပါလိမ့်မယ် ထိုအကြောင်း အရာ တွေကို ဈေးကွက်မြှင့်တင်ရေး သမားတွေနားထဲ မရောက်ပဲ မနေပါဘူး။

 

Outdoor မှ OOH (Out Of Home) သို့ သိထား သင့်တာက ; ယခင်က “outdoor” advertising ဆို လွယ်ကူစွာ ခေါ်ဆိုခဲ့ရမှ ယခု အခါမှာ (OOH) advertising ဆိုကာ အမည် ပြောင်း လဲ ခေါ်ဆိုချင်းပါ။ဘာလို့ Billboard တွေကို (Out Of Home ) ထဲ ထည့် ထားတာလဲ အဖြေကရှင်း ပါတယ် Billboard တွေဟာ များသော အားဖြင့် အပြင်ဘက် လမ်းမ ပေါ် မှာ ၊ အဆောက်အအုံ တွေရဲ့ ဘေးနံရံ့ တွေမှာ ၊ ဘတ်စကား မှတ်တိုင်တွေပေါ်မှာ ၊ လေဆိပ်မှာ ၊ ရှော့ပမ်းစင်တာတွေမှာ ၊ ရုပ်ရှင်ရုံတွေမှာ တည်ရှိတဲ့ အတွက်ကြောင့် ထိုသို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။

 

OOH Advertising ပြောရရင် ဟိုင်းဝေးလမ်းမပေါ်က ကြော်ငြာ ကြီး တွေ ရော ပန်းခြံ ထဲက ကြော်ငြာ ကြီး တွေနဲ့ ပါပတ်သက်ပြီးပြော ရမှာပါ။ ပြောရမယ်ဆိုရရင်တော့ သင်လိုချင်တဲ့ ပရိသတ် ရ ဖို့ဆို နေရာ ဒေသကလည်း လိုအပ်တယ်။သင်လိုချင်တဲ့ ပရိသတ်ရဖို့ ဆို သူတို့ရှိတဲ့ နေရာတွေမှာ သင့်ဘက်ကကြော်ငြာ ဖို့လိုတာပေါ့။သင့် Brand ကို လူတွေသိဖို့ ဆိုရင်သင့် အနေနဲ့ Plan ကျကျ ထိုးဖောက်ဖို့ အကောင်းဆုံးပေါ့။

 

သင့် Brand အပေါ်လူတွေ စိတ်ဝင်စားရာကနေ ပိုမိုကောင်းမွန်တဲ့ အနေအထားရောက်အောင်ဘယ်လိုဆွဲဆောင်မလဲ အကယ်၍ ကျွန်တော်တို့ အနေနဲ့ သမားရိုးကျ Billboard ကြော်ငြာ ခြင်း ကို ဆန်းစစ်မယ်ဆို Dr . Pepper's ရဲ့ “A taste that’s One of a Kind” Billboard ကြီးကို လစ်လှူ ရှု လို့ ရနိုင်မယ်မထင်ဘူး။

 

ကျွန်တော်တို့ တွေက ကျွန်တော်တို့ Brand ကို စိတ်ဝင်စားဖို့ အတိုင်းအတာ တစ်ခုအထိတည်ဆောက်မယ်လို့ တွေးမိမှာပဲ အဲ့ အခါ က တရားဝင် ဖြစ်တဲ့ Billboard မျိုး ဆိုပိုပြီး အဆင်ပြေ စေတာ ပေါ့။ ဒါ့အပြင် ထို ကြော်ငြာ တွေက အချက်အလက်စုံ မယ် ဆိုပို လို့တောင်ကောင်းသေးတယ်။

အဲ့လိုကြော်ငြာ တွေက အတော်လေး ထိရောက်မှု့ ရှိတယ် , ဒါပေမဲ့ ကြော်ငြာ ရှင်တွေကြားမှာတော့ သိပ်ခေတ်စားစေမှာ မဟုတ်ဘူး , ဒီ ၂၀၁၆ ခုနှစ် Nielsen ရဲ့ ထွက်ရှိထားဖူးတဲ့ စစ်တမ်း အရပေါ့ :

