-->
×

Warning

JUser: :_load: Unable to load user with ID: 29


ရေဒီယိုမှာ ကြော်ငြာခြင်းရဲ့ အားသာချက်၊ အားနည်းချက်များ

ရေဒီယိုမှာ ကြော်ငြာခြင်းရဲ့ အားသာချက်၊ အားနည်းချက်များ google

ရေဒီယို ဟာ ကြော်ငြာရှင်တွေနဲ့ အခြေခံလူလတ်တန်းစားတွေကို ဆက်သွယ်ပေးတဲ့ ကြော်ငြာချယ်နယ်တစ်ခု ဖြစ်ပါတယ်။

ရေဒီယို Advertising ဟာဆိုရင် သင့်ရဲ့ ကြော်ငြာကို အချိန်တိုအတွင်းမှာ လူတွေ အများကြီးဆီကို ရောက်ရှိစေနိုင်ပါတယ်။

အိန္ဒိယနိုင်ငံမှာဆိုရင် စက္ကန့် ၃၀ အတွင်းမှာ ရေဒီယိုကြော်ငြာအပိုင်း ၇ ခုကနေ ၂၀ အထိ ရောင်းချနေရပါတယ်။ ရေဒီယိုကြော်ငြာဟာ တခြား ကြော်ငြာချယ်နယ်တွေထက် ကုန်ကျစရိတ် သက်သာစေတဲ့ အပြင် လူလတ်တန်းစား မရွေးဆီ ပျံ့နှံ့စေနိုင်ပါတယ်။

သင့်လုပ်ငန်းကိုလည်း ရေဒီယိုမှာ ကြော်ငြာထည့်ချင်တယ်ဆိုရင်တော့ သိထားရမယ့် အချက်တွေ ရှိပါတယ်။ အောက်မှာ ရေဒီယိုမှာ ကြော်ငြာခြင်းရဲ့ အားသာချက်၊ အားနည်းချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။


ရေဒီယိုမှာ ကြော်ငြာခြင်းရဲ့ အားသာချက်တွေကတော့...

၁။ ဝေးလံခေါင်းပါးတဲ့ တောရွာဒေသတွေထိ ပျံ့နှံ့စေနိုင်တယ်။
၂။ တီဗွီမကြည့်နိုင်တဲ့ အခြေခံ လူလတ်တန်းစားတွေဆီ ရောက်စေနိုင်တယ်။
၃။ အသံကို နားထောင်ပြီး ကြော်ငြာအကြောင်းကို စိတ်ကူးပုံဖော်နိုင်တယ်။
၎။ ကြော်ငြာစရိတ် ပိုသက်သာတယ်။
၅။ လူလတ်တန်းစားတွေကို Tagret ထားတဲ့ Product ဒါမှမဟုတ် Service ဖြစ်တယ်ဆိုရင် ရေဒီယိုမှာ ကြော်ငြာတာဟာ သင့်တော် ကောင်းမွန်တယ်။

အသက် ၁၇ နှစ်နဲ့ Google ကို တည်ထောင်ခဲ့သူ Larry Page


ရေဒီယိုမှာ ကြော်ငြာခြင်းရဲ့ အားနည်းချက်တွေကတော့...

၁။ မိမိရဲ့ Product ဒါမှမဟုတ် Service ကို Customer တွေ တိုက်ရိုက် မမြင်တွေ့နိုင်ခြင်း။
၂။ အချိန် အကန့်အသတ်ဖြင့်သာ ကြော်ငြာလို့ရခြင်း။
၃။ Specific Target ထားလို့မရခြင်း၊ Audience ရွေးချယ်လို့မရခြင်း။
၎။ သတင်းအချက်လက်တွေကို တိတိကျကျ အသုံးမချနိုင်ခြင်း။
၅။ စကားလုံးတွေ များပြီး ရှုပ်ထွေးခြင်း။

အပေါ်မှာဖော်ပြခဲ့တဲ့ ရေဒီယိုမှာ ကြော်ငြာခြင်းရဲ့ အားသာချက်၊ အားနည်းချက်တွေကို သိထားမယ်ဆိုရင် သင့်လုပ်ငန်းအတွက် ကြော်ငြာထည့်သွင်းဖို့ စဉ်းစားနေတယ်ဆိုရင် အထောက်အကူဖြစ်စေမှာပါ။

သင့်ရဲ့ Product ဒါမှမဟုတ် Service က လူတန်းစားမရွေး၊ နေရာဒေသမရွေး တစ်နိုင်ငံလုံး ၀ယ်ယူ စားသောက် အသုံးပြုလို့ ရနိုင်တယ်ဆိုရင်တော့ ရေဒီယိုကြော်ငြာက တကယ် ထိရောက်စေနိုင်ပါတယ်။


Htet Htet Naing

Myanmar Advertising Directory

Read times
Rate this item
(1 Vote)