* အမေရိက မှာ ဆိုရင် အသက် ၁၆ နှစ်နဲ့ အထက် လူတစ်စု ကို ပြီးခဲ့ တဲ့ အပတ်က လမ်းမပေါ်မှာ ရှိတဲ့ အမျိုးအစားပေါင်းစုံ ကြော်ငြာ များကို သတိထားမိလားလို့ မေးတဲ့ အချိန်မှာ ၉၁ ရာခိုင်နှုန်းက သတိထားမိပါတယ်တဲ့ ၊

* ၈၀ ရာခိုင်နှုန်း က ပြီးခဲ့တဲ့ လက တွေ့တဲ့ Billboard တွေကို သတိထားမိပါတယ်တဲ့ ၊

* ၅၉ ရာခိုင်နှုန်းက ဒီဂျစ်တယ် Billboard တွေကို သတိထားမိပါတယ်တဲ့ ၊

* ၈၂ ရာခိုင်နှုန်း အဆိုပါ Billboard တွေကို ကြည့်ကြတဲ့ လူတွေဟာ ထိုကြော်ငြာ မှ ပေးတဲ့ message ကို သိရှိပါတယ်တဲ့။

 

ကောင်းပါတယ် ၊ ဒါပေမဲ့ Didital Advertising က အဆိုပါ Out Of Home Advertisng လောက် နာမည် brand ကို လူသိဖို့ မလွယ်ကူစေပါဘူး ။ Nielsen ရဲ့ စစ်တမ်းအရ OOH advertising ကို ကြည်ရှုတဲ့ လူတွေရဲ့ ကြောငြာကြည့်ပြီးသွားရင် ပြုမှုတဲ့ အရာတွေကို လေ့လာလိုက်တဲ့အခါမှာ :

၃၅ ရာခိုင်နှုန်းက သူတို့ရဲ့ ဖုန်းတွေကနေ ကြော်ငြာတွေ အချက်အလတ်တွေကို ရှာဖွေတာ တွေ့ရပါတယ်။

၂၃ ရာခိုင်နှုန်းက ကြော်ငြာတွေမှာ QR ကုပ်လို့ခေါ်တဲ့ Scan ဖတ်နည်းဖြင့် ကြော်ငြာတွေ အချက်အလတ်ကို ရှာဖွေတာကို တွေ့ရပါတယ်။

၂၂ ရာခိုင်နှုန်းက သူတို့ရဲ့ ဖုန်းတွေကနေ ကူပွန် နဲ့ Discount တွေကို ရယူတာ တွေ့ရပါတယ်။

၂၂ ရာခိုင်နှုန်းက ဖုန်းတွေကနေတဆင့် ကြော်ငြာရှင်တွေရဲ့ ဝဘ်ဆိုက်စ် တွေကို ဝင်ရောက်လေ့လာတာတွေ့ရပါတယ်။

၁၆ ရာခိုင်နှုန်းက ကြော်ငြာလုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းလိပ်စာ ဒီဒေးအတိအကျ ဖုန်းထဲကနေတဆင့်ရှာဖွေပြီး လူကိုယ်တိုင်သွားရောက်တာကို သိရပါတယ်။

၁၄ ရာခိုင်နှုန်းက ကြော်ငြာတွေကို သူတို့ရဲ့ ဖုန်းတွေနဲ့ ရုပ်ပြောင်ဓာတ်ပုံ ရိုက်ကူးတာကို သိရပါတယ်။

ယခုတိုင်းတာချက်တွေကတော့ အမေရိကန်နိုင်ငံရဲ့ ပြင်ပကြော်ငြာရေးဆိုင်ရာ ပညာရှင်များအသင်းက ထုတ်ပြန်ကြော်ငြာထားတာဖြစ်ပါတယ်။

Read times
Rate this item
(0 votes)